spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

သံလွင်မြစ်ဘေးက စစ်ရှောင်ဦးရေ ၅၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါး အရေးပေါ် လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ သံလွင်မြစ်ဘေးက စစ်ရှောင်လူဦးရေ ၅၀၀ဝန်းကျင်အတွက် လက်ရှိမှာ စားနပ်ရိက္ခာ နဲ့ ဆေးဝါး အရေးပေါ် လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်ရှိမှာက ရိက္ခာက ဘားမှမရှိဘူး သူတို့လူလွတ်ပဲပြေးလာခါကျတော့ ရိက္ခာအခက်အခဲတအားဖြစ်နေတယ် ခုလောလောဆယ်။ ဆေးဝါးတွေလည်းမရှိ ဆေးမှူးလည်းမရှိသေးဘူးဆိုတော့ ရှိတဲ့ဟာလေးတွေနဲ့ပဲ လိုက်ကူပေးနေရတယ်ပေါ့။ လူအိုတွေကော ကလေးငယ်တွေကော အမျိုးမျိုးတော့ လိုအပ်နေတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါစစ်ရှောင်တွေဟာ ဇွန်လအတွင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကရင်နီပြည် ဖားဆောင်းမြို့၊ ဘောလခဲမြို့၊ မယ်စဲ့မြို့နယ်အသီးသီးကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပါတယ်။ တစ်ပတ်စာရိက္ခာသာ ပါလာတဲ့အတွက် လက်ရှိမှာ စားရေးသောက်ရေးအတွက် အခက်အခဲကြုံတွေ့နေကြတယ်လို့ ပြောပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲကိုလည်း သက်ဆိုင်ရာ အစုအဖွဲ့တွေကို တင်ပြတောင်းဆိုထားတယ်လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

လက်ရှိစစ်ရှောင်တဲ့နေရာကလည်း တောတောင်ထဲဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသလို စစ်ကောင်စီကလည်း စားနပ်ရိက္ခာလမ်းကြောင်းပိတ်ဆို့မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည်ဆည့်ပေးနိုင်ဖို့အတွက် သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“စစ်ဘေးရှောင်တွေအတွက် ကျနော်တို့ကနေ စားနပ်ရိက္ခာစီမံတယ်။ လမ်းကြောင်းတွေဆောင်ရွက်မှုတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က လိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက ရုတ်တရက်ဖြစ်တဲ့ဟာလည်းဖြစ်သလို လူဦးရေက အနည်းဆုံး မရှိဘူးဆိုရင်တောင် တစ်ထောင်ဝန်းကျင်လောက် ပျံနှံ့ပြေးနေတယ်ပေါ့နော။ အဲ့ဒီအတွက်ကြောင့်မလို့ သူတို့ရဲ့စားနပ်ရိက္ခာအတွက် ပိုပြီးတော့မှ လိုအပ်ချက်ရှိတယ်။ ဆေးဝါးနဲ့အမိုးအကာပေါ့နော။ နောက်ပြီးတော့မှ သူတို့ကလည်း တစ်နေရာထဲမှာနေရင်လည်း စစ်ရေးအရကလည်း အန္တာရာယ်ရှိတဲ့အတွက်ကြောင့်မလို့ ဖြန့်ကျဲပြီးနေရတဲ့အပေါ်မှာတော့ လိုအပ်ချက်အများကြီးရှိနိုင်တယ်။” လို့ IEC အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်မှာ ဇွန်လဒုတိယပတ်အတွင်း မယ်စဲ့၊ ဖားဆောင်း၊ ရွာသစ်မြို့တွေမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ ထွက်ပြေးတိမ်းရှောင်ကြသူအများစုဟာ အမျိုးသမီး၊ သက်ကြီးရွယ်အို နဲ့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts