spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅(က) ဖြင့် အကျဉ်းကျခံရသူ (၂၄) ဦးပြန်လည်လွတ်မြောက်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှ ပုဒ်မ ၅၀၅(က)ဖြင့် အကျဉ်းကျခံရသူ (၂၄) ဦး ဒီကနေ့ အောက်တိုဘာလ (၁၉)ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး စစ်ကောင်စီအုပ်စုရဲ့ဖမ်းဆီးခြင်းခံရသူအများစု ဖြစ်ပြီး ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ်ချမှတ် ခံရတဲ့သူတွေ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူများအနက် အမျိုးသား (၂၀ ) နဲ့ အမျိုးသမီး (၄ )ဦး ပါဝင်ပါတယ်။

ပြန်လွတ်လာတဲ့ စာရင်းအရ (၂၄) ဦး ရှိပေမယ့် အမျိုးသားနှစ်ဦးမှာ ၅၀၅ (က) အပြင် အခြားအမှုအတွက် လွိုင်ကော်မြို့နယ်တရားရုံးမှာ ရင်ဆိုင်နေရဆဲဖြစ်တဲ့အတွက် ပြန်လည်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒီကနေ့ ပြန်လည်လွတ်မြောက်လာသူများမှာ အမျိုးသမီးအရေးတက်ကြွလုပ်ရှားသူတွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေ၊ သပိတ်အတွင်း ဖမ်းဆီးခံရသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုမှာပါဝင်ခဲ့ပြီး အရေးယူခံရတဲ့ နိုင်ငံတော်အတွင်း တရားရုံးအသီးသီးမှာ တရားစွဲဆိုခြင်းခံနေရတဲ့သူကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်စေရန်အတွက်လည်းကောင်း တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀) ဦး နဲ့ အကျဉ်းကျခံနေရသူ (၁၃၁၆)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်း စစ်ကောင်စီမှ အောက်တိုဘာလ (၁၈)ရက်နေ့မှာ ကြေညာထားပါတယ်။

ကြေညာချက်ထုတ်ပြန်ပြီးနောက် ယမန်နေ့(အောက်တိုဘာလ ၁၈ရက်) ညနေပိုင်းမှစပြီး နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts