spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မှာ ဒေသခံတွေဆီက ငွေညစ်မှုနဲ့ လုယူမှုတွေ ကို စစ်ကောင်စီပြုလုပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီဂိတ်တွေမှာ ကိုဖြတ်သန်း သွားလာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီက ငွေညစ်မှုတွေနဲ့ လုယူမှုတွေရှိနေတဲ့အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဖြတ်သွားဖြတ်လာနေတဲ့ ပြည်သူတွေကို စစ်ဆေးတဲ့အခါ ပိုက်ဆံနဲ့ တန်းဖိုးရှိတဲ့ ပစ္စည်းတွေကို တွေ့လျှင် အကြောင်းတစ်ခုခုရှာပြီး ငွေညစ်ကြောင်းနဲ့ ဘာမှ မပါလျှင် အစုအဖွဲ့လိုက် ဝိုင်းထိုးကြိတ်၊ ရိုက်နှက်တာတွေ ပြုလုပ်နေတယ်လို့ စစ်ဆေးမှုမှာ ငွေညစ်ခံရသူတစ်ဦးက ပြောပါတယ်။

“ကျနော်ပြီးခဲ့တဲ့ပတ်က မြေဩဇာဝယ်ဖို့ ရွာကနေ လွိုင်ကော်ကို ပြန်လာတာ အိတ်ထဲမှာ ပိုက်ဆံတွေ့တော့ “မင်းက ထောက်ပို့လုပ်နေတာမို့လား” အဲလိုပြောတယ်လေ။ ပြီးတော့ အကြားကြီးပဲ စစ်တယ်။ စစ်တဲ့အခါလည်း ဆဲဆိုပြီးတော့ ဓားတွေထုတ်ပြပြီး ခြိမ်းခြောက်တယ်။ “နင်တို့ကို အကုန်သတ်လို့ ရတယ်” အဲလိုပြောတယ်။ တစ်နာရီလောက်ကြာတယ်။ ကျနော်က ပိုက်ဆံပါလို့ အထိုးမခံရဘူး။ ပိုက်ဆံ မပါတဲ့သူတွေကိုတော့ ဝိုင်းပြီး ထိုးလည်းထိုး၊ ကန်လည်းကန်တယ်” လို့ စစ်ကောင်စီရဲ့ ငွေညစ်ခံခဲ့ရသူက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရဲ့ စစ်ဆေးမှုခံရတဲ့အချိန်မှာ မိမိအသက်အန္တာရာယ်အတွက် စိုးရိမ်ရသလို ပါလာတဲ့ ပိုက်ဆံတွေ မယူဖို့ တောင်းပန်ပေမယ့် စစ်ကောင်စီက ပိုက်ဆံ ၃ သိန်းကို အတင်းအဓမ္မ လုယူသွားတယ် လို့ ဆိုပါတယ်။

လူသားတစ်ယောက်မှာ မွေးရာပါအခွင့်အရေးဖြစ်တဲ့ သွားလာခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် ၊ လုံခြုံခွင့်ရှိပေမဲ့လည်း စစ်ကောင်စီတပ်တွေ ဒေသခံတွေအပေါ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အတွက် အခြေခံ လူ့အခွင့်အရေး တွေကို တပြိုင်နက် ချိုးဖောက်နေတာဖြစ်ပြီး လက်ရှိစစ်ကောင်စီတပ်ဟာ ဓားပြအဆင့်သာသာရှိတော့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“သူ့(စကစ) လုပ်ရပ်က တပ်တစ်ခုရဲ့ လုပ်ရပ်နဲ့ မတူတော့ဘဲ ဘာနဲ့တူလဲဆိုတော့ ကျနော်တို့ ခေါ်တာက ဓားပြ အဆင့်လောက်ပဲ ကျန်တော့တယ်ပေါ့နော်။ လုယက်၊ခိုး၊ဆိုးတယ် ပုံစံနဲ့ လုပ်တဲ့အတွက်ကြောင့်မို့ လို့ ဒီဟာက အရမ်းဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ ဒီဟာက ဓားပြသာသာပဲ “ လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိကရင်နီပြည်က မြို့နယ် ၇ ခုအနက် လွိုင်ကော်မြို့တခုတည်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားပြီး အစစ်အဆေးတွေ တပ်ကြပ်ထားတာပါ။ သို့ပေမယ့် ပြည်သူတွေကို ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းတွေနဲ့ အုပ်ချုပ်ရေးယန္တာယားတွေကတော့ ပျက်ပျယ်နေပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ခိုးယူ၊ဖောက်ထွင်းမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

spot_img
spot_img

Recent posts