spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါက်တာ ဘာဘရာငယ်ငယ်နှင့် အင်တာဗျူး

Author

Date

Category

ထျိုးမြာ

၆၅ နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားတွင် ပြသသွားသည့် ကျန်းမာရေးဌာနပြခန်းအတွင်း သွားရောက်လေ့လာခဲ့စဉ် မြင်တွေ့ခဲ့ကြရသည့် ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍများနှင့် ပတ်သက်၍ ကလေးကျန်းမာဖွံ့ဖြိုးရေးစီမံချက် အဖွဲ့ခေါင်းဆောင် ဆရာဝန် ဖြစ်တဲ့ ဒေါက်တာ ဘာဘရာငယ်ငယ်ကို ကန္တာရဝတီတိုင်း(မ်) သတင်းထောက်များက တွေ့ဆုံမေးမြန်းခဲ့တာတွေကို ကောက်နုတ်တင်ပြထားလိုက်ပါတယ်။

မေး။ ။ ပြခန်းမှာပြသွားတဲ့ ၂၀၁ဝ ခုနှစ်က ကနေ ၂၀၁၆ ခုနှစ် အထိ HIVပိုးရှိတဲ့လူဦးရေဇယားက ရှင်းပြပေးပါအုံး။

ဖြေ။ ။ AIDS ကဆေးတွေကို ပိုပြီးတိုးပေးလာနိုင်တယ်။ လူနာတွေကိုလည်း ပိုပြီးရှာဖွေ ဖော်ထုတ်လာနိုင်တယ်ပေါ့။ ဂိုက်လိုင်းတွေပိုပြီးတော့ ပေးလာနိုုင်တယ်။ ကျမတို့ HIV ကိုက်လိုင်းဆိုရင် အရင်တုန်းကဘယ်လောက်ပေးမယ်တို့ဘာတို့တွေရှိတယ်။ အဲ့ကိုက်လိုင်းလည်း ကျမတို့တစ်ဖြေးဖြေးနဲ့ HIVပိုးရှိတဲ့လူတွေကို ပိုပိုပြီးပေးလာနိုင်တဲ့အမျှ လူနာဦးရေတွေကလည်း ဒီလိုတက်လာဖြစ်တယ်ပေါ့။

မေး။ ။ သူတို့ကို ဘယ်လိုမျိုးကျန်းမာရေးစောင့်ရှောက်ခွင့်ပေးထားလဲ။
ဖြေ။ ။ ကျမတို့ ART ပေးဖို့ဆိုရင်တော့ ဒီဘက်ကို register ဝင်တဲ့သူတွေပေါ့နော လာပြီးပြတယ်။ မှတ်ပုံတင်ထားတယ်ဆိုလို့ိရှိရင် သူတို့ကို ပုံမှန်ဆေးစစ်မှုလည်းပေးတယ်ပေါ့နော။ ပြီးလို့ဆိုရင် သတ်မှတ်ချက်နဲ့ဝင်တယ်ဆိုလို့ရှိရင် ကျမတို့ ART ကိုအလကားပေးတယ်ပေါ့နော။ နှစ်မျိုးလုံးပေးတယ်။ ကျမတို့ဆေးရုံဘက်မှာလည်း ကုသမှုပေးနေသလို ဒီပြည်နယ်ရုံးဘက်ကနေဆိုရင်လည်း ဆေးပေးနေတာတွေရှိတယ်ပေါ့နော။

မေး။ ။ သူတို့ကို ဂေဟာလိုမျိုးတွေထားပေးတာတွေရှိလာ။
ဖြေ။ ။ ဂေဟာမျိုးတွေကတော့ လောလောဆယ်မရှိသေးဘူးပေါ့နော။ ကျမတို့ လူမှုရေးအဖွဲ့အစည်းတွေလုပ်နေတဲ့ မေတ္တာဖြိုးဝေတို့လိုမျိုးပေါ့နော အဲ့လိုမျိုးတွေတော့ရှိတယ်။

