Wednesday, December 2, 2020

နိုင်ငံအဆင့်ပြိုင်ပွဲဝင် စကိတ်စီးတဲ့ စောရော်နယ်ကလိုမူးနှင့်တွေ့ဆုံခြင်း

Must read

နှစ်ပေါင်းခြောက်ဆယ် လျှပ်စစ်ဓါတ်အားထုတ်ပေမယ့် ကျေးလက်နေသူတွေခံစားခွင့်မရနိုင်ကြသေး

မီမြာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုမိုစော အုပ်စုမှာ ရှိတဲ့ ခါးဘယ်ကျေးရွာကို ရောက်ဖို့ဆိုရင် ဖရူဆိုမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ သုံးနာရီကြာစီးရပါတယ်။ ခါးဘယ်ရွာကတော့ လမ်းမ နဲ့နီးတဲ့အတွက် ဒိုမိုစောအုပ်စုထဲက တခြားရွာတွေထက်...

ဆိတ်သုန်းနေတဲ့ အမျိုးသမီးထုအသံ လွှတ်တော်အတွင်း မြိုင်ဆိုင်လာတော့မလား

ကရင်နီသူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကနေ အရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက လွှတ်တော်တွေမှာ ယခင်လွှတ်တော်သက်တမ်းထက် (၆)ရာခိုင်နှုန်း ပိုမိုပါဝင်ပြီး ဆွေးနွေးခွင့် ရတော့မှာပါ။ ၂၀၁၅ ခုနှစ်က...

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသအတွက် အရေးပေါ်လူနာတင်ယာဉ်တွေလိုအပ်

အန်ထော်နီ ကျန်းမာရေး စောင့်ရှောက်မှု ခက်ခဲနေတဲ့ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသက ဒေသခံတွေအတွက် အရေးအပေါ်လူနာတင်ယာဉ်တွေ ထားရှိပေးဖို့ လိုအပ်နေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒီးဒီ(ခ)စစ်မုန်း ကပြောပါတယ်။

အစိုးရသက်တမ်း ၅နှစ်အတွင်း ပရဲ့လူမျိုးစုတွေ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဘာတွေပြောင်းလဲလာပြီလဲ။

စိုးထိုက်အောင်NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း၅နှစ်နီးပါးကာလမှာ ပရဲ့လူမျိုးစုတွေနေထိုင်ကြတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဘာတွေပြောင်းလဲနေပြီလဲ။ လက်ရှိသူတို့ ရဲ့ လိုအပ်ချက်တွေနဲ့ တောင်းဆိုမှုတွေဘာတွေဖြစ်မလဲ။ ကန္တာရဝတီတိုင်း(မ်) ကနေ အဲဒီကဒေသခံတချို့ကို သွားရောက်တွေ့ဆုံမေးမြန်ခဲ့တဲ့ တာတွေကို တင်ပြပေးလိုက်ပါတယ်။

စိုင်းလင်းလင်းဦး

မြန်မာနိုင်ငံမှာ စကိတ်အားကစားနည်းတွေထဲက Aggressive Inline အကြမ်းစီးစကိတ် အမျိုးအစားမှာ ယခုနှစ် နိုင်ငံအဆင့် ပြိုင်ပွဲမှာ ထူးချွန်အဆင့် (၅) ဝင်တဲ့ ကယားပြည်နယ်က စကိတ်စီးသူ စောရော်နယ်ကလိုမူးသူ့ရဲ့ စကိတ်အားကစားအပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ လျှောက်လှမ်းနေသလဲဆိုတာ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားပါတယ်။

ကယားပြည်နယ်ဖွား စောရော်နယ်ကလိုမူးဟာ ၂၀၁၄ ခုနှစ်ကတည်းက စကိတ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအဆင့် ထူးချွန်အဆင့် ဆုတံဆိပ်များစွာ ရရှိထားသူလည်းဖြစ်ပါတယ်။

စကိတ်နဲ့ တွဲဖက်ကစားနည်းတစ်ခုဖြစ်တဲ့ တတိယအကြိမ်မြောက် အာဆီယံ Roll Ball ပြိုင်ပွဲကို လာမယ့် နိုဝင်ဘာ ၂၂ ရက်ကနေ ၂၄ ရက်နေ့ အထိကျင်းပမယ့် ထိုင်းနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်မယ့် အားကစားသမား ၁၁ ဦးထဲမှာ စောရော်နယ်ကလိုမူးလည်း အပါအဝင်ဖြစ်ပါတယ်။

မေး။ ။ စကိတ်စပြီး စိတ်ဝင်းစားပြီး စီးဖြစ်သွားတဲ့ပုံလေး ပြောပြပါ။

ဖြေ။ ။ ဆယ်တန်းဖြေပြီးတဲ့ အချိန် ရန်ကုန်မှာသွားနေတော့ သူငယ်ချင်းတွေ စကိတ်စီးတာတွေပြီး စီးကြရင်းနဲ့ ဝါသနာပါလာတာ။

