spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အလှူရှင်တွေရဲ့ ရေတွေနဲ့ ချွေတာသုံးစွဲပြီး ပီတိဖြစ်နေကြသူများ

Author

Date

Category


ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲက ဒေါတကလဲကျေးရွာရဲ့ ရေသိုလှောင်ထားတဲ့ ကန်ကြီးထဲကနေ မနက်အစော ရွာသူရွာသားတွေက ရေသယ်ဖို့ ဗုံးအဝါတွေနဲ့ အလှည့်ကျ တန်းစီပြီး ရေသယ်ယူနေကြပါတယ်။

တစ်ရွာလုံးက သောက်သုံးရေအတွက် ရေအလှူရှင်တွေ ရေလာလှူမှာဖြစ်လို့ အရင်ကတည်းက စုဆောင်းထားတဲ့ ရေတွေကို စည်းကမ်းတကျနဲ့ ခွဲတမ်းအရ ရေတွေလာရောက်သယ်ယူနေကြတာဖြစ်ပါတယ်။

ကလေးတွေ မိခင်တွေမှာလည်း တကိုယ်ရေသန့်ရှင်းရေးအတွက် နေ့စဉ်နဲ့အမျှ အသွားအပြန်နေ့ဝက်လောက်ဝေးတဲ့ ရေထွက်ပေါက်မှာ သွားပြီးအသုံးပြုနေကြရပါတယ်။

ဖရူဆိုမြို့နယ် ဒေါတကလဲဒေသခံ အမျိုးသမီးတဦး က

“တောင်တက်တောင်ဆင်းနဲ့ ရေသွားခပ်ရတာ အရမ်းပင်ပန်းဆင်းရဲရပါတယ်။ ဒီဘက်မှာသွားခပ်ရင်တော့နီးတယ်။ ဒီဘက်သွားရင် နေကလည်းပူတယ်။ ကျမတို့ကလေးတွေနဲ့ဆိုတော့ ခေါ်သွားရတယ်။ ရေသောက်ဖို့ထည့်သွားရတယ်။ အကျီတွေလျှော်ရင် ထမင်းပါထုပ်သွားရတယ်။ ကလေးတွေကိုပါခေါ်သွားရတော့ တခါတလေ ငိုယိုပြီးခေါ်သွားရတယ်။ အရမ်းပင်ပန်းတော့ တနေကုန်ဆိုရင် နှစ်ခေါက် သို့မဟုတ်ရင် သုံးခေါက်လောက် သွားခပ်တယ်။” လို့ပြောပါတယ်။

ရေအလှူရှင်ရောက်မလာတာ ကြာလို့ အခုလို ရေအလှူရှင်ရောက်လာတဲ့အတွက် ဒေသခံတွေမှာ ဝမ်းသာပီသိတွေ ဖြစ်ရတယ်လို့ဆိုပါတယ်။

“အခုလို ရေလာလှူတဲ့သူတွေအရမ်းကို ကျေးဇူးတင်ကြောင်းပြောချင်တယ်။ သူတွေလည်း ကုသိုလ်တွေ အများကြီးရပါစေလို့ ဆုတောင်းပေးချင်တယ်။ သူတို့ တခါတခေါက်လောက်လာ လှူပေးတာကိုလည်း အရမ်းကျေးဇူးတင်တယ်။” လို့ ၎င်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

မတ်လ ၂၃ ရက်နေ့မှာ ရွှေလွိုင်ကော်ပရဟိတအဖွဲ့ကနေ ရေအလှူရှင်တွေ ရေလာလှူသွားကြတာဖြစ်ပါတယ်။ အခုလို ရေအလှူရှင်တွေ ရောက်လာတဲ့အချိန်ဆိုရင်တော့ ရေတွေကို စည်းကမ်းတကျ ခွဲတမ်းနဲ့ အသုံးပြုနေကြတာဖြစ်ပါတယ်။

ခွဲတမ်းအရ စနစ်တကျ ရေလာခပ်နေတဲ့ ဒေသခံအမျိုးသမီတစ်ဦး က “အခုလိုရေလာလှူတဲ့သူရှိရင်တော့ များများခွဲလို့ရတယ်။ နည်းနည်းပဲရှိရင် နည်းနည်းစီခွဲကြတယ်။ ဒီလိုပဲ ခွဲတမ်းနဲ့ သုံးကြပါတယ်။” လို့ ပြောပါတယ်။

ဒေါတကလဲကျေးရွာက ဒီးမော့ဆိုမြို့ကနေလည်း သွားလို့ရသလို ဖရူဆိုမြို့ကနေလည်း သွားလာလို့ရပါတယ်။ လမ်းပန်းဆက်သွယ်ရေး အရအခက်အခဲဖြစ်ပြီး တောင်ပေါ်ဒေသဖြစ်တာကြောင့် ရေသွားလာလှူဒါန်းဖို့လည်း အခက်အခဲ ရှိနေကြတဲ့ ရွာဖြစ်ပါတယ်။

တကိုယ်ရေ သန့်ရှင်းဖို့အတွက် အထူးလိုအပ်နေပေမယ့်လည်း တကိုယ်ရေသန့်ရှင်းရေးအပိုင်းမှာတော့ အားနည်းချက်တွေ ရှိနေကြရပါတယ်။

ဒေါတကလဲကျေးရွာလိုပါပဲ တခြား ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ် ဘက်မှာရှိတဲ့ တောင်ပေါ်ဒေသက ကျေးရွာတော်တော်များများမှာ ရေရှားပါးတဲ့ ပြဿနာတွေ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။

spot_img
spot_img

Recent posts