spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့အတွင်း စစ်ကောင်စီမှ လေကြောင်း ၉ ကြိမ် အသုံးပြုပြီးတိုက်ခိုက်ခဲ့

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့တွင်း ညနေပိုင်း ၃ နာရီကျော်အချိန်မှာ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်သုံးပြီး လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ဇန်နဝါရီလ ၆ရက်နေ့ကစ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့ မိုင်းလုံး၊ ရွာတန်းရှည်၊ ပန်းကန်း၊ ဒေါဆန်းဘွန်း တစ်ဝိုက်ကို တိုက်လေယာဉ်နှစ်စီးသုံးပြီး လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ အထိနာတဲ့အတွက် ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ထိ တိုက်လေယာဉ် ၆ ကြိမ်၊ ရဟတ်ယာဉ် သုံးကြိမ် အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး KDF က ထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့တွင်း တိုက်ခိုက်ပြီး ဒီးမော့ဆိုလမ်းကြောင်းဘက်ကို ဦးတည်ပျံဝဲသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

spot_img
spot_img