မေး။ ။ စကိတ်ဆိုတာက အရင်ကလူငယ်တွေ သိပ်မစီးဖြစ်ကြဘူးလေး။ ဒီခေတ်ရောက်မှ အနည်းအကျင်းလောက်ပဲ စိတ်ဝင်စားလာတာကို တွေ့ရတယ်။ စကိတ်ရဲ့ ကောင်းကျိုးတွေက ဘာရှိလို့လဲ။

ဖြေ။ ။ စကိတ်က အမောခံနိုင်တယ်။ ခန္ဓာကိုယ် အချိုးအစားကျတယ်။ ဝတဲ့လူဆိုရင် အဆီကျတယ်ပေါ့။ အမြဲတမ်းစီးမယ်ဆိုရင် သက်လုံလည်းကောင်းတယ်။

မေး။ ။ စကိတ်လေ့ကျင့်ဖို့နေရာကို သိပ်မတွေ့ရဘူးပေါ့နော်။ စကိတ်ကစားဖို့ အဆင်ပြေကြရဲ့လာ။

ဖြေ။ ။ ဟုတ်တယ်။ စကိတ်ကွင်းက အလုံအလောက်မရှိဘူး။ ကျနော်တို့ဆိုရင်စကိတ်စီးဖို့ ကိုယ်စီးလို့ရမယ့်နေရာတွေပဲ စီးရတယ်။ စကိတ်ကွင်းကောင်းကောင်းလည်းမရှိတော့ နိုင်ငံတော်ကလည်း မထောက်ပံ့ပေးထားဘူး ကိုယ်ဖာသာကို ပိုက်ဆံတွေစု ပစ္စည်းတွေလုပ်ပြီးတော့ အဲ့လိုပဲ ကျင့်ခဲ့ရတယ်ပေါ့နော်။ စကိတ်ကွင်းကောင်းကောင်းရှိမယ်ဆိုရင် ကျနော်တို့လည်း ပိုပြီးတော့ တိုးတက်မယ်ပေါနော်။

မေး။ ။ စကိတ်ကို ဘယ်လို အမျိုးအစားမျိုးစီးတာ ပိုဝါသနာပါလဲ။

ဖြေ။ ။ ကျနောက အကြမ်းပို်င်းဆော့တာ။ Aggressive Inline ဆိုတာက Jump (ခုန်) ဆော့ရတယ်။ ပိုက်လုံးတန်းတို့ အုတ်ပေါင်တွေကို စီးရတာနှစ်သတ်တဲ့အတွက် ကျနော် Aggressive Inline ကို အရမ်းနှစ်သက်တယ်။

မေး။ ။ ထိုင်နိုင်ငံမှာ ကျင်းပမယ့် Roll Ball ပြိုင်ပွဲမှာ အကို့ကို ရွေးချယ်ခံထားရတယ်ဆိုတော့ အဲ့ဒီအကြောင်းလေးပြောပြပါလား။

ဖြေ။ ။ အာဆီယံနိုင်ငံ တတိယအကြိမ်မြောက် Roll Ball ပြိုင်ပွဲပေါ့။ ကျနော်က ပါဝင်ခွင့်ရတယ်။ Roll Ball ဆိုတာကတော့ ဘက်စကက်ဘောလုံးလိုမျိုးကို စကိတ်တွေနဲ့ သယ်ဆောင်ပြီးတော့မှ ဖူဆယ်ဂိုးထဲကို လက်နဲ့ပစ်ထည့်ရတဲ့ ကစားနည်းပါ။

မေး။ ။ ညီလေးအနေနဲ့ စကိတ်နဲဲ့ပတ်သက်လို့ နိုင်ငံအဆင့် အားကစားသမားတစ်ယောက်လည်းဖြစ်နေပြီးဆိုတော့ ဒီစကိတ်အားကစားအပေါ်မှာ ဘယ်လိုခံယူချက်မျိုးထားလဲ။

ဖြေ။ ။ စကိတ်ကတော့ စီးနေအုန်းမှာပဲ။ ကျနော်တတ်နိုင်တဲ့သူတွေကို စကိတ်အားကစားနည်းတွေကို ပံ့ပိုးပေးမယ် သင်ကြားပေးမယ်။ ရောက်တဲ့နေရာမှာစကိတ်သင်ပေးမယ်။ ကိုယ့်လူမျိူးတွေမကဘူး ဒီစကိတ်ကို ဝါသနာပါတဲ့သူတွေအားလုံး စကိတ်စီးသင်ပေးမယ်ပေါ့နော်။

မေး။ ။ စကိတ်စီးတာကို သူများတွေက ပြောကြတယ်လေး သွားကျိုးသွားမယ်ပေါ့။ အဲ့လိုမျိုး စကိတ်စီးတာကို ဟန့်တာတာမျိုးရှိခဲ့ဖူးလာ။

