spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့ (၁၁.၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက်နက်ချ အလင်း၀င်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ (၁၁.၁၁) စစ်ဆင်ရေးအတွင်းမှာ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ (၂၅)ရက်နေ့မှာ စစ်ကောင်စီတပ်သား (၁၅)ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့လည်း ထပ်မံ အလင်းဝင်ကြဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေကိုတော့ ဒါ အမြန်ဆုံး လက်နက်ချပြီးတော့ ပြည်သူ နဲ့ ပူးပေါင်းဖို့ပြောချင်တယ်။ ကျနော်တို့ ဒီတော်လှန်ရေးကတော့ အရှိန်မြင့်တက်လာပြီပေါ့။ ဆိုတော့ နှစ်ဦးနှစ်ဖက် မနစ်နာတဲ့ လမ်းကိုရွေးဖို့ ၊ ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ စစ်သားတွေအဖြစ်တဲ့ ရပ်တည်ဖို့ ပြောကြားချင်တယ်။ ဖိတ်ခေါ်ချင်တယ်။ “ လို့ KNDF သတင်းနဲ့ပြန်ကြားရေးတာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

နို၀င်ဘာလ ၁၁ရက်နေ့က စတင်လိုက်တဲ့ (၁၁.၁၁) စစ်ဆင်ရေးကာလအတွင်း လက်ရှိအချိန်အထိ လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားဦး‌ရေ (၆၀) ကျော်ရှိပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း လွိုင်ကော်တက္ကသိုလ်၀န်းမှာ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ပေါင်းစုထံ စစ်ကောင်စီဖက်က တပ်ခွဲမှူး “ကောင်းမြတ်ကို “ ဦးစီးတဲ့ တပ်သား ၃၂ ဦးက လက်နက်ချ အညံ့ခံခဲ့တာလည်းရှိပါတယ်။

လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF ရဲ့ စစ်ဖက်ဆိုင်ရာအက်ဥပဒေ နဲ့ သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပါ အပြည့်အဝပေးထားတယ်လို့ KNDF က ဆိုပါတယ်။

လွိုင်ကော်မြို့တွင်းမှာဆိုရင် လက်ရှိအချိန်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖက်က  မြို့ရဲ့ သုံးပုံ တစ်ပုံ လောက်နီးပါးမှာ စစ်ကောင်စီကို ချေမှုန်းနိုင်ခဲ့ပြီလို့ ၎င်းက ဆက်ပြောပါတယ်။

“ ထိခိုက်မှုက စစ်ကောင်စီဖက်က နှစ်ရာနီးပါးလောက်ရှိပြီလို့ ပြောလို့ရပါတယ်။ စစ်ကောင်စီဖက် သေဆုံးမှုက ၁၅၀ နဲ့ ၂၀၀ ကြားမှာရှိတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။ ကျနော်တို့ဖက်က ထိခိုက်မှုတွေ ရှိတယ်။ ကျဆုံးမှုတွေ ရှိပါတယ်။ အရေအတွက် အသေးစိတ်ကိုတော့ ကျနော်တို့ ပြောလို့မရသေးဘူး။“

လူထုတွေအနေနဲ့လည်း ဆက်လက် အားတင်းထားဖို့နဲ့ လွိုင်ကော်မြို့ကနေ ခေတ္တ စွန့်ခွာတိမ်းရှောင်ပေးကြဖို့လည်း တိုက်တွန်းပြောဆိုထားပါတယ်။ လက်ရှိတော်လှန်ရေး အရှိန်မြင့်နေတဲ့ ကာလမှာလည်း ပြည်သူတွေ ဆက်လက် အားပေးကူညီကြဖို့လည်း တောင်းဆိုထားပါတယ်။

spot_img
spot_img

Recent posts