သံသယဖြစ်ဖွယ် စွန့်ပစ်ထားသောကြက်သေ ၁ရ ကောင် လွိုင်ကော်တွင် တွေ့ရှိ

ကန္တာရဝတီတိုင်း(မ်)

ပုပ်ပွနေသော ကြက်သေ ၁ရ ကောင်ကို လွိုင်ကော်မြို့ နည်းပညာတက္ကသိုလ်အနီးရှိ အမှိုက်ပုံတွင် စွန်ပစ်ထားကြောင်း သိရသည်။

ပြည်သူ၏ သတင်းပေးချက်အရ အဆိုပါ ကြက်သေကောင်များ စွန့်ပစ်ထားသော နေရာသို့ တာဝန်ရှိသူများမှ ဩဂုတ်လ ၁ ရက်နေ့ ညနေပိုင်း ၆ နာရီခွဲအချိန်တွင် သွားရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“လာသတင်းပေးတော့ ကျနော်တို့ ချက်ခြင်းလိုက်သွားတယ်ဗျ။ တိ/မွေးကုက ဒေါက်တာနှစ်ဦးလည်း ခေါ်သွားတယ်။ ခေါ်သွားတော့ သေတာနှစ်ရက်လောက်ရှိနေပြီ ထင်တယ်။ ပုပ်နေဆိုတော့ သူတို့ကလည်း ဘာကြောင့်သေတာလဲဆိုတာ ခွဲခြမ်းစိတ်ဖို့က ခက်နေတယ်လို့ ပြောတယ်။ နှစ်မျိုးပြောတာပေါ့ ကြက်တွေ သယ်ရင်းနဲ့ သေသွားတာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက ရောဂါကြောင့် သေသွားတာလည်း ဖြစ်နိုင်တယ်တဲ့။ နောက်ထပ်ဖြစ်နိုင်ခြေရှိနိုင်တဲ့ ဟာကို အဖြေထပ်ထုတ်ဖို့ ရှိပါတယ်။”ဟု ကယားပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်စွမ်းက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။

ဆာလာအိတ်ဖြင့် ထုတ်ပိုးကာ အမှိုက်ပုံတွင် စွန့်ပစ်ထားသော အဆိုပါ ကြက်သေကောင် ၁ရ ကောင်မှာ ပုပ်ပွလျှက်ရှိနေခြင်းကြောင့် ရောဂါလက္ခဏာအား ဓါတ်ခွဲရှာဖွေရန် ခက်ခဲသွားကြောင်း ဦးခမ်လျန်စွမ်းက ပြောသည်။

ကြက်အသေကောင်များအား ဓါတ်ဆီဖြင့် မီးရှို့ဖျက်ဆီး ပစ်ခဲ့ကာ သေဆုံးခဲ့သည့် အကြောင်းအရင်း ထပ်မံရှာဖွေဖေါ်ထုတ်ရန် လုပ်ဆောင်သွားရန်လည်း ရှိနေကြောင်း သိရသည်။

သံသယဖြစ်ဖွယ် ကြက်အသေကောင်များ တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်သို့ အမြန်ဆုံး ဆက်သွယ်သတင်းပေးပို့နိုင်ကြောင်းလည်း စားသုံးသူရေးရာဦးစီးဌာနက နိုးဆော်ထားသည်။

ဆက်သွယ်ရန်-083-2221497 . 083 2221005. Res:083- 2221094
09-43082714. 09976074992)

Comments

comments

Next Post

ယမန်နှစ်ထက် ကယားပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများပြား

Wed Aug 2 , 2017
ထျိုးမြာ ကယားပြည်နယ်တွင် ယမန်နှစ်ထက် ယခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ပိုမိုများပြားနေကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်က ကယားပြည်၊ ပြည်သူ့ဆေးရုံကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သော လူနာ ၁၆ ဦးသာ ရှိခဲ့သော်လည်း ၂၀၁ရ ခုနှစ်အတွင်း မေလမှ ဇူလိုင်လ ၂ရ ရက်နေ့အထိ သွေးလွန်တုပ်ကွေးလက္ခဏာသံသယရှိသော လူနာ ၆၄၁ ဦးအထိဖြစ်ပွားခဲ့ကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောကြားသည်။  ယခုနှစ်အတွင်း မေလတွင် ၃ဝ ဦး ဇွန်လတွင်၂၄၁ ဦး၊ ဇူလိုင်လ ၂ရ ရက်နေ့အထိ ၃၇ဝ ဦး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။  ယခုနှစ်သည် နေရာတိုင်းတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားလာနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည့်အတိုင်း အဆိုပါရောဂါလက္ခဏာများ […]