spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဝက်နာကျပြီး ဝက်တွေသေဆုံးတဲ့မှုဖြစ်ပွားနေတဲ့အတွက် ကာကွယ်ဆေးထိုးဖို့လို

Author

Date

Category

အန်ထော်နီ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဝက်နာတွေကျရောဂါတွေဖြစ်ပွားလျက်ရှိရာမှာ ဆေးကုသမှုတွေ ပြုလုပ်ပေမယ့်လည်း သက်သာပျောက်ကင်းလာတာမရှိတဲ့အတွက် ဝက်တွေ သေဆုံးမှုတွေဖြစ်ပွား လျက်ရှိပါတယ်။

ကိုဗစ်ကာလအတွင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှ ာဝက်နာကျပြီးဝက်တွေသေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့အပေါ် ဝက်ရောဂါကာကွယ်ဆေး ၂ မျိုးထိုးကြဖို့ ဒီးမော့ဆိုမြို့နယ်မွေးမြူရေးနှင့် ကုသရေးဌာနမြို့နယ် ဦးစီးမှူးဒေါက်တာနော်ရီစေးဘယ် ကပြောပါတယ်။

“အဲဒါကြောင့်မို့လို့ အကောင်းဆုံးကတော့ ဝက်ပုလိပ်နဲ့ ဝက်ဝမ်းကျ နှစ်ခုစလုံးပုံမှန် ကာကွယ်ဆေးထိုးကြဖို့ ဟောပြောပွဲတွေမှာလည်းကျမတို့ ပြောထားကြတာများတယ်။ ဒါပေမယ့် ဟောပြောပွဲတက် ရောက်တဲ့သူပဲသိမယ်။ မတက်ရောက်တဲ့သူကတော့ မသိဘူးအဲလိုတော့ရှိမယ်။” လို့ ပြောပါတယ်။

ဝက်နာကျပြီး မစာမစားနိုင် လှဲနေတဲ့ ဝက်ကို ဒီးမော့ဆိုမြို့နယ် ဒေါငံရောက်ရွာတွင် မြင်တွေ့ရစဉ်။ (ဓါတ်ပုံ – အန်ထော်နီ)

ကိုဗစ်ကာလဖြစ်နေတဲ့ကာလအတွင်းဝက်နာကျတဲ့ရောဂါဖြစ်ပွားမှုနဲ့ပတ်သက်လို့ လက်ကမ်းစာစောင် ဖြန့်ဝေတဲ့ လုပ်ငန်းတွေကိုသာဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

တဆင့်ပြီးတဆင့် ကူးစက်မှုမခံရအောင် ထိန်းချုပ်တဲ့အနေနဲ့ သေဆုံးသွားတဲ့ဝက်တွေကိုအနည်းဆုံး ၆ ပေအနက် မြေတူးပြီးတော့မှ ပိုးသတ်ဆေး ဖြန်းပြီးမြေမြှပ်သင့်တယ်လို့ ဒေါက်တာနော်ရီစေးဘယ်ကအကြံပြတိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြေဖို့ထားတဲ့ အပေါ်မှာတော့ ရေနံဆီလောင်းပြီးတော့ မီးဖြင့် ထပ်မံရှို့ပေးတာတို့ ပိုးသတ်ဆေးပြန်ဖြန်းတာတို့ လုပ်သင့်တယ်လို့ ထပ်မံတိုက်တွန်းထားပါသေးတယ်။

အိမ်မွေးထားတဲ့ ဝက်တွေကိုလည်းဝက်ခြံတွေကိုထုံးဖြူးပေးပြီး ၊ ဝက်စာကျွေးတဲ့သူကိုလည်းတစ်ယောက်တည်းသီးသန့်ထားရမယ်လို့ ဆိုပါတယ်။

ဒီလိုဝက်နာကျပြီးသေသည့်အထိဖြစ်သည့်ရောဂါကိုမေလပိုင်းပထမပတ်လောက်မှ သိသိသာသာတွေ့ရှိရတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဝက်သေဆုံးမှုအများဆုံးရပ်ကွက်/ကျေးရွာမှာ ဒေါငံရောက်ကျေးရွာဖြစ်ပြီးဒေါငံရောက်ကျေးရွာ အတွင်းသေဆုံးပြီးသွားသောဝက်ကောင်ရည် ခန့်မှန်းခြေ ၁၅၀ ကောင်နှင့် ဖျားနာနေသောဝက် ၄ ကောင်လောက်ရှိတယ်လို့သိရပါတယ်။

အခုလိုဝက်တွေဖျားနာနေချိန် သက်ဆိုင်ရာဆရာဝန်တွေနှင့်ပြသပေမယ့် ပျောက်ကင်းမှုမရှိပဲ ဆက်လက်ကူးစက်နေတယ်လို့ ဒေါငံရောက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝီဇင်းရှို ကပြောပါတယ်။

၎င်းက “ အခုလောလောဆယ်တော့ ၄ ကောင်ပါသွားတယ် ရှိတာက ၄ ကောင် အကုန်လုံးပါသွားတယ် ဘယ်လိုမှမလုပ်ထားဘူးဒီအတိုင်းပဲနေတယ်။တိရိစ္ဆာန်ဆရာဝန်ခေါ်သွားပြတယ်။ပြီးတော့ဆေးထိုးတယ်ပေါ့။ ဆေးထိုးလည်းဘားမှမပျောက်ဘူး” လို့ ပြောပါတယ်။

ရွာတွေမှာဝက်ရောဂါရပြီးမသေဆုံးခင်မှာဝက်အများစုကအစာမစား၊ ဝမ်းလျှော၊ အန် စတဲ့ လက္ခဏာတွေကိုတွေ့ရပြီး ၃ ရက်မှ တစ်ပတ်အတွင်းလဲသေသွားတယ်လို့သိရပါတယ်။

ဒေါငံရောက်ကျေးရွာဆယ်အိမ်မှူး ဦးအန်တောညိုက “ တစ်ချို့လူတွေကသူများဝက်ဖျားတယ်နာတယ်။ ဆိုပြီးတော့မှ ကြိုတင်ကာကွယ်ဆေးထိုးမယ်လို့ပြောပြီးတော့ သူ့ဟာအဖျားတက်သွားတာလည်းရှိတယ် သေသွားတာလည်းရှိတယ် တစ်ချို့လူတွေဆို ၇ ကောင်၊ ၁၀ ကောင်၊ ၁၂ ကောင် အကုန်လုံးသေသွားတာပဲငိုတောင်ငိုတယ် သူတို့ခမျာ” လို့ပြောပါတယ်။

တစ်ချို့ကတော့ မိမိ၏အိမ်နောက်ဖေးမှာပဲတွင်းတူးပြီးမြုပ်လိုက်တာရှိသလိုတစ်ချို့ကတာ့ ရေမြောင်းထဲတွင်စည်းကမ်းမဲ့စွာသွားရောက်စွန့်ပစ်တာလည်းရှိတယ်လို့သိရပါတယ်။

“ ပစ်ထုတ်တဲ့ဟာဆိုလည်းမကောင်းဘူးလေး မကောင်းဘူးဆိုတာက အဲ့ဒါကလည်းဘေးပတ်ဝန်းကျင်ကို ထိခိုက်နိုင်တာပဲလေး။ဆိုးကျိုးပေါ့။ ရေထဲမှာသွားပစ်မယ်ဆိုရင်လည်းသူများကရေကိုသောက်သုံးမိမယ် အဲ့လိုမျိုးခွေးတွေကဆွဲပြီးတော့ သူများအိမ်နားလည်းရောက်လာမယ် ပုတ်စော်နံမယ် ပြီးတော့သူများဟာလည်းပြန်ကူးမယ် အဲ့လိုမျိုးတွေဖြစ်တယ်” လို့ပြောပါတယ်။

ဝက်အသေကောင်တွေကိုစွန့်ပစ်တဲ့ရေမြောင်းကစိုက်ပျိုးရေးတွင်အလွန်အရေးပါပြီးကျေးရွာသူ/သားများလည်း နေ့စဉ်နှင့်အမျှ သောက်သုံးနေကြတယ်လို့သိရပါတယ်။

ယခုလိုဝက်နာကျပြီးသေဆုံးသည့်ရောဂါကိုအဖြေရှာလို့မရသေးဘဲကုသရန်ဆေးလည်းမရှိသေးဘူးလို့သိရပါတယ်။

မဖြစ်ခင်ကြိုတင်ကာကွယ်မှသာလျင် ရောဂါဒဏ်ကိုခံနိုင်မှာဖြစ်တယ်လို့ ဒေါက်တာနော်ရီစေးဘယ်။

ယခုအခါမှာတော့ ကူးစက်တတ်တဲ့ ဝက်နာကျရောဂါဟာ ဒေါငံရောက်တစ်ရွာတည်းမဟုတ်တော့ပဲဒီးမောဆိုမြိုနယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်လည်းကူးစက်နေပြီး ကြိုတင်ကာကွယ်ထားဖို့လိုပါတယ်။

ဝက်နာကျတဲ့ ရောဂါပြီးဆုံးသွားမည်ဆိုပါလည်းပြန်လည်အစားထိုးမွေးဖို့အတွက် ဝက်သားပေါက်ဈေးကြီးလာမည်စိုးရိမ်၍ အစိုးရအနေဖြင့်ထောက်ပံကြေးသော်လည်ကောင်း၊ ဝက်သားပေါက်သော်လည်ကောင်းကူညီပေးစေချင်တယ်လို့ ရွာသားတွေကဆောင်းဆိုနေကြပါတယ်။

spot_img
spot_img

Recent posts