spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အခြေခံကုန်စျေးနှုန်းတွေ ထပ်မံမြင့်တက်တာကြောင့် စစ်ရှောင်တွေ အခက်တွေ့

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

မြန်မာကျပ်ငွေတန်ဖိုးတွေ ဆက်တိုက်ကျဆင်းနေတဲ့အချိန် ကရင်နီပြည်မှာ အခြေခံကုန်စျေးနှုန်းတွေလည်း ပိုမိုမြင့်တက်လာတယ်လို့ စစ်ရှောင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တစ်ပတ်အတွင်းမှာပဲ ကုန်စျေးနှုန်းတွေဟာ ထက်ဝက်မြင့်တက်လာတယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာနေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပြပါတယ်။

“ ကျမစျေးဝယ်ဖြစ်တာ ဒီနှစ်လအတွင်းမှာတော့ ကန်စွန်းရွက်၊ မုန်ညှင်းရွက်၊ ငရုတ်သီးစိမ်း အဲဒီဟာတွေကတော့ ဒေသထွက်ရှိနေလို့လား။ ဒါမှမဟုတ် သူ့ရာသီဖြစ်နေလို့လားမသိပေမယ့် စျေးတက်လာတာတော့မရှိဘူး။ ဒါပေမယ့် ခရမ်းချဥ်သီးတော့ စျေးတော်တော်မြင့်လာတယ်။ အရင်တစ်ပတ်က ကျမသွားဝယ်တာ တစ်ပိဿာကို ၁၅၀၀ ကျပ်ရှိတယ်။ နောက်တစ်ရက်နှစ်ရက်နေပြီးသွားဝယ်တော့ နှစ်ထောင်ဖြစ်သွားတယ်။ မနေ့က ကျမထပ်သွားဝယ်တာ ၃၀၀၀ အထိဖြစ်သွားတယ်။ နည်းနည်းမလှတဲ့အသီးတွေက ၂၅၀၀ ဖြစ်ပြီးတော့ လှတဲ့အသီးတွေကတော့ ၃၀၀၀ ပေးဝယ်ရတယ်။” လို့ သူက ပြောပါတယ်။

လက်ရှိမှာလည်း ကုန်ခြောက်တွေဖြစ်တဲ့ ခေါက်ဆွဲ၊ငါးခြောက် အပြင် တခြားသော ကုန်ခြောက် စျေးနှုန်းတွေလည်း ယခင်ကထက် ယခုအပတ်အတွင်းမှာ ပိုမိုမြင့်တက်လာနေတယ်လို့ သူက ဆက်ပြောပါတယ်။

စက်သုံးဆီ စျေးနှုန်းတွေကတော့ လက်ကျန်တွေရှိနေသေးတဲ့အတွက် စျေးနှုန်းထပ်မံမြင့်တက်တာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

ကျပ်ငွေတန်ဖိုးဟာ ပြီးခဲ့တဲ့ မေလ ၂၃ရက်နေ့က အမေရိကန် တစ်ဒေါ်လာကို ၄၀၀၀ ကျပ် ဝန်းကျင်ကနေ တရိပ်ရိပ်မြင့်တက်လာခဲ့ရာကနေ တစ်ပတ်အတွင်း ကျပ် ၄၅၀၀ ကျော်အထိ မြင့်တက်သွားပြီး ဆက်လက်မြင့်တက်မည့်အလားအလာရှိနေတယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ကရင်နီပြည်က ဝင်ငွေရ အလုပ်အကိုင်မရှိတဲ့ စစ်ရှောင်တွေကတော့ ကုန်စျေးနှုန်းတွေမြင့်တက်တဲ့ ဒဏ်တွေကြား စားဝတ်နေရေး ပိုမိုခက်ခဲလာမှာကို စိုးရိမ်နေကြပါတယ်။

spot_img
spot_img

Recent posts