spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အကျဉ်းသား (၅၀၀)ကျော် စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ KPPA ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်အကျဥ်းထောင်မှ အကျဉ်းသားဦးရေ ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာ နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“လက်ရှိသူတို့အတွက် အဓိက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာပေါ့နော်။ နံပါတ်၁ အချက်က စားနပ်ရိက္ခာဖြစ်မယ်။ နံပါတ် ၂ က ကျန်းမာရေး ဝန်ဆောင်မှု ဖြစ်မယ်။ ဒီစစ်ပွဲဖြစ်လိုက်တိုင်း ဒီအကျဉ်းသား တစ်ဦးချင်းစီရဲ့ ရပိုင်ခွင့် က လျှော့နည်းသွားလေ့ရှိတယ်။ ပြီးတော့ ဒီ ပုံမှန်အနေအထားမှာတော့ ကျန်းမာရေး ဝန်ဆောင်မှုက အားနည်းချက် အရမ်းများတဲ့အတွက် အခုလိုအချိန်မှာ ပိုပြီးတော့ လိုအပ်ပါတယ်။” လို့ ကရင်နီနိုင်ငံရေး အကျဉ်းသားများ အစည်းအရုံး (KPPA) ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် နဲ့ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးအနေနဲ့ ကနဦးစုံစမ်းရရှိထားတဲ့အချက်အလက်အရ လွိုင်ကော်အကျဉ်းထောင်တွင်း စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်ချက်များနေတယ်လို့ ဆိုထားပါတယ်။

လွိုင်ကော်မြို့တွင်းတိုက်ပွဲစတင်တဲ့ချိန်ကစပြီး စစ်ကောင်စီတပ်သားနဲ့ လက်အောက်ခံတပ်ဖွဲ့တွေဖြစ်တဲ့ ရဲတပ်သားတွေ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းတွေဟာ လွိုင်ကော်အကျဉ်းထောင်ကို ခံတပ်သဖွယ် အသုံးပြု နေသလို၊ အကျဉ်းသားတွေကိုလည်း ဖိနှိပ်တာတွေပြုလုပ်နေပြီး တိုက်ပွဲအတွင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေရှိလာနိုင်တယ်လို့ KPPA က ဒီဇင်ဘာလ ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီအာဏာသိမ်းကာလအတွင်းမှာ လွိုင်ကော်အကျဉ်းထောင်အတွင်း ကျန်းမာရေး ဝန်ဆောင်မှု အားနည်းတာကြောင့် သေဆုံးသူ ၄ ဦးရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ တိုက်ပွဲတွေကြားမှာ အကျဉ်းထောင်အတွင်း ရိက္ခာနဲ့ ဆေးဝါးတွေပြတ်လပ်မှုကြောင့် အသက်သေဆုံးမှုတွေလည်း ပိုပြီး ဖြစ်လာနိုင်တယ်လို့ အဆိုပါ KPPA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။

နိုဝင်ဘာလ ၁၁ ရက်နေ့မှာ (၁၁.၁၁) စစ်ဆင်ရေး စတင်ပြီးတဲ့နောက် လွိုင်ကော်မြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်ကောင်စီတပ်ကနေ ရမ်းသန်းပစ်ခတ်မှုရှိနေတယ်လို့ သိရပါတယ်။

spot_img

Recent posts