spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ ဆုံးရှုံးသွားတဲ့ ပြည်သူတွေကို ဥပဒေအရ ကုစားပေးဖို့ ပြင်ဆင်သွားမယ်လို့ IEC ပြည်နယ်တရားသူကြီးချုပ် ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ဆုံးရှုံးသွားရတဲ့ ပြည်သူတွေအတွက် ဥပဒေကြောင်းအရ ပြန်လည်ကုစားနိုင်ဖို့ ပြင်ဆင်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)ရဲ့ ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ ခူးပိုးရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ဘယ်လိုဥပဒေတွေနဲ့ ပြည်သူလူထုတွေကို အကာအကွယ်ပြုမလဲ ဆုံးရှုံးသွားတဲ့ အသက်၊ အိုးအိမ်စည်းစိမ်တွေ လူ့အခွင့်အရေးတွေကို ဥပဒေအရ ဘယ်လိုပြန်ပြီးကုစားပေးနိုင်မလဲ စတဲ့အရာတွေကို ပြင်ဆင်သွားရမှာပေါ့” လို့ ခူးပိုးရယ်က ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ အစီအမံ ရဲ့အခန်း (၈)၊ အပိုဒ် (၆၃) ပိုဒ်ခွဲ (ဂ) နှင့် ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးဥပဒေ ပုဒ်မ (၇)၊ အပိုဒ်ခွဲ (ဃ) တို့အရ ကရင်နီပြည်နယ် တရားရုံးချုပ်ရဲ့ ပြည်နယ်တရားသူကြီးချုပ်အဖြစ် ခူးပိုးရယ် နဲ့ ပြည်နယ်တရားသူကြီး ခွန်းမာရ်ကို ကို ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့မှာ IEC က အသိပေး ထုတ်ပြန်ထားတာပါ။

ကြားကာလ အစီအမံရဲ့ ပြည်နယ်တရားသူကြီး ချုပ်အဖြစ် တာဝန်ခန့်အပ်တဲ့အပေါ် တရားဥပဒေဆိုင်ရာ ဝန်ထမ်းခန့်အပ်သွားဖို့ ရှိတယ်လို့ ခူးပိုးရယ်က ဆက်ပြောပါတယ်။

“လက်ရှိမှာတော့ ကြားကာလအစီအမံအရကော၊ ကြားကာလတရားစီရင်ရေးဥပဒေအရကော လိုအပ်တဲ့ တရားသူကြီးတွေ၊ ဝန်ထမ်းတွေ၊ တရားရုံးတွေကို ခန့်အပ်တာတွေ တည်ဆောက်နိုင်ဖို့ ပြင်ဆင်ရမှာပေါ့။” လို့ ခူးပိုးရယ်က ပြောပါတယ်။

ဒါ့အပြင် တရားစီရင်ရေးအတွက် လိုအပ်တဲ့အထောက်အပံ့တွေနဲ့ တရားစီရင်ရေးစနစ်ကို လည်ပတ်သွားမယ့်ဗျူဟာတွေကိုလည်း ရေးဆွဲသွားဖို့ ရှိတယ်လို့ သူကဆက်ပြောပါတယ်။

မြေပြင်မှာလည်း IEC တရားရုံးရှိနေပြီဖြစ်တာကြောင့် တရားရေးနဲ့ ဆက်စပ်တဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်သွားနေပြီလို့ ဆိုပါတယ်။

spot_img
spot_img

Recent posts