spot_imgspot_imgspot_imgspot_img
Tuesday, July 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်လင်လေး အရှေ့ဖက်ခြမ်း စစ်ရှောင်ဒေသခံတွေ နေရပ်ပြန်ပစ္စည်းပြန်ယူ

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ လွိုင်လင်အရှေ့ဖက်ခြမ်းက ကျေးရွာတချို့ ဒေသခံတွေ စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှာစိုးရိမ်တဲ့အတွက် ဒီကနေ့(ဒီဇင်ဘာလ ၂၂)မှာ ပစ္စည်းပြန်ယူခဲ့ကြပါတယ်။
ဒီကနေ့ ဒီဇင်ဘာ(၂၂)ရက်မှာ လွိုင်လင်အရှေ့ဖက်ခြမ်းမှာ ရှိတဲ့ ကွန်နားကလိုးခူ၊ ကွန်နား၊ ဝမ်ခိုင်း၊ ဒေါ်တဟေး စတဲ့ ကျေးရွာတွေက ပြည်သူတစ်ချို့က နေအိမ်ပြန်ပြီး ကျန်ရှိတဲ့ ပစ္စည်းတွေကို ပြန်ယူခဲ့ကြပါတယ်။ ဆန်၊ စပါး၊ ရိက္ခာတွေ၊ စောင်တွေ၊ နေအိမ်က သစ်တွေ စတာတွေကိုလည်း ပြန်သယ်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ရက်ကနေ ၂၀ရက်နေ့အထိ ၃ရက်အတွင်း ကွန်နားနဲ့ နောင်လုံကျေးရွာက ဒေသခံနေအိမ် ၂၄လုံးကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့သလို နေအိမ်မွှေနှောက်ရှာဖွေဖျက်ဆီးတာ၊ စပါးကျီ ကိုင်းရှည် ဆိုင်ကယ်အချို့လည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

spot_img