သုံးလုံးထီ(ချဲထီ) လောင်ကစား ပြုလုပ်နေသည်ကို ဖမ်းမိ

မူအက်စတာ

ဒီမော့ဆိုမြို့နယ်၊သေးဆူလဲကျေးရွာအုပ်စု၊ကုန်းသာကျေးရွာနေ ဒေါ်နော်ဒေါရာ၏ နေအိမ်တွင် သုံးလုံးထီ(ချဲထီ)လောင်းကစားပြုလုပ်နေ သူများကိုဖမ်းဆီး ရမိကြောင်း ဒီးမော့ဆိုမြို့မ ရဲစခန်းမှ သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့က ဒေါ်နော်ဒေါရာ၏နေအိမ်တွင် သုံးလုံးထီ(ချဲထီ)လောင်းကစားပြုလုပ်နေသည်ကို သိရ၍ ဝင်ရောက်ရှာဖွေရာ လောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ လောင်းကြေးငွေ (၃၆၆၀ဝိ/-)ကျပ် တွေ့ရှိခဲ့သည်။

သိမ်းဆည်းရမိသော ပစ္စည်းများနှင့် ပတ်သက်၍ ဒေါ်နော်ဒေါရာအား စစ်ဆေးမေးမြန်းရာ ဒီးမော့ဆိုမြို့နယ် ၊ ဒေါဘူးကူးအုပ်စု၊ ဒေါပိတကျေးရွာနေ ဦးဘော်ရယ်ရောင်းချခိုင်းသဖြင့် ၎င်း၏ကျေးရွာတွင်း၌ သုံးလုံးထီ(ချဲထီ)ရောင်းချပြီး ဦးဘော်ရယ်ထံသို့ တဆင့်ပြန်လည်ပေးပို့ရကြောင်း ထွက်ဆိုခဲ့သည်။

ထို့ကြောင့် နေအိမ်တွင် သုံးလုံးခီရောင်းချသူ ဒေါ်နော်ဒေါရာအား ဒီမော့ဆိုမြို့မရဲစခန်း(ပ)၃၄/၂၀၁၇၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

ဆက်လက်၍ ၎င်းအိမ်သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာသော ဦးဘော်ရယ်အား ထပ်မံရှာဖွေရာ လောင်းကစားရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ မြန်မာငွေရောရာ (၁၆၆၀၅ဝိ/-)အားတွေရှိခဲ့သဖြင့် ဒိုင်အဖြစ် လက်ခံပြုလုပ်သူ ဦးဘော်ရယ်အား ဒီမော့ဆိုမြို့မရဲစခန်း (ပ)၃၅/၂၀၁၇၊လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် ထပ်မံအမှုဖွင့် အရေးယူ ထားရှိကြောင်း ဒီးမော့ဆိုမြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရသည်။

Comments

comments

Next Post

ဖရူဆိုမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ် နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းချက်

Wed Jul 19 , 2017
ကညားမော် “ဆေးခန်းပြရကောင်းမှန်းမသိဘူးဆိုတော့ ဟုတ်တယ်။ ။သူတို့မသိတဲ့အတွက် မသွားတာ။ ဒီဆေးရုံဆေးခန်းကို အားကိုးရမယ်ဆိုတာ လူထုတွေက နည်းနည်း Familiar မဖြစ်သေးဘူး။”လို့ ဆိုတဲ့ ဖရူဆိုမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ် နှင့် ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းချက်အချို့ထဲက ပြန်လည်ကောက်နုတ် ဖေါ်ပြပေးလိုက်ပါတယ်။ မေး ။ ။ ဖရူဆိုမြို့နယ် ကျန်းမာရေးဌာနရဲ့ အခုတလော လှုပ်ရှားမှုတွေကို ပြောပြပေးပါ။ ဖြေ ။ ။ ဆေးဖျန်းတယ် တစ်ခုတည်းတော့မဟုတ်ဘူး။ ဆရာတို့ ထီးတရဲရပ်ကွက်က လူနာတစ်ယောက်ကဆေးရုံလာတက်တော့ပေါ့နော။ အသက်(၃၂) အမျိုးသမီး လာတက်တော့ လက္ခဏာကသွေးလွန်တုပ်ကွေးလက္ခဏာရှိတယ်။ ဓာတ်ခွဲစစ်ဆေးလိုက်တဲ့ အဖြေကြီးကသွေးလွန်တုပ်ကွေးဖြစ်နေတယ်။ အဲ့ဒီအတွက်ကြောင်းမို့လို့ သွေးလွန်တုပ်ကွေး ကာကွယ်ရေးနှိမ်နင်းလုပ်ငန်းဆိုပြီးတော့မှ ထီးတရဲရပ်ကွယ်မှာသွားပြီးတော့ ဆောင်ရွက်တယ်ပေါ့။  မေး။ ။ သွေးလွန်တုပ်ကွေးလူနာဆေးရုံတက်တယ်လို့ […]

ဆက်စပ်သတင်းများ