spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၁၆ ရက်တာ လုပ်ရှားမှုကို ငြိမ်းစုစီ တင်ပြီး ဆက်လက်ပြုလုပ်သွားမည်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုး သမီးအစည်းအရုံးက ပြုလုပ်တဲ့ ၁၆ ရက်တာ လုပ်ရှားမှု ပိတ်ပင်ခံရတဲ့အတွက် သက်ဆိုင်ရာ ရဲဌာနကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည်လည်ခွင့်(ငြိမ်းစုစီ) တင်ပြီး ဆက်လက်ကျင်းပသွားမယ်လို့ အတွင်းရေးမှူး – ၃ မော်ဘျားမာဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ ဘောလခဲမှာ ငြိမ်းစုစီဆိုတဲ့ဟာနဲ့ တင်ခိုင်းတယ် ဆိုတော့ ကျမတို့လည်း တင်လိုက်တယ်။ ကျန်တဲ့ မြို့နယ်ကိုလည်း ကျမတို့ လုပ်ဖို့ရှိတယ်ဆိုတော့ ကျမထင် ကျန်တဲ့ မြို့နယ်တွေကလည်း အုပ်ချုပ်ရေးမှုးတွေကလည်း အကုန်လုံး သိကုန်ပြီပေါ့နော။ သူတို့တွေပဲ အကြောင်းကြားတာလား ဘာလားတော့ မသိဘူးပေါ့နော ဒါပေမဲ့ ကျမတို့ အုပ်ချုပ်ရေးမှုးတွေကို ဖုန်းဆက်တော့လည်း အုပ်ချုပ်ရေးမှုးတွေက သူတို့က မလုပ်ရဲတော့ဘူးပေါ့နော လက်မခံရဲတော့ဘူး။ ကျမတို့က ဖားဆောင်းနဲ့ မယ်စဲကိုလည်း ၄၈ နာရီဟာနဲ့ပဲ တင်လိုက်တယ်ပေါ့နော။” လို့ မော်ဘျားမာဦးက ပြောပါတယ်။

၄၈ နာရီကြိုတင်အကြောင်းကြားခြင်း ပြုလုပ်ရတဲ့ ငြိမ်းစုစီအရ ဟောပြောပွဲတွင် နိုင်ငံရေးဆိုင်ရာ အသုံးအနှုန်းများကို သုံးစွဲခွင့် မပြုဘူးလို့ သိရပါတယ်။ အခမ်းအနားအတွင်း နိုင်ငံရေးဆိုင်ရာ အသုံးအနှုန်းများကို သုံးစွဲပါက သက်ဆိုင်ရာများက ဝင်ရောက်တားဆီးပြီး အရေးယူသွားမှာဖြစ်တယ်လို့ မော်ဘျားမာဦးကထံကနေ သိရပါတယ်။ ကရင်နီအမျိုးသမီး အစည်းအရုံးမှ ခွင့်ပြုမိန့်တင်ပြီး ဖားဆောင်းမြို့နယ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

“ အဓိက မပြောရတဲ့ဟာပေါ့နော ခုနကလည်း ကျမသူတို့ကို မေးတယ်။ အဓိက မပြောရဘူးဆိုတဲ့ဟာမျိုးထဲမှာ ဘာတွေ အဓိက မပြောရဘူးလဲ ဆိုတော့ ရဲမှုးက အဓိက နိုင်ငံရေးပေါ့နော နိုင်ငံရေးအကြောင်း မပြောရဘူး။ ကျမကလည်း မေးတယ် ဘယ်လို စကားလုံးတွေက နိုင်ငံရေးထဲမှာ ပါတယ်ဆိုတာ ရှိမယ်ဆိုရင် ကျမတို့ကို တခါတည်း ပေးလိုက်ပေါ့နော။ သူတို့ ပြောတာကတော့ နိုင်ငံရေး ဆိုတာကတော့ မပြောရဘူးဆိုတာက ပါတီအတွက် အကျိုးပြုတဲ့ဟာမျိုးပေါ့ အဲ့ဒီဟာတော့ နိုင်ငံရေးပေါ့ မပြောနဲ့ပေါ့လို့ ပြောတယ်။” လို့ မော်ဘျားမာဦးက ပြောပါတယ်။

ဒီလိုအမျိုးသမီးအခွင့်အရေးအတွက် ပြုလုပ်နေတဲ့ လှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ်လုပ်ခွင့်မရသေးတာတွေဟာ လွှတ်တော်မှာ အမျိုးသမီးတွေအတွက် ကိုယ်စားပြုပေးနိုင်တဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ မရှိသေးတာကြောင့်ဖြစ်တယ်လို့ ကယန်းအမျိုးသမီး အစည်းအရုံးက မူလားကော်ရက်တီကပြောပါတယ်။

“ဒီလွှတ်တော်ထဲမှာ တကယ့် အမျိုးသမီးတွေအတွက် ကိုယ်စားပြုပြီးတော့ အသံပြုပေးနိုင်မဲ့ အမျိုးသမီး ကိုယ်စားလှယ်လေးတွေ မရှိနေသေးတာလည်း ဖြစ်နိုင်တယ်။နောက်ပြီးတော့ ဒီသက်ဆိုင်ရာ အစိုးရဌာနတွေမှာပေါ့နော တကယ့်ကျမတို့ အမျိုးသမီးတွေအတွက် စကားပြောပေးမဲ့ အမျိုးသမီးတွေအသံကို ဦးဆောင်ပေးမဲ့ ကိုယ်စားလှယ် အမျိုးသမီး ဝန်ထမ်းတွေ အစိုးရဝန်ထမ်းတွေ လွှတ်တော်တွေ မတက်နိုင်သေးတော့ ပိုပြီးတော့ ဆိုးရွားတဲ့အခြေအနေတစ်ခုလို့ သုံးသပ်ပါတယ်။ ” လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) မှ အထွေအထွေ အတွင်းရေးမှုး မူလားကော်ရက်တီက ပြောပါတယ်။

၁၆ ရက်တာ လှုပ်ရှားမှုဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး အသိပညာပေးတွေကို ဟောပြောတဲ့ လုပ်ရှားမှုဖြစ်ပြီး ကမ္ဘာအဝန်းမှာ အသိမှတ်ပြုထားတဲ့ လှုပ်ရှားမှုတခုဖြစ်ပါတယ်။

spot_img
spot_img

Recent posts