spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“၂၀၀၈ ကတော့ ကျတော်တို့လိုချင်တဲ့ဖယ်ဒရယ်ပြည်ထောင်စု၊ ကျတော်တို့လိုချင်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကတော့ အလားအလာမကောင်းပါဘူးလို့ ကျတော်အဲလိုဘဲပြောချင်ပါတယ်”

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဇွန်လ ၂၁ ရက်နေ့သည် ကရင်နီအမျိုးသားနေ့ဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပရှိ ကရင်နီအမျိုးသားများက အမျိုးသားနေ့အခမ်းအနားကို ကျင်းပလျက်ရှိကြပါတယ်။

ယခုဆိုလျှင် ၁၄၄ နှစ်မြောက်ရှိပြီး ဖြစ်သော်လည်း ပြည်တွင်းတွင် နေထိုင်ကြသည့် ကရင်နီအမျိုးသားအများစုသည် ၎င်းနေ့ထူးနေ့မြတ်ကို သိရှိခွင့်၊ လေ့လာခွင့်မရရှိခဲ့ကြပေ။

၂၀၁၃ခုနှစ်မှာမှစပြီးတော့ ဒီးမော့ဆိုမြို့နယ် ဆိုဘောသဲရွာမှာ စတင်ပြီးတော့ စည်ကားသိုက်မြို့က်စွာ ကျင်းပခဲ့ကြပါတယ်။ အဲဒီချိန်တုန်းကတော့ ပြည်နယ်အစိုးရအပါအဝင် ၊ ပြည်ထောင်စုအစိုးရကော ၊ တပ်ပိုင်းဆိုင်ရာ ထိပ်ပိုင်းအရာရှိတွေကော တက်ရောက်အားပေးခဲ့ကြပါတယ်။

အခုလက်ရှိအခြေအနေမှာတော့ ပြည်နယ်အစိုးရ တက်ရောက်လာတာ မတွေ့ရပါဘူး။ ဒီလိုအခြေအနေအထားနဲ့ လက်ရှိ သမိုင်းအပေါ် ကြုံတွေ့နေကြရခြင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ခူပလုရယ်အား ကန္တာရဝတီတိုင်း(မ်)မှ တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြထားပါသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူး (၁) ခူပလုရယ်

မေး ။ ။ ကရင်နီအမျိုးသားနေ့ရှိတယ်ဆိုတာ ပြည်တွင်းမှာရှိတဲ့ ကရင်နီမျိုးနွယ်စုတော်တော်များများက မသိကြပါဘူး။ ဘာကြောင့်ဒီလိုတွေဖြစ်လာခဲ့ရတာလဲ။ ဘာဖြစ်သင့်လဲ။

ဖြေ။ ။ ကျတော်တို့ကရင်နီအမျိုးသားနေ့ရှိတယ်ဆိုတာ မသိကြတဲ့အကြောင်းရင်းကတော့ သမိုင်းကြောင့်ပေါ့လေး ကျတော်တို့ပမာပြည်မှာကျောင်း တွေမှာရော သမိုင်းရေးတဲ့နေရာတွေမှာရော ကျတော်တို့တိုင်းရင်းသားလူမျိုးတွေရဲ့ သမိုင်းကြောင်းတွေကို မထည့်သွင်းဒါတွေ ပါဝင်နိုင်သလို ထည့်သွင်းတဲ့စာအုပ်တွေလဲ ကျတော်တို့ဖြန့်ဝေတဲ့ခါမှာ ကျတော်တို့ဆင်ဆာလုပ်ဒါတို့ အကန့်သတ်နဲ့ ပိတ်ပင်လိုက်တာတို့ အဲတာတွေရှိခဲ့လို့ ဒါကျတော်တို့ လူထုတွေက သမိုင်းမှန်ကို မသိရှိတာ ဖြစ်ပါတယ်။ ဒါကြောင့်ကျတော်တို့ ဒီသမိုင်းမှန်တွေကို ကျတော်တို့ကျောင်းစာအုပ်တွေမှာ ဖော်ပြပေးတာတို့ ကျတော်တို့ သတင်းစာအုပ်စာသားတွေနဲ့ ပြန်လည်ပြီးတော့ ဖြန့်ဝေမယ်ဆိုရင် လူထုတွေအားလုံးပြန်သိလာမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက နို်င်ငံရေးအခြေအနေပေါ့ ကျတော်တို့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအခြေအနေကို သူတို့က မဖော်ပြလိုဘူး။ ကျတော်တို့ (၁၉၄၈) ခုနှစ် ဗမာပြည်လွတ်လပ်ရေးရပြီးတော့ ကျတော်တို့တိုင်းရင်းသားလူမျိုးအားလုံးဟာ မြန်မာပြည်ထဲမှာ သူတို့တွေးလိုက်တာပေါ့လေး အဲဒီမှာ ကျတော်တို့ရဲ့ တိုင်းရင်းသားတွေက အစကသီးခြားလွတ်လပ်တဲ့ လူမျိုးတွေအားလုံးဘဲလေး။ ဒါပေမဲ့ အဲအချိန်မှာ အကုန်လုံးလွတ်လပ်ရေးရတာနဲ့ မြန်မာပြည်တစ်ပြည်ထဲမှာ စုပေါင်းနေမယ်ဆိုတဲ့ ပင်လုံစာချုပ်ကတော့ ဖယ်ဒရယ်ပုံစံပါအစက ဒါပေမဲ့ နောက်ပိုင်းမှာ တစ်ပြည်ထောင်စုစနစ်ဆိုမှ ဖြစ်သွားပါတယ်။ ခုဏကပြည်နယ်တွေရဲ့ သမိုင်းကြောင်းတွေကို အကုန်လုံးပိတ်ပင်လိုက်တယ် မဖော်ပြချင်တော့ဘူးပေါ့ သူတို့ဘက်က အဲလိုဖြစ်ခဲ့တယ် ဒါကြောင့် ဒါနောင်လာနောက်သားဒီတက်လာတဲ့ လူငယ်လူရွယ်တွေကတော့ သမိုင်းမှန်ကို မသိရှိကြတာဖြစ်ပါတယ်။

