spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု” ပြုလုပ်ပြီး စုပေါင်းလက်မှတ်ရေးထိုးကာ နိုင်ငံတကာအဖွဲ့အစည်းထံ ပေးပို့သွားမည်

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြည်သူလူထုတွေကနေ လက်မှတ်ရေးထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုကို မတ်လ ၁၀ ရက်နေ့မှာ စတင်ကြောင်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဒီကနေ့ မတ်လ (၁၄)ရက်နေ့မှာ ပူးတွဲထုတ်ပြန်ကြေညာထားပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှာ စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို ဆန့်ကျင်တဲ့အနေနဲ့ စုပေါင်းလက်မှတ် ရေးထိုးမှုတစ်ရပ်ကို လုပ်ဆောင်နေတာဖြစ်ပြီး လက်မှတ်တွေကို နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးထံကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

စုပေါင်းလက်မှတ်ရေးထိုးမှုကို အွန်လိုင်းကတဆင့် ပါဝင်လက်မှတ်ရေးထိုးလို့ရကြောင်း ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒသဘောထားဖြစ်တဲ့ လက်မှတ်ရေးထိုးမှုမှတဆင့် စစ်ကောင်စီရဲ့ အဓမ္မစစ်သား စုဆောင်းတဲ့လုပ်ရပ်ကို တရားစွဲဆိုအရေးယူတာ အပါအဝင် ဖြစ်နိုင်သမျှသော နည်းလမ်းမျိုးစုံနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်း လုပ်ဆောင်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်းလည်း ဖော်ပြထားပါတယ်။

လက်ရှိနိုင်ငံရဲ့ အခြေအနေဟာ ပြည်ပအန္တရာယ်ကာကွယ်ဖို့ နိုင်ငံသားတွေ မဖြစ်မနေ စစ်မှုထမ်းရမယ့် အခြေအနေမဟုတ်သလို အခုလို စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေဟာ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်ကြမယ့် လူငယ်တွေရဲ့ အသက်၊ သွေး၊ ချွေး တွေကို စတေးပြီး စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ဆက်လက် တည်တံ့စေတဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့ “အဓမ္မစစ်သားစုဆောင်းမှု လုပ်ငန်း”ကို ဖော်ဆောင်တဲ့ လုပ်ရပ်ကို အားလုံးဆန့်ကျင် ကန့်ကွက်ကြရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူလူထုအပေါ် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ လိင်အကြမ်းဖက်တာ၊ အဓမ္မ ပြုကျင့်တာ၊ ဖမ်းဆီးညှင်းဆဲတာတွေ နဲ့ မီးရှို့ဖျက်ဆီးတာတွေကို ဆက်တိုက်ကျူးလွန်နေပြီး နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ပြည်သူ ၂.၄ သန်းကျော်ရှိလာပြီဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

စစ်ကောင်စီကျဆုံးတဲ့အထိ ဖိအားပေး အရေးယူနိုင်ရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာဖြစ်တာကြောင့် https://www.change.org/antiforcedconscription မှာ ပါဝင်ပြီး စုပေါင်းလက်မှတ် ရေးထိုးပေးကြပါဖို့လည်း တိုက်တွန်းထားပါတယ်။

spot_img
spot_img