spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အမုန်းတရားကြားမှ အပြုံးတွဲလက်များ ခိုင်မြဲပါစေ

Author

Date

Category

ဘိုထီး(ငွေတောင်ပြည်)ရေးသားသည်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုတာ အရပ်ဘက်အဖွဲ့အစည်း နိုင်ငံရေးအဖွဲ့အစည်းနှင့် အစိုးရအဖွဲ့အစည်းအချင်းချင်း ပူးပေါင်းပြီး အတူသွား၊ အတူလာ၊ အတူနေထိုင်စားသောက်ကြတာကို ဆိုလိုတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုရင်လူမျိုးစု အချင်းချင်းကြားက အမုန်းတရားတွေကို ဘေးဖယ်ထားပြီး လူမျိုးဘာသာ အဆင့်အတန်းမခွဲခြားဘဲ မိသားစုသဖွယ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လုပ် ကိုင်စားသောက်ခြင်းမှတပါး အခြားမရှိတော့ပါ။

ညီလာခံမှာ ငြိမ်းချမ်းရေးရဖို့ထက် အခွင့်အရေးရဖို့ကိုသာ ဦးစားပေးဆွေးနွေးတာဟာ ရွှေပြည်တော် မျှော်လေတိုင်း ဝေးနေရုံမကပဲ ငြိမ်းချမ်းရေးခရီးလမ်းဟာ စမ်းတဝါးဝါးနဲ့ ပျောက်ဆုံးလုနီးပါး အခြေအနေကို ရောက်ရှိစေမှာ မလွဲပါဘူး။

တောင်အဖရိကနိုင်ငံဟာ အသားအရောင်ခွဲခြားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားရဲ့ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ အစိုးရအဖွဲ့အစည်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ဦးဆောင်မှုအောက်မှာ အတူယှဉ်တွဲပြီး မနေထိုင်နိုင်ခဲ့တာ ဘာကြောင့်ပါလဲ။

အဓိကအကြောင်းရင်းကတော့ လူမျိုးစုအချင်းချင်း အဖွဲ ့အစည်းအချင်းကြားမှာ အတ္တတံတိုင်းကြီးတွေနဲ့ ကာဆီးထားလို့ပဲ ဖြစ်ပါတယ်။ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင် ၁၃၅ မျိုး ရှိတယ်လို ့ဖော်ပြထားပါတယ်။

အဲဒီဖော်ပြချက်တွေဟာ တိုင်းရင်းသားလူမျိုးစုတွေ နေထိုင်တဲ့ ဒေသကွဲပြားမှုနဲ့ အပြောအဆို အသုံးအနှုန်း မတူညီမှုကိုသာ အခြေခံပြီး ဖော်ပြထားတဲ့ ဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။

တကယ်တော့ တိုင်းရင်းသားလူမျိုးစုတွေဟာ လူမျိုးစုကြီးတစ်ခုကနေ အတူတကွပေါက်ဖွားလာကြတယ်ဆိုတာ တူညီတဲ့ ရိုးရာဓလေ့က ခိုင်လုံတဲ့ အထောက်အထားတွေပဲ ဖြစ်ပါတယ်။ လူမှုရေးဖြစ်တဲ့ သာရေး၊ နာရေးကိစ္စနဲ့ ပတ်သက်လာရင် မောင်းတီးဖို့မလို ဖိတ်စာပေးစရာမလိုပဲ အတူတကွ ဝိုင်းဝန်းပြီး ရိုင်းပင်းကူညီကြတာဟာ အားရစရာကောင်းတဲ့ တိုင်းရင်းသားတို့ရဲ့ မရိုးနိုင်တဲ့ ဓလေ့ထုံးတမ်း ရိုးရာယဉ်ကျေးမှုတွေပဲ ဖြစ်ပါတယ်။

ဘာသာရေးမှာဆိုရင်လည်း တစ်မူးရှိလို ့တစ်ပဲလှူတတ်တဲ့ စိတ်ဓာတ်ဟာလည်း ရက်ရောတတ်တဲ့ စေတနာ စိတ်ထား ကို သိသာထင်ရှားစေပါတယ်။ တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှုအကြောင်း သိရှိခံစားပြီးဆိုရင် တိုင်းရင်းသားတို့ရဲ့ ရိုးရာအကနှင့် ရိုးရာပွဲတော်ဖက်ကို အာရုံရောက်သွားကြလိမ့်မယ်လို ့ယုံကြည်မျော်လင့်ပါတယ်။

ချင်းတိုင်းရင်းသားတို့ရဲ့ ရိုးရာအကဟာ ဝါးညှပ် အကဖြစ်သလို ဂေဘားတိုင်းရင်းသားတို့ရဲ့ ရိုးရာအကဟာလည်း ဝါးညှပ်အကပဲ ဖြစ်ပါတယ်။ ထိုနည်းတူပဲ တစ်ပင်တိုင်အက ယိမ်းအကတို့ဆိုရင် မြန်မာ(ဗမာ)တိုင်းရင်းသားတို့ရဲ့ ရိုးရာအကဖြစ်သလို ဒုံးယိမ်းအကဟာ ကရင်တိုင်းရင်းသားတို့ရဲ့ ရိုးရာအကပဲဖြစ်ပါတယ်။

တံခွန်တိုင်ပွဲတော်ဟာ ကယားတိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်ဖြစ်ပြီး မနောတိုင်ပွဲတော်ဟာ ကချင်တိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်ပဲ ဖြစ်ပါတယ်။ ဒါတွေမကသေးပါဘူး။ တောင်ယာလယ်ယာလုပ်ငန်း စိုက်ပျိုးလုပ်ကိုင်လို့ ပြီးစီးတဲ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ ဒီးကူပွဲတော်ဟာ ကယားတိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်ဖြစ်သလို စပါးကောက်ပဲသီးနှံ ရိတ်သိမ်းလို့ ပြီးဆုံးတဲ့ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်တဲ့ ပွဲတော်ဟာ ရှမ်းတိုင်းရင်းသားတို့ရဲ့ ရိုးရာပွဲတော်ပဲ ဖြစ်ပါတယ်။

တိုင်းရင်းသားလူမျိုးစု အားလုံးဟာ ရှေးယခင်ကတည်းက တသွေးတည်း၊ တသားတည်း သွေးချင်းညီအစ်ကိုရင်းချာတွေ ဖြစ်ကြတယ်ဆိုတာ သူတို ့ရဲ့ တူညီတဲ့ ယဉ်ကျေးမှုအကနှင့် ပွဲတော်တွေက သမိုင်းသက်သေတွေပဲ မဟုတ်လား။

နေရာဒေသ ကွဲပြားမှု တစ်ခုတည်းကိုသာကြည့်ပြီး အချင်းချင်းအကြား အမုန်းပွားကြမယ့်အစား တူညီတဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာတစ်ခုတည်းရဲ့အောက်မှာ တလှေတည်းစီးရင်း ဘဝခရီးတစ်ခုကို အတူအကွ လျှောက်လှမ်းသွားကြပါစို့လို ့တိုက်တွန်းရေသားလိုက်ရပါတယ်။ အမုန်းတရားကြားမှ အပြုံးတွဲလက်များ ခိုင်မြဲပါစေ။

spot_img
spot_img

Recent posts