မေး ။ ။ အမျိုးသားရေးစိတ်ဓတ်ခိုင်မာရှိလာဖို့ လက်ရှိအခြေအနေက ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။

ဖြေ ။ ။ အမျိုးသားရဲ့ဂုဏ်လက္ခဏာတစ်ရပ်အနေနဲ့ပေါ့လေး ကျတော်တို့ကတော့ အမျိုးသားလက္ခဏာအနေနဲ့ပေါ့ ကျတော်တို့ရဲ့ဘာသာစကား ၊ စာပေ ၊ ယဉ်ကျေးမှုတွေပေါ့။ ဒါကကျတော်တို့ ဓလေ့ထုံးတမ်းတွေ ကျတော်တို့ပိုပြီးတော့ မြင့်တင်ဖို့လိုမယ်၊ ပိုပြီးတော့မြင့်တင်ကြဖို့ ကိုယ့်ရဲ့ဘာသာစကား ၊ ကိုယ့်ရဲ့ယဉ်ကျေးမှု ၊ ကိုယ့်ရဲ့ထုံးတမ်း ၊ ဒါကိုမြင့်တင်ကြဖို့ဆိုလိုခြင်းဖြစ်ပါတယ်။ နောက်ပြီးတော့ ကျတော်တို့ ကျတော်တို့မျိုးနွယ်စုတွေပေါ့လေး တစ်ခုနဲ့တစ်ခုပေါ့နော ကျတော်တို့ကဒါတွေကို ပြန်ပြီးတော့ နားလည်လာဖို့လိုတယ်။ ကျတော်တို့ရဲ့ ကရင်နီကတော့ သမိုင်းကြောင်းအရဆိုရင် ဒါအရှေ့ဘက် ၊ အနောက်ဘက်၊ မြောက်ဘက် ၊ တောင်ဘက်ဒါမျိုးပေါ့ ။ ကျတော်တို့ လားခေး၊ လားကယား ၊ မိုးနီး၊ မိုးထေ ဆိုပြီးတော့ ကျတော်တို့ဒါ ဒေသကိုဘဲ ကျတော်တို့ ပြောကြတာဖြစ်ပါတယ်။ ဒါကရင်နီတစ်မျိုးသားလုံးဖြစ်တယ်ဆိုတာကို ကျတော်တို့အားလုံးက ပြန်နားလည်စေချင်တယ်။

မေး ။ ။ လက်ရှိအစိုးရကကော တိုင်းရင်းသားတို့ရဲ့ အမျိုးသားရေး အကျိုးကျေးဇူးအတွက် ဆောင်ရွက်ပေးနေမှု အတိုင်းအတာအနေအထား ရှိမရှိ အမြင်သဘောထား သုံးသပ်ပြောဆိုပေးပါ။