ဖြေ။ ။ စကိတ်စီးမယ်ဆိုရင် သွားကျိုးမယ် သွားကျိုးမယ် ဆိုတာ။ တကယ်တမ်း စနစ်မကျဘဲနဲ့ စီးရင်တော့ သွားကျိုးမယ်မကဘူး။ ခြေထောက်လည်း ကျိုးနိုင်တယ်။ ခေါင်းလည်းကွဲနိုင်တယ်။ တကယ်တမ်းသူ့မှာ စနစ်တကျနဲ့ စီးပုံစီးနည်းလေးတွေရှိတယ်။ စနစ်တကျစီးမယ်ဆိုရင် ဘာအန္တရာယ်မှမရှိဘူး။ မိနစ်ပိုင်း စက္ကန့်ပိုင်းနဲ့ စီးတက်တယ်။ စိတ်ဝင်းစားနဲ့ စီးမယ်ဆိုရင် တစ်လ နှစ်လတည်းနဲ့ တော်တော်ကျွမ်းကျွမ်းကျင်ကျင်ကြီးကို စီးတက်သွားနိုင်တယ်။

စောရော်နယ်ကလိုမူးဟာ မွေးချင်း သုံးဦးအနက် အကြီးဆုံးသားဖြစ်ပြီး မိသားစုနဲ့အတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတမငယ်ရပ်ကွက်မှာ နေထိုင်ပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

နှစ်ပေါင်းခြောက်ဆယ် လျှပ်စစ်ဓါတ်အားထုတ်ပေမယ့် ကျေးလက်နေသူတွေခံစားခွင့်မရနိုင်ကြသေး

မီမြာ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဒိုမိုစော အုပ်စုမှာ ရှိတဲ့ ခါးဘယ်ကျေးရွာကို ရောက်ဖို့ဆိုရင် ဖရူဆိုမြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ သုံးနာရီကြာစီးရပါတယ်။ ခါးဘယ်ရွာကတော့ လမ်းမ နဲ့နီးတဲ့အတွက် ဒိုမိုစောအုပ်စုထဲက တခြားရွာတွေထက်...

ဆိတ်သုန်းနေတဲ့ အမျိုးသမီးထုအသံ လွှတ်တော်အတွင်း မြိုင်ဆိုင်လာတော့မလား

ကရင်နီသူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကနေ အရွေးချယ်ခံခဲ့ရတဲ့ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းနဲ့ပြည်နယ် အသီးသီးက လွှတ်တော်တွေမှာ ယခင်လွှတ်တော်သက်တမ်းထက် (၆)ရာခိုင်နှုန်း ပိုမိုပါဝင်ပြီး ဆွေးနွေးခွင့် ရတော့မှာပါ။ ၂၀၁၅ ခုနှစ်က...

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသအတွက် အရေးပေါ်လူနာတင်ယာဉ်တွေလိုအပ်

အန်ထော်နီ ကျန်းမာရေး စောင့်ရှောက်မှု ခက်ခဲနေတဲ့ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းဒေသက ဒေသခံတွေအတွက် အရေးအပေါ်လူနာတင်ယာဉ်တွေ ထားရှိပေးဖို့ လိုအပ်နေတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဒီးဒီ(ခ)စစ်မုန်း ကပြောပါတယ်။

အစိုးရသက်တမ်း ၅နှစ်အတွင်း ပရဲ့လူမျိုးစုတွေ ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း မှာ ဘာတွေပြောင်းလဲလာပြီလဲ။

စိုးထိုက်အောင်NLD ဦးဆောင်တဲ့ အစိုးရသက်တမ်း၅နှစ်နီးပါးကာလမှာ ပရဲ့လူမျိုးစုတွေနေထိုင်ကြတဲ့ ဖရူဆိုအနောက်ဘက်ခြမ်းမှာ ဘာတွေပြောင်းလဲနေပြီလဲ။ လက်ရှိသူတို့ ရဲ့ လိုအပ်ချက်တွေနဲ့ တောင်းဆိုမှုတွေဘာတွေဖြစ်မလဲ။ ကန္တာရဝတီတိုင်း(မ်) ကနေ အဲဒီကဒေသခံတချို့ကို သွားရောက်တွေ့ဆုံမေးမြန်ခဲ့တဲ့ တာတွေကို တင်ပြပေးလိုက်ပါတယ်။

ဒေသန္တရအမိန့်တွေကို ရုတ်သိမ်းပေးဖို့ လွှတ်တော်ကော်မတီမှတဆင့် တင်ပြတောင်းဆို

နိုဝင်ဘာလ ၂၅ရက်နေ့က ကရင်နီလူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ကယားပြည်နယ်အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ “ ကယားပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်” နဲ့စပ်လျဉ်းပြီးတော့ ကယားပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးကော်မတီနဲ့တွေ့ဆုံဆွေးနွေးပြီး ဆွေးနွေးပွဲကနေ ရလာတဲ့ တင်ပြချက်တွေကို လွှတ်တော်ဥက္ကဌထံ အစီရင်ခံစာပေးပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။

Comments

comments