spot_imgspot_imgspot_imgspot_img
Saturday, April 19, 2025
spot_imgspot_imgspot_imgspot_img

သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အရန်မီးသတ်သင်တန်းဖွင့်လှစ်

Author

Date

Category

ထီးသဲကလိုုးကျေးရွာတွင် မီးသတ်သင်တန်းပိုု့ချနေစဉ် ဓာတ်ပုုံ-ဒီးမော့ဆိုုမြို့နယ် မီးသတ်တပ်ဖွဲ့

ခူးစိုးရယ်ဦး

ဒီးမော့ဆိုမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးဘေးကြိုတင်ကာကွယ်နိုင်ရန် အရံမီးသတ်တပ်ဖွဲ့သင်တန်းကို ယခုလ ဩဂုတ်လ ၆ရက်နေ့မှ ၃၁ရက်နေ့ထိ သင်တန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိမိမြို့နယ်အတွင်း ဘေးအန္တရာယ်တစ်ခုခု ကြုံခဲ့လျင် အဆင်သင့်ဖြစ်နေရန် ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်ဒုဦးစီးမှူး ဦးကြည်စိုးဟန်က ပြောသည်။
̏ မီးလုံးဝမလောင်စေချင်လို့၊ လောင်ခဲ့ရင်လည်း ဆုံးရှုံးမှု တန်ဖိုးနည်းအောင်ဖြစ်တယ်။ မီးဘေးအသက်အန္တရာယ်မဖြစ်အောင် ဖြစ်တယ်။˝ ဟု ဦးကြည်စိုးဟန်က ပြောသည်။

တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မြေငလျင်လှုပ်ခြင်း စသည့်ဘေးအန္တရာယ်ဆိုင်ရာတွင် ကြိုတင်ကာကွယ်နိုင်ရန် စုဖွဲ့လေ့ကျင့်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မွမ်းမံသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းသိရသည်။

“သူတု့ိ ပို့ချပေးတဲ့သင်တန်းက အချိန်တော့ နည်းတယ်ပေါ့ ပို့ချပေးတာတော့ကောင်းပါတယ်၊ တဖက်က ကျနော်တို့ပြည်သူတွေ အချိန်မပေးနိုင်တာတွေလည်း ရှိတယ်လေး”ဟု ထီးဖိုးကလိုးကျေးရွာအုပ်စု ထီးသဲကလိုးကျေးရွာနေ ဦးတီရယ်က ပြောသည်။ 

ယခင်နှစ်တွေမှာ ထီးဖိုးကလိုးကျေးရွာအုပ်စုထဲက ထီးသဲကလိုးကျေးရွာတွင် စိတ်မနှံ့သူတစ်ဦးမှ အိမ်မီးရှို့ခဲ့ပြီး ၎င်းရွာများတွင် ထပ်ဖြစ်လာမည်ကို ဒေသခံပြည်သူများအား စိတ်ခြောက်ခြားနေဆဲဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

သင်တန်းကို ထီးဖိုးကလိုးကျေးရွာအုပ်စု ထီးသဲကလိုးကျေးရွာတွင် ဖွင့်လှစ်ပြီး ကျေးရွာပေါင်း ၉ ရွာမှ လူဦးရေ ၅ဝခန့် တက်ရောက်နေသည် ။

ထီးသဲကလိုးကျေးရွာတွင် မီးသတ်သင်တန်း ပိုု့ချပေးနေစဉ် ဓာတ်ပုုံ- ဒီးမော့ဆိုုမြို့နယ် မီးသတ်တပ်ဖွဲ့

“အခု အချိန်က သူတို့တွေရဲ့ ဝမ်းစာအတွက်ပေါ့၊ စပါးစိုက်တဲ့ ရာသီဆိုတော့ အချိန်မပေးနိုင်ကြတာလည်း ဖြစ်တယ်”ဟု ဦးကြည်စိုးဟန်က ပြောပါသည်။

ဒီးမော့ဆိုမြို့နယ်တွင် ၅နှစ်တာ မီးလောင်ကျွမ်းမှု မှတ်တမ်းအရ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၅ ကြိမ် ရှိခဲ့ပြီး ၎င်း ဆုံးရှုံးမှုတန်ဖိုးသည် ကျပ်သိန်း ၄ဝ နီးပါး ရှိခဲ့သည်။ ထို့ကြောင့် ယခင်နှစ်နဲ့ နှိုင်းယှဉ်ပါက မီးလောင်ကျွမ်းမှု ၉ကြိမ် လျော့နည်းခဲ့ပြီး ဆုံရှုုံးမှုတန်ဖိုးမှာလည်း ကျပ်သိန်း ၆ဝ နီးပါး လျော့နည်းခဲ့သည်ဟု သိရသည်။ ၂၀၁၈ ခုနှစ်ကာလအတွင်းမှာ မီးလောင်ကျွမ်းခြင်းမရှိခဲ့ပေ၊ သို့သော် လေပြင်းတိုက်ခတ်မှုများ ရှိနေခဲ့သည်ဟု သိရသည်။

၂ဝ၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးလောင်ကျွမ်းမှုနှင့် အခြားဖြစ်ပွားခဲ့သော ဘေးအန္တရာယ်များကြောင့် အိမ်ခြေအဆောက်အဦး ၁၄၅ အိမ်၊ စက်ရုံအလုပ်ရုံ ၁လုံး မီးလောင်ခံရပြီး မီးဘေးဒုက္ခသည် ၁၂၃ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၍ လူ တစ်ဦး သေဆုံးပြီး ရ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မီးသတ်အစီရင်ခံစာအရ သိရသည်။

spot_img
spot_img
spot_img

Recent posts