spot_imgspot_imgspot_imgspot_img
Wednesday, July 23, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့နဲ့ ထိုင်းနိုင်ငံတွေမှာ ရက်သတ္တပတ်အတွင်း “WIPHA” ဆိုတဲ့ မုန်တိုင်းဖြစ်ပေါ်လာနိုင်ဟုဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ ပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့နဲ့ ထိုင်းနိုင်ငံတွေမှာ ဇူလိုင် ၂၁ ရက်နေ့ကနေ ဇူလိုင်လ ၂၇ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း “WIPHA” လို့ခေါ်တဲ့ မုန်တိုင်းဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသဆိုင်ရာဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျက်နှာတွေမှာ အသိပေးဖော်ပြထားပါတယ်။

လာမယ့် ဇူလိုင် ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ‌တော့ ဖိလစ်ပိုင်ပင်လယ်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း ဒေသအခေါ် Crising ၊ နိုင်ငံတကာခေါ် “WIPHA” ဟာ အားကောင်းတဲ့ မုန်တိုင်းအဖြစ်ရောက်ရှိလာနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ မုန်တိုင်းကြောင့် အကြွင်းအကျန်တိမ်တိုက်တွေဖြစ်ပေါ်ကာ ဇူလိုင်လ ၂၃၊၂၄၊၂၅ ရက်နေ့ ၃ ရက်အတွင်း မှာတော့ ကရင်နီပြည်အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်တောင်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဒီကနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေးထုတ်ပြန်ထားပါတယ်။

အလားတူ ထိုင်းနိုင်ငံအတွင်းမှာလည်း ဇူလိုင်လ ၂၂ ရက်နေ့ ကနေ ၂၄ ရက်နေ့အတွင်း အဆိုပါ မုန်တိုင်းရောက်ရှိလာနိုင်မှာလို့ ဆိုပါတယ်။

နေရာဒေသအရ မယ်ဟောင်ဆောင်အပါအဝင် ထိုင်းနိုင်ငံမြောက်ပိုင်း နန်၊ ဖယောင် ၊ ချင်းရိုင်၊ လမ်းဖွန် ၊ လမ်းပန်၊ ဖဲ့ ၊ ဥတ္တရဒစ်၊ ချင်းမိုင်၊ တက်ခ်၊ နောင်ခိုင်း၊ ဘန်ကန်၊ နခေါ့ပထုံ ၊ စကွန်နကွန် ၊လမ်းဖွန် ၊ လွေ၊ ဥဒုံဌာနီ ၊ အူထိုင်ဌာနီ ၊ ကန်ချနဘူရီ ၊ ကျန်ထဘူရီ၊ ရတ်ချဘူရီ ၊ ကျန်ထဘူရီ ၊ တာ့ခ် စတဲ့ ဒေသတွေမှာ လည်း မုန်တိုင်းဝင်လာနိုင်တယ်လို့ ဖုန်းမက်ဆေ့တွေမှာအပြင် လူမှုကွန်ယက်စာမျက်နှာတွေမှာ အသိပေး ဖော်ပြထားပါတယ်။

ဒါ့အပြင် “WIPHA” မုန်တိုင်း အကြွင်းအကျန်ကြောင့် ဇူလိုင် ၂၃ ရက်နေ့မှာလည်း ရှမ်းပြည်နယ် – ကျိုင်းတုံ၊ တုံတာ၊ မိုင်းပျဉ်း စတဲ့ ဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၄ လက်မ ကနေ ၆ လက်မအထိ မိုးများ သည်းထန်စွာ ရွာသွန်းနိုင်တယ်လို့လည်း မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက် စာမျာက်နှာမှာ အသိပေးထားပါတယ်။

ကရင်နီ ပြည်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းက ဒေသအချို့နဲ့ ထိုင်းနိုင်ငံအတွင်းတွေမှာ ဖြစ်ပေါ်လာမယ့် နိုင်ငံတကာခေါ် “WIPHA” ဆိုတဲ့ မုန်တိုင်း ကြောင့် လျှပ်တပြက်ရေကြီး တာ၊ သစ်တောတွေ စိမ့်ဝင်တာ၊ မြစ်ကမ်းပါး လျှံတာ၊ ရွှံ့မြေများပြိုတာ စတဲ့ သဘာဝဘေးအန္တာရာယ်တွေ ကို သတိပြုဖို့ကိုလည်း အသိထားပါတယ်။

spot_img

Recent posts