spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်အရှေ့ဘက်ခြမ်းမှာ ရေကြီးရေလျှံမှုကြောင့် နှမ်း၊ပြောင်းအပါအဝင် လယ်ဧကပေါင်း ၃၄၀၀ ကျော် ပျက်စီး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့ နယ်အရှေဘက်ခြမ်းမှာ ရေကြီးမှုကြောင့် နှမ်း၊ ပြောင်း အပါအဝင် လယ်ဧကပေါင်း ၃၄၀၀ ကျော်ပျက်ဆီးသွားခဲ့ တယ်လို့ သိရပါတယ်။ အဆိုပါ ပျက်စီးသွားတဲ့ ဧကပေါင်း ၃၄၀၀ ကျော်ဟာ အိမ်ခြေ ပေါင်း ၅၃၀ ကျော်က စိုက်ပျိုးထားတာဖြစ်ပြီး စစ်ရှောင်းရင်း တစ်နိုင်တပိုင် စိုက်ပျိုးထားကြတာပဲ ဖြစ်ပါတယ်။

စစ်ရှောင်ရင်း စားနပ်ရိက္ခာအတွက် ဖူလုံမှုရှိအောင် စိုက်ပျိုးခဲ့ကြတဲ့ ရိက္ခာတွေ ပျက်စီးဆုံးရှုံးကုန်တာကြောင့် ရေရှည်မှာ စိုးရိမ်ပူပန်မှုတွေ ရှိနေကြတယ်လို့ ကယားလီဖုလူငယ်ရဲ့ တာဝန်ရှိသူ မော်လူမြာ က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အခုက သူတို့ရဲ့ အဓိက စိုးရိမ်ချက်က သူတို့ လာမယ့်နှစ်အတွက် စားနပ်ရိက္ခာစုဆောင်းထားတာတွေ ရေကြီးတဲ့အထဲပါကုန်တယ်။ စိုက်ပျိုးထားတဲ့ဟာတွေလည်း ရေကြီးလို့ ပျက်စီးသွားတယ်ဆိုတော့ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး လာမယ့်နှစ်တွေအတွက် သူတို့ စားစရာမရှိတော့မှာကို စိုးရိမ်နေကြတယ်။” လို့ မော်လူမြာက ပြောပါတယ်။

အခုလို ပျက်စီးဆုံးရှုံးသွားတဲ့လူထုတွေအတွက် အကူအညီတွေလိုအပ်နေပြီး ဝိုင်းဝန်းကူညီပေးကြဖို့ သူက ဆက်ပြောပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ လူဦးရေ ၁ သောင်းကျော် နေထိုင်နေကြပြီး ရေလွှမ်းမိုးမှုကို ခံရတဲ့ စစ်ရှောင်စခန်းတစ်ခုနဲ့ ကျေးရွာတစ်ရွာမှာတော့ ပျက်စီးဆုံးရှုံးမှု အများဆုံးနဲ့ ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

spot_img

Recent posts