spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အပစ်ရပ် (NCA) ထိုးရန် KNPP ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် ပြည်သူများလုံခြုံမှုရှိစေရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးရန် လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူက ဇွန်လ ၂၁ ရက်နေ့က ကရင်နီအမျိုးသားနေ့အခမ်းအနားမှာ တိုက်တွန်းပြောဆိုသွားပါသည်။

ယခုလို တိုက်တွန်းပြောဆိုရခြင်းမှာ လက်ရှိတွင် ပြည်သူများအနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများစသည့် ကိစ္စရပ်များဆောင်ရွက်ရာတွင် ငြိမ်းချမ်းရန်လိုအပ်နေခြင်းဖြစ်သည့်အတွက် တိုက်တွန်းရခြင်းဖြစ်သည်ဟု အခမ်းအနားအပြီး သတသတင်းထောက်များက တွေ့ဆုံမေး မြန်းရာတွင် ပြောသွားပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူ

“ကျမတို့ ငြိမ်းချမ်းရေးကလိုနေတာလေး။ ငြိမ်းချမ်းရေးက ဆက်သွယ်နေတယ်။ ခုနက ကျမပြောသလိုပဲပေါ့ ကျန်းမာရေးဖြစ်ဖြစ် ဖွံ့ဖြိုးရေးဖြစ်ဖြစ် ခုလိုမျိုး ခါတိုင်းနှစ်ထက်ပြောင်းလာပြီတိုးတက်လာပါပြီ ဒါပေမယ့်လို့ ဒီထက်မက တိုးတက်တယ်ဆိုတဲ့ လူထုတွေရဲ့ စိတ်ထားလုံခြုံမှု ကာယကော စိတ်ထားကော လုံခြုံတယ်ဆိုတာက ကျန်းမာရေးစောင့်ရှောင့်မှုရောပညာရေးမြင့်တင်မှုရော လမ်းတံတား အစရှိတဲ့ ဖွံ့ဖြိုးရေးတွေ အကုန်လုံး ဒါမျိုးအကုန်လုံးကိုအဲလိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့နေချင်တယ်။ ဒါပြည်သူလူထုတွေလုပ်ချင်တယ်ဆိုတော့ ကျမတို့ကလည်းပြောရတာပေါ့နော်။” ဟု ဒေါက်တာခင်စည်သူက ပြောပါသည်။

တခြားသော တိုင်းနှင့်ပြည်နယ်များတွင် NCA ထိုးထားအဖွဲ့ ၁ဝဖွဲ့ရှိသော်လည်း လက်နက်များဖြင့် ပစ်ခတ်နေသံများကြုံတွေ့နေရသည့်အပေါ် မိမိတို့ ပြည်နယ်အရေးအတိုင်းအတာနှင့်သာ သက်ဆိုင်ကြောင်း၊ တခြားသော NCA ထိုးထားသည့် တိုင်းရင်းသားဒေသများအခြေအနေများ၏ မကောင်းသည့် အားနည်းချက်များကို ပြောမည်ဆိုပါက ပဋိပက္ခဖြစ်ပေါ်စေနိုင်ကြောင်း ထောက်ပြပြောဆိုသွားပါသည်။

ယခုလို NCA မထိုးရခြင်းနှင့် ပတ်သက်၍ NCA စာချုပ်တွင်းတွင် နိုင်ငံရေးမူဘောင်များကို သေချာဆွေးနွေးညှိနှိုင်းမှုမပြုလုပ်နိုင်ခဲ့သည့်အတွက် NCA မထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် အချက် ၈ ချက်ကို ဆွေးနွေးရန် ထပ်မံအဆိုပြုခဲ့သော်လည်း မအောင်မြင်ခဲ့ခြင်းကြောင့်များဖြစ်သည်ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဗဟိုကော်မတီဝင် ခူညေးရယ်ကရှင်းပြပါသည်။