မေး။ ။ သူတို့တွေရဲ့ အဓိက လိုအပ်ချက်ကဘာဖြစ်မလဲ။
ဖြေ။ ။ သူတို့အတွက်ကတော့ ကျမတို့ဘက်ပေးနိုင်တာကတော့ လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေတော့ အကုန်ပေးတယ်ပေါ့နော။ သူတို့အတွက်လိုအပ်တဲ့ သွေးဖြုဥတွေဘယ်လောက်ကျသွားပြီလဲပေါ့နော အဲ့ဒါတွေကိုတော့ ကျမတို့အလကားစစ်ပေးတယ်။ ဆေးသောက်နေရင်းနဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေပေါ့နော ရှိလာလားဆိုတဲ့ဟာမျိုးတွေကျတော့လည်း ကျမတို့ပုံမှန်စစ်ပေးတယ်ပေါ့နော။ ဆေးသောက်ဖို့လိုတဲ့လိုတဲ့လူနာတွေဆိုလည်း ဆေးတွေပေးတယ်ပေါ့။ အဲ့လိုမျိုးတွေတော့ လုပ်ပေးနေတယ်ပေါ့နော။ ပြီးတော့ သူတို့ရဲ့တစ်ခြားလိုအပ်ချက်တွေဆိုရင်လည်း ကျမတို့ လူမှုရေးအဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ပြီးတော့ လုပ်ပေးတယ်ပေါ့နော။

မေး။ ။ တစ်ခြားနိုင်ငံမှာဆိုရင်ကော သူတို့တွေရှောင်ဖယ်မခံရအောင်ပေါ့နော သူများတွေဘယ်လိုလုပ်ပေးလေ့ရှိလဲ ပြီးတော့ ကျမတို့ပြည်နယ်မှာဆိုရင်လည်း သက်ဆိုင်ရာက ဘယ်လိုမျိုးလုပ်သင့်တယ်ပေါ့နော။
ဖြေ။ ။ AIDS လူနာတွေက ခွဲခြားဆက်ဆံမခံရဖို့ဆိုတာ ကတော့ ကျမတို့ပြည်သူလူထုကို အစဉ်မပျက်အသိပညာပေးတာတွေလည်း လုပ်နေပါတယ်ပေါ့။ ပြီးတဲ့အခါကျတော့ သူတို့အချင်းချင်းပေါ့နော။ ဝေဒနာရှင်အချင်းချင်းတွေ့ဆုံပြီးတဲ့အခါကြလို့ရှိရင် အချင်းချင်းအားပေးတဲ့ပုံစံဖြစ်အောင်လည်း ကျမတို့လုပ်ပေးတဲ့အစီအစဉ်မျိုးလေးတွေလည်းရှိပါတယ်ပေါ့နော။ ပြီးတော့ တစ်ခြားလူမှုရေးပြသနာတွေရှိရင်လည်း ကျမတို့ဆေးလူမှုဆက်ဆံရေးအဖွဲ့ကနေပြီိးတော့ ၊ NGOကနေပြီးတော့ ပေါ့နော ကျမတို့လုပ်ပေးတာတွေရှိပါတယ်။

မေး။ ။ ရောဂါဝေဒနာရှင်က အများအားဖြင့် ဘယ်လိုကူးစက်မှုခံရတာလဲ။
ဖြေ။ ။ ဒါကတော့ ကူးဆက်နည်းတွေကတော့ အမျိုးမျိုးရှိတယ်ပေါ့နော။ လိင်ကနေတစ်ဆင့်ကူးဆက်တာတွေရှိမယ် ပြီးတော့ ကျမတို့ဒီလိုသွေးသွင်းတာတွေကနေတစ်ဆင့်ကူးဆက်တာတွေရှိတယ်။ အမေကနေ ကလေးကို ကူးစက်တာတွေလည်းရှိမယ်။ အဲ့လိုမျိုးပေါ့နော။

မေး။ ။ အဲ့လိုမျိုးကူးစက်ပြီးတော့ဆုံးသွားတဲ့လူနာဘယ်လောက်ရှိလဲ။
ဖြေ။ ။ ရှိတာပေါ့။ HIV/ AIDS ရောဂါနဲ့ပေါ့နော။ ကျမတို့ဆေးကုသမှု မခံယူဘူးဆိုရင် ကျမတို့ကိုယ်ခံအားတွေတစ်ဖြေးဖြေးကျဆင်းလာတာတွေရှိတယ်ပေါ့နော။ သွေးဖြူဥတွေကျလာတာနဲပ အမျှ သူကတစ်ခြားရောဂါတွေ ဝင်လွယ်တာပေါ့နော။ အဓိကဆိုရင် တီဗီတို့ အဲ့လိုမျိုး နောက်ဆိုရင် သူ့ရဲ့နောက်ဆက်တွဲရောဂါပေါ့နော။ ဘေးထွက်ဆိုးကျိုးတွေနဲ့ သေတာတွေရှိပါတယ်။ ဒါကတော့ အကယ်၍ဆေးကုသမှုကို ပုံမှန်ခံယူမယ်ဆိုရင် တော့ ဒီဝေသနာရှင်တွေက သက်တမ်းဆင့်ပေါ့နောနေနိုင်မှာဖြစ်တယ်ပေါ့နော။

