spot_imgspot_imgspot_imgspot_img
Tuesday, December 3, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ဘေးရှောင်တွေ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်နိုင်ဖို့ မျိုးစေ့လိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေဟာ စိုက်ပျိုးရာသီကာလမှာ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်နိုင်ဖို့ မြေယာရှိပေမယ့် မျိုးစေ့တွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်သူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

စိုက်ပျိုးရာသီကာလမှာ စစ်ဘေးရှောင်အများစုဟာ မျိုးစေ့ တောင်းဆိုမှု များပြားလာတယ်လို့ ဆိုပါတယ်။

“အခုလက်ရှိကတော့ ရောက်တဲ့နေရာမှာ သူတို့ စိုက်စားဖို့အတွက် စိတ်အားထက်သန် နေကြတာတော့ ရှိတယ်။ ဒါပေမဲ့ မျိုးစေ့နဲ့ပတ်သက်ပြီးတော့ မရှိဘူးပေါ့‌နော်။ မျိုးစေ့တို့ မြေသြဇာတို့ မရှိခါကြတော့ သူတို့တွက် အခက်အခဲဖြစ်နေတဲ့ဟာတွေရှိတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။

စိုက်ပျိုးရာသီအတွင်း နေရပ်ပြန်ပြီး တောင်ယာ၊ လယ်ယာ ပြန်လည်စိုက်ပျိုးကြတဲ့ စစ်ဘေးရှောင်တွေရှိသလို တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်။ နေရပ်မပြန်နိုင်တဲ့ စစ်ရှောင်တွေဟာ ဟင်းဖိုး သက်သာအောင် ဟင်းသီးဟင်းရွယ်အနည်းငယ်သာ စိုက်ပျိုးနိုင်ကြတယ်လို့ ဆိုပါတယ်။

“တောင်ယာမရှိတဲ့ လူတွေအတွက်ကတော့ စောနပြောသလိုပေါ့နော် ရောက်တဲ့နေရာ စစ်ရှောင်တဲ့နေရာမှာ လုပ်စားဖို့အတွက် ပြောတာတော့ ရှိတယ် နည်းနည်းပါးပါးပေါ့ ဟင်းဖိုး ကာမိအောင်ပေါ့။ ဟင်း စားဖို့ နည်းနည်းပါးပါး လုပ်စားနိုင်ဖို့ပေါ့နော် တိုက်တွန်းတာရှိတယ် ဒါပေမဲ့ မျိုးစေ့က မရှိပြန်ဘူး”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်တွေ လိုအပ်နေတဲ့ မြေသြဇာ နဲ့ မျိုးစေ့တွေအတွက် အလှူရှင် ရှာပေးနေဆဲဖြစ်ပြီး အနည်းငယ်သာ ရရှိသေးတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိ လွိုင်ကော်အရှေ့ဖက်ခြမ်းမှာ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်တွေ များပြားသလို တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ထပ်မံတိမ်းရှောင်လာသူလည်း ရှိနေပြီး စစ်ဘေးရှောင်ဦးရေ နှစ်သောင်းဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts