spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဟိုဝမ်ကျေးရွာအုပ်စုတွင်း အိမ်တိုင်ရာရောက် ရေပေးဝေမှု အချိန်ကြန့်ကြာနေ

Author

Date

Category

အန်ထောနီ

ဒီးမော့ဆိုမြို့နယ်ထဲက ဟိုဝမ်ကျေးရွာ အုပ်စုမှာ ၂၀၁၈-၂၀၁၉ ဖြည့်စွက်ရံပုံငွေဖြင့် ဆည်မြောင်းနှင့် ရေစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ထားတဲ့ အိမ်တိုင်ရာရောက် ရေပေးဝေတဲ့လုပ်ငန်း အချိန်ကြန့်ကြာနေတဲ့အပေါ် ဟိုဝမ် အထက်ကျေးရွာ ရွာသူ ရွာသားများက စောင့်မျှော်နေကြတယ်လို့သိရပါတယ်။

“ကျေးရွာသူ သားတွေက မျှော်တယ်ပြောတယ် ဒါပေမဲ့ကျနော်ကလည်း မတတ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ပိုက်ဆံ မဟုတ်ဘူးဆိုတော့လည်း သူများက ပေးချင်မှပဲပေးမှာပေါ့ ဒါပဲကျနော်ပြောလိုက်တယ်။ သူတို့ကို ကျနော်သူတို့က ဆက်သွယ်တာ အေလာမယ်လာမယ် အဲ့လိုမျိုးပဲပြောတာ။ ကျနော်သူတို့ကို ပြောမယ်ဆိုရင်လည်း တစ်မျိုးဖြစ်မှာစိုးလို့ပေါ ပြောလည်းသိပ်ပြောချင်ဘူး။” လို့ ဟိုဝမ်ကျေးရွာ အုပ်စုပ်စုအုပ်ချုပ်ရေးမှူး ဦးမောင်ဒတ်က ပြောပါတယ်။

ဟိုဝမ်အုပ်စုတွင် အအောက်ရွာနှင့် အထက်ရွာဆိုပြီး နှစ်ရွာရှိပါတယ်။ အအောက်ရွာကတော့ အရင်နှစ်ကတည်းက ရေရရှိနေပြီဖြစ်ပေမဲ့ အထက်ရွာမှာတော့ အခုချိန်ထိကြန့်ကြာနေဆဲဖြစ်ပါတယ်။

ဒီလိုကြန့်ကြာရခြင်းအကြောင်းအရင်းမှာ ရံပုံငွေအခြေအနေအရ လျှပ်စစ်လိုင်းကျန်သွယ်တန်းဖို့ ကျန်ရှိနေသေးတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

“ဟိုဝမ်အထက်ကကျတော့ ကျနော်တို့ ရံပုံငွေ အခြေအနေအရ လျှပ်စစ်လိုင်းကျန်ခဲ့တယ် ဘတ်ဂျက်လိုအပ်ကြောင်းတင်ပြထားပေမဲ့ သူတို့တစ်ခြားလိုအပ်ချက်ကြောင့် တစ်ခြားဟာတွေကို ဦးစားပေးလိုက်ရတဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာလည်း ကျနော်တို့မပါခဲ့ဘူးဖြစ်နေတယ်ပေ့ါ မပါဘူဆိုပေမဲ့လည်း ကျနော်တို့ရဲ့ ပြင်ဆင်ထိန်းသိမ်းတဲ့ရံပုံငွေကနေပြီးတော့ အခုထပ်ပြီးတော့လုပ်ပေးဖို့ရှိတယ်” လို့ ဦးမောင်မောင်သန်းထွေးက ပြောပါတယ်။

ဟိုဝမ်အထက်ကျေးရွာမှာ ရေစုကန်၊ ရေစုပ်စက်၊ ရေပိုက်လိုင်း အားလုံးဆောင်ရွက်ထားပြီးသားဖြစ်ပြီး လျှပ်စစ်လိုင်း တစ်ခုသာကျန်တယ်လို့သိရပါတယ်။

လျှပ်စစ်သွယ်တန်းပြီး အမြန်ဆုံး ရေပေးဝေနိုင်ဖို့အတွက်လည်း ဆည်မြောင်းနှင့်ရေစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် သာမန်ရံပုံငွေနဲ့ ဒီနှစ်ထဲမှာပဲ ပြီးအောင်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts