spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

၂၀၂၃မှာ စည်းလုံးညီညွှတ်မှုကို အခြေခံတဲ့ တော်လှန်ရေးတစ်ရပ်ကို တက်လှမ်းနိုင်ရန် ရည်မှန်းထားတယ်လို့ KNDF ပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

၂၀၂၃ခုနှစ်မှာ ကရင်နီပြည်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံး စည်းလုံးညီညွှတ်စွာပါဝင်တဲ့ တော်လှန်ရေးတစ်ရပ်ကို တက်လှမ်းနိုင်ရန် ရည်မှန်းထားတယ် လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့ ကရင်နီပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံး ညီညွှတ်ရေးဆိုတာကတော့ လက်ရှိ ကျနော်တို့ ဒီမှာရှိနေတဲ့ လူမျိုးစုတွေ နောက်ပြီးတော့ အဖွဲ့အစည်းတွေပေါ့နော။ အထူးသဖြင့် လက်နက်ကိုင်အင်အားစုတွေပေါ့နော။ လက်နက်ကိုင်အဖွဲ့အစည်းတွေ နောက်ပြီးတော့ ကျနော်တို့ ကရင်နီပြည်မှာ ရှိတဲ့ PDF အဖွဲ့အစည်းတွေပေါ့နော။ ဒါတွေအားလုံး ညီညွှတ်မှုနဲ့ ကျနော်တို့ပြည်တွင်း ကရင်နီပြည်မှာရှိတဲ့ တော်လှန်ရေးကနေပြီးတော့ ဒါတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျနော်တို့ ချိတ်ဆက်နိုင်ဖို့ ကျနော်တို့ ကျနော်တို့ တစ်နိုင်ငံလုံးမှာ လုပ်နေတဲ့ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ သွားနိုင်ဖို့ကို ကျနော်တို့ မျှော်လင့်တာဖြစ်ပါတယ်။” လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အတွင်း ကရင်နီတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ နှစ်တစ်ခုဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

၂၀၂၂ တစ်နှစ်တာအတွင်း KNDF နဲ့ ကရင်နီပူးပေါင်း တပ်ဖွဲ့တွေနဲ့အတူ တိုက်ပွဲပေါင်း (၃၄၁) ကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၈၀၀ ) နီးပါးသေဆုံးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရှေ့တန်းတပ်စခန်း အချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF က ဒီကနေ့ ( ဇန်နဝါရီလ ၆ ရက်နေ့ ) မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း KNDF ရဲဘော် (၆၅) ဦး ရဲရင့်စွာ ကျဆုံးခဲ့ပြီး အာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုတယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ လက်နက်ငယ် (၃၃) လက် နဲ့ လက်နက်ကြီး (၇) လက် နဲ့ ခဲယမ်းအမြောက်အများကို သိမ်းဆည်းရမိခဲ့ပါတယ်။ စစ်သုံ့ပန်း (၁၁) ဦး ဖမ်းဆီးရမိပြီး စစ်ကောင်စီတပ်သား (၇) ဦး ကရင်နီပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၅၀) ကျော် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့် အကြိမ်ပေါင်းမြောက်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ (၁၃) ဦး သေဆုံးခဲ့ပြီး (၆၄) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

KNDF ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ သူတို့ တပ်ရင်း (၂၁) ရင်းမှ တစ်နှစ်တာအတွင်း လုပ်ဆောင်ချက်တွေကို ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်တယ်လို့ ဆိုပါတယ်။

spot_img
spot_img

Recent posts