spot_img
Thursday, June 8, 2023
spot_imgspot_imgspot_imgspot_img

၆မိုင်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ PDF တို့ ၃နာရီကြာတိုက်ပွဲဖြစ်၊ စစ်ကောင်စီဖက် သေဆုံးမှုများပြား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်-ဒီမော့ဆိုလမ်းမကြီးပေါ်ရှိ စံပြ၆မိုင် အနီးမှာ စစ်ကောင်စီတပ်နဲ့ PDF တို့ အပြန်အလှန်ပစ်ခတ်မှု ၃နာရီကြာပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးမှုရှိနေတဲ့အပြင် လက်ရှိ ညနေ ၅နာရီခွဲ အချိန်ထိ ပစ်ခတ်နေဆဲဖြစ်ပါတယ်လို့ မြေပြင်မှာရောက်ရှိနေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို အတည်ပြုပြောကြားပါတယ်။

” ကျတော်တို့ ၂နာရီကတည်းက စပစ်တယ် အခု ၅နာရီခွဲအထိဆိုရင် ၃နာရီခွဲလောက်ကြာပြီ သူတို့ ငွေတောင်ဖက်ကနေ ခြေလျင်နဲ့ အင်အား ၃၀လောက် တက်လာတယ် ဝမ့်လထွားနားရောက်တဲ့အချိန် ၆မိုင် ရွာနားလေးမှာ ကျတော်တို့က ပစ်လိုက်တာ သေဆုံးမှုတွေရှိတယ်။ ၃၀လောက်ကနေ ၆ယောက်ပဲကျန်တာတွေ့တယ်။ ၁၀၂က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ထုနေတယ်။ အခုလည်း လွိုင်ကော်ဖက်ကနေ တင့်ကား အမြောက်ကား ၄စီးနဲ့ အင်အား ၄၀ခန့် ဆင်းလာတယ်လို့ သတင်းရထားတယ်။ အခုထိပစ်နေဆဲပဲမပြီးသေးဘူး။ ကျတော်တို့ဖက်ကတော့ ထိခိုက်မှုမရှိသေးဘူး” လို့ မြေပြင်မှာရောက်ရှိနေသူတစ်ဦးက ညနေ ၅နာရီ မိနစ် ၄၀မှာအတည်ပြုပြောကြားပါတယ်။

ဒီနေ့ နေ့လည်ခင်းကနေစပြီး ဒီမော့ဆိုမြို့တွင်း ရပ်ကွက်၊ ကျေးရွာတွေအထိ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်တွေ ဆက်တိုက် ရမ်းသမ်းပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

ညနေ ၅နာရီဝန်းကျင်မှာ လွိုင်ကော်ဖက်ကနေ ဒီမော့ဆိုသွားတဲ့လမ်းမှာ တင့်ကား အမြောက်ကား ၄စီး အင်အားအပြည့်အစုံနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က သွားပြီးတဲ့နောက်မှာ ပစ်ခတ်သံ၊ ပေါက်ကွဲသံ အဆက်မပြတ် ကြားနေရတယ်လို့ ဒေသခံတွေဆီကနေ ကြားသိရပါတယ်။

Recent posts