မေး ။ ။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ နောက်အခု ဒီမှာလည်း ကာကွယ်ဆေးတွေထိုးနေကြတာတွေတွေ့ရတယ်။ ကလေးကာကွယ်ဆေးနဲ့ပတ်သက်ပြီးတော့တချို့နယ်စွန်နယ်ဖြားမှာဆိုရင်အခက်အခဲ ရှိပြီးတော့ ဆရာမတွေပေါ်မှာလည်းသွားလာရေးလည်းခက်ခဲတယ်။ အဲ့လိုမျိုးဆိုရင် ဘယ်လို့မျိုးကာကွယ်ဆေးပုံမှန် ရရှိအောင်ဆိုဘယ်လိုမျိုးလုပ်ဆောင်ကြပါသလဲ။

ဖြေ ။ ။ ခက်ခဲတဲ့ဒေသတွေမှာပေါ့နော် အဲ့ဒီခက်ခဲဒေသမှာသွားရောက်ပြီးတော့ ကာကွယ်ဆေးထိုးနိုင်တဲ့အပိုင်းမှာပေါ့နော အရင်တုန်းကလည်းအားစိုက်ပြီးတော့လုပ်ပါတယ်။ အခုကတော့ပိုမိုပြီးမှတော့ ဖြည့်စွက်လုပ်ရအောင်လို့ဆိုပြီး ကျမတို့ Civil Health an Development Network (CHDN) လို့ခေါ်တဲ့ ကျမတို့တိုင်းရင်သားအဖွဲ့ တွေကို ဒီဘက်ကျမတို့ ကျန်မားရေးဘက်ကနေပြီး လိုအပ်တဲ့ခါကျလိုရှိရင် သင်တန်းတွေပေးတယ်ပေါ့နော။ သင်တန်းတွေ ပေးပြီးတဲ့အခါကျတော့ သူတို့နဲ့ပူးပေါင်းလုပ်ကိုင်တာ တွေရှိပါတယ်။

မေး ။ ။ သူတို့တွေနဲ့ပူးပေါင်းဆောင်ရွက်တာ ကာကွယ်ဆေးရှိမှာပေါ့နောဆရာမ။ တခြားတွေကော ဘာတွေရှိသေးတာလဲဆရာမ။

ဖြေ ။ ။ အော် ရှိပါတယ်။ ဒီကလေးမွေးတာနဲ့ ပတ်သက်ပြီးမှာ မိခင်ကျန်းမာရေး မှာဆိုရင်သူတို့နဲ့လက်တွဲပြီးတော့လုပ်ဆောင်နေတာရှိပါတယ်။ လက်တွဲပြီးတော့လုပ်ဆောင်နေကြပါတယ်ပေါ့နောဒီကယားပြည်နယ်ကပြည်သူလူထုတွေရဲ့ ကျန်းမာရေးတွက်CHDNနဲ့ ကျမတို့ဒီဘက်က ကျမတို့ရဲ့ကျန်းမာရေးနဲ့ လက်တွဲပြီတော့ လုပ်ဆောင်တာတွေရှိပါတယ်။

မေး ။ ။ ဟုတ်ကဲ့ ဆရာမ အရမ်းဝေးတဲ့ရွာတွေမှာ တစ်ခုခုပေါ့နော်အရေးပေါ်ဖြစ်လို့ရှိရင်ပေါ့နော ကိုယ်ဝန်ဆောင်မိခင်ဖြစ်ဖြစ် ကလေးတွေဖြစ်ဖြစ် တစ်ခုခုဖြစ်လို့ရှိရင် အမြန်ဆုံးဆေးရုံ ဆေးပေးခန်း အနီးစပ်ဆုံးသွားဖို့က အရမ်းခက်ခဲတယ်လေး ဆရာမ။ အဲ့လို့မျိုးဆိုရင် ဘယ်လို့လုပ်ရမှာလဲ။

