spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရ

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စုက စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၂၄ရက်နေ့ညနေပိုင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အဲဒီစစ်ရှောင်စခန်းကို တိုက်လေယာဉ်နဲ့ ဗုံးသုံးလုံး ပစ်ချတိုက်ခိုက်ခဲ့တယ်လို့ ခူညေးရယ်က ပြောပါတယ်။

“၅နာရီမှာ ဟိုးတစ်နေ့က လွိုင်ကော်ဂွင်မှာ လာပစ်တဲ့နေရာကို ထပ်လာပစ်တယ်။ ဒါပေမယ့် လူမရှိတော့ဘူး။ အဲဒီမှာက တဲအိမ် တွေပြောင်ကုန်ပြီပြောတယ် အဲဒီမှာ သူတို့ ရွာရှောင် တဲတို့ ဘာတို့ အဲဒီလိုမျိုး ယာယီလာလုပ်တဲ့ တဲတွေလေ။ အဲဒီမှာ ထပ်လာပစ်တယ်။ ၅နာရီကနေ ၅နာရီ ၁၅ မိနစ်ပေါ့။ ၁၅ မိနစ်လောက်ကြာတယ်။ အဲဒီမှာ လာပစ်တာက အခုက ဗုံးသီးက သုံးလုံး နောက်ပြီးတော့ စက်သေနတ်တွေက လေပေါ်ကနေ ပစ်ချတယ်။ ” လို့ ခူညေးရယ်က ဇန်နဝါရီ ၂၄ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပြပါတယ်။

လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။

အဲဒီစစ်ရှောင်စခန်းအနီးတစ်ဝိုက်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က စစ်ကောင်စီတပ််ကနေ ပေါင် ၅၀၀ အလေးချိန်ရှိတဲ့ ဗုံးသီးနှစ်လုံးအသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ကနေ လေကြောင်းအသုံးပြုတိုက်ခိုက်မှု မကြာခဏပြုလုပ်နေတာနဲ့ပတ်သက်ပြီး ဝန်ကြီး ခူညေးရယ်က အခုလိုပြောပါတယ်။

“ ကျနော်တို့အမြင်ကတော့ အခုက သူတို့ မြေပြင်အင်အားရှင်းလင်းဖို့ အင်အားသူတို့မှာလည်းမရှိတော့ဘူး။ အင်အားနည်းတာပေါ့။ အခုဆိုရင် သူတို့ဟိုး ရခိုင်ဘက်က ထိုးလာတဲ့ တပ်တွေပါတယ်။ တချို့က ဥပမာ တပ်မ ၇၇ တို့ ဒါပေမယ့် တပ်မတစ်မလုံးတော့ မဟုတ်ဘူးပေါ့နော။ ကျနော်တို့ သိရသလောက်က သူတို့က ဥပမာ နှစ်ရင်း သုံးရင်းလား တစ်ဗျူဟာလား အဲဒီလိုမျိုးပဲ လာကူပြီးတော့မှ သူတို့ဘယ်လိုပြောရမလဲ။ မြေပြင်ရှင်းလင်းမှု သူတို့ မလုပ်နိုင်တော့တဲ့အခါကျတော့ အဲဒီလိုလေကြောင်းနဲ့ပဲဖြစ်ဖြစ်၊ လက်နက်ကြီးနဲ့ အဝေးကနေ ရမ်းသမ်းထုတာပေါ့။ ဆိုတော့ သူတို့ ထင်ချင်သလို သူတို့ အဲဒီလိုပစ်လာတယ်။ နောက်ပြီးတော့မှ ဒီနောက်ပိုင်းမှာ သူတို့ ကျနော်တို့ အမြင်အရဆိုရင် လေကြောင်းတွေက နည်းနည်းစိပ်စိပ် သူတို့ အဲဒီလို ပြုလုပ်လာတာကို တွေ့ရတယ်ပေါ့။ ဥပမာ ဟိုးတစ်နေ့က ၂၀ ရက်နေ့က စခန်းသိမ်းတိုက်ပွဲမှာလည်းသူတို့ လာပစ်တယ်။ နောက်ပြီးတော့မှ အခုက လွိုင်ကော်၊ နောက်ပြီးတော့မှ မနေ့ကဆိုရင် ဒီ ၂၃ရက်နေ့ မနက်ကဆိုရင်လည်း ဟိုးမှာလာပစ်တယ်လေ။ နန်းဟူးတွေလား။ အဲဒီ ဒီးမော့ဆိုဘက်မှာ အဲဒီလိုမျိုးတွေက နည်းနည်းစိပ်လာတယ်လို့ ကျနော်တို့ သုံးသပ်လို့ ရတယ်ပေါ့။ ” လို့ ဝန်ကြီးက ပြောပါတယ်။

ဘောလခဲမြို့ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ မယ်စလောင်းတောင်ကုန်းစခန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ သွားရောက် တိုက်ခိုက်သိမ်းယူတဲ့ ဇန်နဝါရီလ ၂၀ရက််နေ့တိုက်ပွဲအတွင်းမှာလည်း လေကြောင်းသုံးကြိမ်ခန့် အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်းတစ်နေရာထဲကို ဇန်နဝါရီလ ၂၂ရက်နေ့ နဲ့ ၂၄ရက်နေ့မှာ နှစ်ကြိမ်၊ ၂၃ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်က နန်းဟူးတွေကျေးရွာတစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်တာ တစ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ကရင်နီဒေသတွင်းတိုက်ပွဲဖြစ်ပွားရာနေရာတွေကိုသာမက စစ်ရှောင်စခန်းနဲ့ ကျေးရွာအထိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတယ်လို့ ဆိုပါတယ်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) ရဲ့ ဇန်နဝါရီလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှု ၁၈၄ ကြိမ်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts