spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး (ခ) ခူးဘူးရယ် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မည်

Author

Date

Category

အန်ထော်နီ

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး (ခ) ခူးဘူးရယ် က ပြည်နယ်လွတ်တော်ကိုယ်စားလှယ် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဦးခင်မောင်ဦး (ခ) ခူးဘူးရယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၀-၁၅ ခုနှစ်တုန်းက ကြံ့ခိုင်ရေးပါတီကနေ ကယားပြည်နယ် ဝန်ကြီးချုပ် ဖြစ်ခဲ့သူဖြစ်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးခင်မောင်ဦး (ခ) ခူးဘူးရယ်

“ ဆိုတော့အရင်တုန်းကလည်း သူကကြံ့ခိုင်ရေးကနေ ဝင်ပြိုင်တယ်။ ကြံ့ခိုင်ရေးပါတီကနေ အစိုးရပြီးဦးဆောင်ပြီးမှလုပ်လာခဲ့တယ်ဆိုပေမယ့်လည်း လက်ရှိဒီချိန်မှာ ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ဟာတွေ နောက်ပြီးတော့မှ တိုင်းရင်းသားအရေးနဲ့ပတ်သက်တဲ့ဟာတွေ တစ်ချို့နေရာတွေမှာ သူကဝင်ရောက်ဆောင်ရွက်ပေးလိုစိတ်ရှိတယ်။ စေတနာရှိတယ်။ ပြည်နယ်ဖွံဖြိုးတိုးတက်ဖို့နဲ့ ပြည်နယ်ငြိမ်းချမ်းသာယာဖို့အတွက် လုပ်ပေးလိုစိတ်ရှိတယ်ဆိုရင်တော့ ကျနော်တို့က လက်ခံမှာပဲပေါနော်။” လို့ ကယားပြည်နယ်ဒီမိုကရက်တီပါတီ အထွေထွေအတွင်းရေးမှုုး ဦးသဲရယ်က ၅.၈.၂၀၂၀ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

အရင် ဦးခင်မောင်ဦး (ခ) ခူးဘူးရယ် ဦးဆောင်တဲ့ ကာလတုန်းက ငြိမ်းချမ်းရေး နဲ့ပါတ်သက်ပြီး ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်ပင်ညိှနိုင်းဆောင်ရွက်တာမျိုးတွေရှိတယ်လို့ ကယားဒီမိုကရက်တီပါတီ ဥက္ကဌ ဦးဖိုးရယ်က သတင်းစာရှင်းလင်းပွဲတွင်ဖြေကြားခဲ့ပါတယ်။

“ အရင်ဝန်ကြီးချုပ်ဆိုရင် အထူးသဖြင့်ကျနော်တို့ငြိမ်းချမ်းရေးကိစ္စမှာ အခုဆိုရင်ကယားပြည်နယ်မှာက KNPP ပေါနော် KNPP နဲ့ဆက်ဆံတဲ့နေရာမှာအရင်ဝန်ကြီးချုပ်ဟောင်းဆိုရင် နိုင်ငံတော်အဆင့်မှာသော်လည်းကောင်း ပြည်နယ်အဆင့်မှာသော်လည်းကောင်း သူကတော့ထဲထဲဝင်ဝင်လုပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်” လို့ဆိုပါတယ်။

ကယားပြည်နယ် အခြေစိုက် တိုင်းရင်းသားပါတီဖြစ်တဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီဟာ ကယန်းအမျိုးသားပါတီနှင့်ပူးပေါင်းပြီး ဒီ ၂၀၂၀ ရွေးကောက်ပွဲ မှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
နှစ်ပါတီ ပူးပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ် ၃၄ နေရာဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

spot_img

Recent posts