ဖြေ ။ ။ အရမ်းခက်ခဲတယ်ဆိုတာကို ဘာကိုဆိုလိုတာလည်းမသိဘူးနော။ ကျေးလက်ကျန်းမာရေးဌာနခွဲ တွေဆိုလည်းတော်တော်များများဖွင့်ပြီးတော့ ဆရာမတွေနဲ့လည်း ကျမတို့တာဝန်ထမ်းဆောင်နေတဲ့ ခါကျတော့လေး ဒါကတော့ အမတို့ဘာကိုဆိုတာလည်းပေါ့အဲ့တစ်ချက်။

မေး ။ ။ နောက်တဆက်တည်း ဒီမှာပြသထားတဲ့ ဒီသွေးလွန်တုပ်ကွေးတွေ ငှက်ဖျား မဖြစ်အောင်လေး အသိပေးတာလည်းရှိပါတယ်။ ကျမတို့ဘက်မှာဒါပေမဲ့ ပိုးလောက်လန်းတွေလည်းအိမ်တိုင်လည်းရှိနေတယ်ပေါ့နော အဲ့လိုမျိုးဘယ်လို့ ဖြစ်သင့်လဲ ။ ဘာလုပ်သင့်လဲ။

ဖြေ။ ။ အော် အဲ့ဒီကျတော့လေး သွေးလွန်တုပ်ကွေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ပေါ့နော သွေးလွန်တုပ်ကွေးမှာကျတော့ ဥပမာ- ရောဂါဖြစ်သွားပြီဆိုလိုရှိရင် ရောဂါဖြစ်တဲ့အချိန်မှာပဲ ကျမတို့က ဆေးမှုတ်တာတွေဘာတွေလုပ်တယ်ပေါ့နော ဘာလိုလဲဆိုတဲ့ခါကျတော့ ဆေးမှုတ်လိုက်တာကြတော့ အဲ့ဒီချိန်မှာရှိတဲ့ အဲ့ဒီရောဂါဖြစ်ပွားနေတဲ့ ခြင်တွေကိုပဲသတ်မှာပေါ့နော ခြင်တွေကိုပဲသတ်မှာ အဲအချိန်မှာပဲခြင်တွေကသေသွားမှာ ဒါပေမဲ့ပိုးလောက်လန်းဘာတို့ကျတော့ အမြဲပြန်ဖြစ်နေမှာပဲလေး သူတို့ကိုအဲ့လို့မျိုးမပေါက်ပွားအောင်လုပ်လိုက်လို့မရဘူးပေါ့နော။ အဲ့ဒါကျတော့ ကျမတို့အမြဲ ပြည်သူတွေကိုပညာပေးနေတဲ့အတိုင်းပဲပေါ့နော ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ အဲ့ဒီ ရေအိုးဖုံးတာတို့ ရေပီပါတွေကိုဖုံးတာတို့ အဓိကလုပ်ဆောင်ရမည့်အချက်တွေဖြစ်တယ်ပေါ့နော။

မေး ။ ။ အဲလိုမျိုးသွားစစ်ဆေးလို့ အဲ့လိုမျိုးရှိလို့ရှိရင် အရေးယူဆောင်ရွက်တာတွေဘာတွေဥပဒေတွေ ရှိလားဆရာမ။

ဖြေ ။ ။ လောလောဆယ်ဥပဒေကတော့တဲ့ ဥပဒေကတော့ လောလောဆယ်တော့မရှိဘူးပေါ့နော ဥပမာ သူ့များနိုင်ငံတွေလိုမျိုး အိမ်တစ်အိမ်မှာ ပိုးလောက်လန်းတွေ့လို့ရှိရင် အဲ့အိမ်ရှင်ကိုဒဏ်ခတ်တာ အဲ့လောက်ထိတော့ကျမတို့မလုပ်နိုင်သေးပါဘူးပေါ့နောပြည်သူတွေကိုပညာပေးတဲ့အဆင့်တော့ရှိ ပါတယ်။

 

spot_img
spot_img

Recent posts