ဖြေ ။ ။ အမှန်ကကျတော်တို့ အစိုးရကတော့ လူထုကနေ ရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရပေါ့နော ၊ လူထုရဲ့အသံကိုတော့ နားထောင်ပေးဖို့တော့ ကျတော်တို့အနေနဲ့မြင်တယ်။ တစ်ချို့အစိုးရက သူတို့ရဲ့စီမံချက်အတိုင်း သူတို့ချမှတ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းပေါ့ ဆုပ်ကို်င်ပြီးတော့လုပ်ဆောင်နေတယ်။ ဒါပေမဲ့ လူထုကကျတော်တို့ ဒီ၂၀၀၈ ကတော့ အလုပ်မဖြစ်ဘူး မကိုက်ညီဘူးဆိုတာ သိတယ် အော်နေကြတယ်။ ဒါပေမဲ့အစိုးရကတော့ ဘာမှပြင်ပေးဖို့ ပြုဖို့က လွတ်တော်မှာဖြစ်ဖြစ်ပေါ့နော ဒီပြည်နယ်လွတ်တော်မှာဖြစ်ဖြစ် လုပ်ဆောင်မှုတွေနည်းနေတယ်။ ဒါလူထုရဲ့အသံကို ဆိုလိုချင်တာကတော့ လူထုရဲ့အသံကိုနားထောင်ဖို့ကအားနည်းနေတယ်။ အဲလိုတော့မြင်ရတယ် ဒါကြောင့် အစိုးရကိုဖြစ်စေချင်တာက လူထုကနေရွေးကောက်ပွဲကနေ လွတ်တော်အမတ်ကနေ ဖွဲ့စည်းထားတဲ့ အာဏာရပါတီက ဖွဲ့စည်းထားတဲ့ အစိုးရဖြစ်သည့်အတွက် အနိုင်ရပါတီကလဲ လူထုတွေရဲ့အသံ ၊ လူထုတွေရဲ့မဲဆန္ဒကို ကြည့်ပေးဖို့ ၊ နားထောင်ပေးဖို့ ၊ ဆိုပြီးတော့ ကျတော်ကတော့ ဒီလိုမျိုးပြောချင်ပါတယ်။

Advertisement

မေး ။ ။ ကရင်နီအမျိုးသားရေးအတွက် အစိုးရကို ဘာတွေလုပ်ဆောင်ဖို့ တိုက်တွန်းလိုပါသလဲ ။

ဖြေ ။ ။ ဒီမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ် ၊ မြန်မာနိုင်ငံရဲ့နိုင်ငံရေးပေါ့နော အားလုံးလူထုတစ်ရပ်လုံးကနေပါဝင်လာမှဘဲ ဖြစ်လာမယ့် ပြောင်းလဲမှုဖြစ်တယ်။ တစ်ဖက်ကလဲ အစိုးရလဲ ဒီငြိမ်းစုစီ ဥပဒေ ၊ ဆိုလိုချင်တာကတော့ ဒီ၂၀၀၈ ကနေ ပြဠာန်းထားတဲ့ ဥပဒေတွေက တော်တော်ကျပ်တည်းတာလား တအားနဲ့တားဆီးထားတော့ ဒါနိုင်ငံရေးပြောခွင့်ဆိုခွင့်ပေါ့၊ ပွင့်လင်းမြင်သာမှုအခွင့်အရေးတွေပေါ့ ၊ လွတ်လပ်ခွင့်တွေ၊ ရေးသားခွင့်တွေ အဲဒါတွေက နဲနေသေးတယ်။ ဒါကြောင့် အဲလိုမျိုးသတင်းလွတ်လပ်ခွင့် ၊ ပြောရေးဆိုခွင့် ခုဏက ရေးသားပိုင်ခွင့်တွေက ပြန်ပြီးတော့နဲနဲ ဖွင့်သင့်တာပေါ့နော။ ဥပဒေတွေကိုလဲ ပြန်ပြီးတော့ သုံးသပ်သင့်တယ်၂၀၀၈ ကတော့ ကျတော်တို့လိုချင်တဲ့ဖယ်ဒရယ်ပြည်ထောင်စု၊ ကျတော်တို့လိုချင်တဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကတော့ အလားအလာမကောင်းပါဘူးလို့ ကျတော်အဲလိုဘဲပြောချင်ပါတယ်။

spot_img
spot_img

Recent posts