“ကျနော်တို့ကတော့ NCA ဟိုးစပြီးတော့မှ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အဲဒီကတည်းကပါလာခဲ့ပါတယ်။ မူလကတည်းကလည်း NCA သွားဖို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ အတွက် ဝင်ရောက်ပြီး ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာကတော့ ဥပမာ NCA ထဲမှာကမခိုင်မှာသေးဘူးပြောတာရှိတယ်တချို့အချက်အလက်တွေပေါ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကွာတယ်လို့ သိထားရတယ်။ နောက်ပြီးတော့မှ အရင်အစိုးရလက်ထက်မှာ သမ္မတ ဦးသိန်းစိန်က လည်း ၂၀၁၅ရွေးကောက်ပွဲ မတိုင်မှီမှာ သူက ရှင်းရှင်းပြောရင် NCA ကို အတင်းအဓမ္မ လက်မှတ်ရေးထိုင်းစေခိုင်းခဲ့တာလည်းပါတာပေါ့။ အဲဒါမှာ ကျနော်တို့မပါခဲ့ဘူး မပါခဲ့ဘူးဆိုတာက ခုနက NCA ပါအချက်အလက်တချို့တွေက အာမခံချက်မရှိတာတို့ မပြည့်စုံသေးဘူးလို့လည်း ပြောလို့ရတယ်။ နောက်ပြီးတော့မှ တချို့က NCA ထဲမှာ မပါသေးတဲ့ အချက်အလက်တွေကို တပ်ဘက်က ပြောလာတာမျိုးတွေရှိတယ်ပေါ့။” ဟု ခူညေးရယ်က ပြောပါသည်။

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ဆွေးနွေးခဲ့ကြသည့် အချက်အလက်များတွင်းမှ ဖြည့်စရာရှိသည်များဖြည့်စွက်ပြီး ၊ ဖြုတ်စရာရှိသည်များကိုလည်း ဖြုတ်သင့်ကြောင်း သို့မှသာလျှင် ယုံကြည်မှုများ ရရှိနိုင်မည် ဖြစ်သည်ဟု ၁၄၄ နှစ်မြောက် ကရင်နီအမျိုးသားနေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ဦးပလုရယ် က ပြောဆိုသုံးသပ်သွားပါသည်။

လက်ရှိ ငြိမ်းချမ်းရေးအခြေအနေနှင့် ပတ်သက်ပြီး ဦးပလုရယ် က “လက်ရှိငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့မှ အဓိကကတော့ နံပါတ်တစ်က ယုံကြည်မှုပဲပေါ့။ ဒါကတော့လူတွေတော်တော်များများပြောနေကြပါတယ်။ ယုံကြည်မှုဆိုတဲ့နေရာမှာ သမံကာ ရှန်ကာ ဒီဟာကိုလက်ခံလိုက်ပါ ဒီဟာကိုလုပ်လိုက်ပါ။ ပြောယုံနဲ့မဖြစ်ဘူးပေါ့နော်။ ဒီတခုခုကိုလက်ခံဖို့အတွက်သူ့ရဲ့အကြောင်းတရားတွေ နောက်ခံအကြောင်းတရားတွေက ဘယ်လိုပြီးပြည့်စုံဖို့လိုသလဲ တဖက်ကတော့ ဘယ်လိုမျိုးပုံစံမျိုးနဲ့လိုချင်သလဲ တဖက်ကတော့ ဘယ်လိုခံစားနေရသလဲဆိုတဲ့ အပြန်အလှန်ခံစားချက်တွေကိုနားလည် သဘောပေါက်ပြီးတော့မှ လေးစားပြီးတော့မှ အဲဒီနှစ်ဦးနှစ်ဖက်လိုချင်တဲ့ ပုံစံမျိုး တို့ကို တတ်နိုင်ဆုံး ပုံဖော်နိုင်တဲ့ အနေအထား ယုံကြည်မှုပေါ့ နော် အဲဒါအရမ်းလိုနေတယ်လို့ မြင်ပါတယ်။ အခုက ဒီဟာက ဟာကွက်တခုအနေနဲ့မြင်ပါတယ်။”ဟု ပြောပါသည်။

ယခုလက်ရှိအခြေအနေတွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် တောင်းဆိုထားကြောင်း ၊ ၎င်းတောင်းဆိုမှုမှ တဆင့် ပြည်နယ်အစိုးရနှင့် လစဉ်တွေ့ဆုံမှုပြုလုပ်ရန် သဘောတူညီမှုရရှိထားပြီဖြစ်သော်လည်း ပြည်နယ်အစိုးနှင့် တွေ့ဆုံမှုတိုင်းတွင် ဆုံးဖြတ်ချက်ချနိုင်မည့်ပုဂိ္ဂုလ်များက မတက်ရောက်နိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) က ဆိုပါသည်။

Advertisement

၎င်းကိစ္စရပ်များနှင့်ပတ်သက်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၊ ကယားပြည်နယ် အစိုးရ အဖွဲ့နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီတို့သည် မေလ ၆ ရက်နေ့က လွိုင်ကော်မြို့ Famous Hotel တွင် ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ကြပြီးဖြစ်သည်။

ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇူလိုင်လအတွင်းတွင် နေပြည်တော်၌ တပ်ပိုင်းဆိုင်ရာများနှင့်လည်း တွေ့ဆုံရန်ရှိသည်ဟု သိရသည်။

spot_img
spot_img

Recent posts