spot_img
Sunday, December 4, 2022
spot_img

ဩဂုတ်လ စတုထ္တအပတ် ကယန်းဘာသာရေဒီယိုအစီအစဉ်

spot_imgspot_imgspot_imgspot_img

ကယန်းရေဒီယိုအစီအစဥ်
အပတ်စဥ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယိုအစီအစဥ်
စနေနေ့ည (၇) နာရီတိုင်း
ယခုတစ်ပတ်မှာတော့ “လာရောက်ပူးပေါင်းပါက ဆုတော်ငွေချီးမြင့်မည်ဖြစ်ကြောင်း စစ်ကောင်စီတပ်သားများကို KNDF မှဖိတ်ခေါ်” တဲ့သတင်းနဲ့ “ကိုဗစ်လူနာ ၄ ဦးသေဆုံး၊ အတည်ပြုလူနာ (၄၇) ဦးတိုး” သတင်းနဲ့အတူ “နောက်တစ်ကြိမ်‌ မြေစာပင် မဖြစ်ချင်တော့” ဆောင်းပါးနဲ့ John D Bosco ရေးစပ်ထားပြီး Mu Ah Paing သီဆိုထားတဲ့ “Kǎncingu” စတဲ့သီချင်းကောင်းတို့ကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

အသက် ၂၃ နှစ်အရွယ် အာဂ မိခင် မော်ရှားမြာ

မော်ဦးမြာ ( ကန္တာရဝတီတိုင်း(မ်) ) အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ မော်ရှားမြာဟာ လက်ရှိမှာတော့ ကရင်နီပြည်နယ်ရဲ့ စစ်ဘေးဒဏ်ကြောင့် တောတွင်းတနေရာမှာ သွားရောက်တိမ်းရှောင်နေရပြီး ၈ လသားအရွယ် သားတစ်ဦးကို စစ်ဘေးရှောင်နေစဉ် ခက်ထန်ကြမ်းတမ်းစွာ မွေးဖွားခဲ့ရပါတယ်။ ၈ လသားအရွယ် သားလေးဟာ သူမရဲ့ သားဦး ဖြစ်ပါတယ်။ “ကလေးက...

စစ်ရှောင်တစ်ဦးရဲ့ တစ်နေတာ လှုပ်ရှားမှု

ကန္တာရဝတီတိုင်း ( မ် ) ဒေါ်ဖရန်းစစ္စကာဟာ ဒေါငံရောက်ကျေးရွာကစစ်ရှောင်တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာမှာ စစ်ရှောင်နေပါတယ်။ သူမနေထိုင်တဲ့ စစ်ရှောင်စခန်းမှာ ခက်ခဲစွာရှာဖွေစားသောက်နေရပါတယ်။ သူမမှာသားတစ်ယောက်သမီးတစ်ယောက်ရှိပြီး ခင်ပွန်းဖြစ်သူမှာ အဝေးနေရာသို့ သွားရောက်အလုပ်လုပ်ကိုင်နေပါတယ်။ လက်ရှိစစ်ရှောင်မှာ တောင်ယာအနည်းငယ် စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ တစ်နေ့တစ်နေ့တောင်ယာသွားလိုက် ထင်းရှာလိုက် ရေခပ်လိုက်နဲ့ သူမရဲ့တစ်နေ့သာကုန်ဆုံးနေတာပါ။ ဒါဟာကရင်နီပြည်ထဲက စစ်ရှောင်မိခင်တစ်ဦးရဲ့ တစ်နေ့သာလှုပ်ရှားမှု မှတ်တမ်းဖြစ်ပါတယ်။ https://youtu.be/65QVJw2CDpY

ဖယ်ခုံမြို့နယ်က စစ်ဘေးဒုက္ခသည်တချို့ရဲ့ စားဝတ်နေရေးအခက်အခဲအပေါ် ပြောစကား

  စစ်ရှောင် တစ်နှစ်ကျော်ကြာကာလအတွင်း ဖယ်ခုံမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေဟာဆိုရင် အလှူရှင်တွေကို အဓိကမှီခိုနေရပေမယ့် စားဝတ်နေရေးအတွက် တနိုင်တပိုင် ဖြေရှင်းနေကြတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီး စစ်ဘေးဒုက္ခသည်တချို့ရဲ့ ပြောဆိုချက်ကို သွားရောက်မေးမြန်းတင်ဆက်ထားတာဖြစ်ပါတယ်။ စစ်ရှောင်အမျိုးသမီး တစ်ဦး “ ရွာမှာတော့ အိမ်မရှိတော့ဘူး။ အိမ်လောင်ကုန်ပြီလေ။ ဒီမှာလာနေတာ ဒေသခံတွေ တောင်ယာပေးလုပ်တယ်လေ။ တောင်ယာစပါးနည်းနည်းလုပ်တာ ကြွက်နဲ့...

စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ သင်ပုန်းမလုံလောက်၊ မိုးကာပေါ် စာရေးသင်ကြားနေရ

ကန္တာရဝတီတိုင်း( မ် ) ဒီးမော့ဆိုအနောက်ဖက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုမှာ KG တန်းအတွက် စာသင်ပုန်းမလုံလောက်တဲ့အတွက် ကျောင်းက အမိုးအကာ ပေါ်မှာ စာရေးသင်ကြားပေးနေရတယ်လို့ ဆရာမ တစ်ဦးက ပြောပါတယ်။ "ကျမတို့ KG တန်းမှာ White Board မရှိတော့ ဆရာမတစ်ယောက်ကနေပြီးတော့ မိုးကာပေါ်မှာဘဲ စာရေးပေးရတယ် အဲလိုမျိုးပေါ့။" လို့...