spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

သူငယ်တန်းကလေးများ၏ လေ့ကျင့်ခန်းစာအုပ် ပြန်ရုတ်သိမ်း

Author

Date

Category

ထျိုးမြာ

သူငယ်တန်းကလေးများသင်ကြားရန် ထုတ်ပေးထားသော လေ့ကျင့်ခန်းစာအုပ်များကို ပြန်သိမ်းလိုက်သဖြင့် သင်တန်းပို့ချထားသည့်အတိုင်း မသင်ကြားရဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်သင်ကြားပေးရသောကြောင့် သူငယ်တန်းကလေးများအတွက် ထိရောက်မှုမရှိမည်ကို စိုးရိမ်မိသည်ဟု မူလတန်းပြ ဆရာမတစ်ဦးက ပြောသည်။

“နိုဝင်ဘာလမှ ကျမတို့ကိုစာအုပ်တွေနဲ့ စဝေခိုင်းတယ်။ စာရေးခိုင်းတယ်လေး၊ ဝေခိုင်းတော့လည်း ကျမတို့လည်း ပေးလို်က်ပြီ။ ဒါပေမဲ့ အခုခါကြတော့အဲ့ဒီစာအုပ်ကို နိုင်ငံတော်က ပြန်သိမ်းတယ်ဆိုပြီးတော့လေး။ အဲ့ခါကြတော့ ကျမတိုက Kg(kindergarten)ကလေးတွေကို ဘယ်လို ဆက်လုပ်ပေးရမလဲဆိုတော့ ကျမတို့ကိုယ်အစီအစဉ်နဲ့ကို စာအုပ်တွေဝယ်ပေး၊ ရောင်စုံစက္ကူတွေပေါ့နော။ အကုန်လုံးပြန်ဝယ်ပေးပြီး အရင်တုန်းကအတိုင်းပေါ့နော။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပြန်လုပ်နေရတဲ့အတွက်ကြောင့် ကလေးတွေအတွက် ဒီတစ်နှစ်(kg)အတွက်ပေါ့နော။ ထိရောက်မှုရှိပါ့မလားပေါ့ ဆိုတဲ့စိုးရိမ်စိတ်တွေ ပေါ်လာတယ်ပေါ့နော” ဟု ၎င်းကပြောသည်။

သင်ရိုးမာတိကာ အရဩဂုတ်လလောက်တွင် စာအုပ်များကို အသုံးပြုနိုင်ပြီဖြစ်သော်လည်း ပြန်သိမ်းခိုင်းသောကြောင့် ပြန်သိမ်းပေးလိုက်သည်၊ မည်သည်ကြောင့်ပြန်သိမ်းသည်ကိုမသိရကြောင်း ဒီးမော့ဆိုမြို့နယ်ပညာရေးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှုး ဦးကျော်ငြိမ်းက ပြောသည်။

“ထုတ်ဝေတာက သူတို့ခွင့်ပြုလားမပြုလား အဲ့လို ပြသနာတွေရှိလား အဲ့လိုတော့ တိုးတိုးတိတ်တိတ်တော့ ကြားတာပဲ။ ငါတို့တောင်ဘာမသိရဘူး။ ပြန်သိမ်းဆိုငါတို့က ပြန်သိမ်းပြီးပေးလိုက်ရတာ။ ပြည်နယ်ကိုပဲ ပြန်ပေးလိုက်တာ ” ဟု၎င်းကပြောသည်။

အထက်မှလေ့ကျင့်ခန်းစာအုပ်များ ပြန်သိမ်းထားသော်လည်း ကလေးများကို မည်သို့သင်ကြားပေးရမည်ဟူသော ညွန်ကြားချက်မလာသေသဖြင့် ဆရာ/မများသည် သင်တန်းများရှိထားပြီးသား ဖြစ်သောကြောင့် ကလေးများကို မိမိအသိများနှင့်သာ ကလေးများ skillတိုးတက်အောင် သင်ကြားပေးရန်မှာ ကြားထားသည်ဟုဆိုသည်။

 

spot_img

Recent posts