spot_imgspot_imgspot_imgspot_img
Thursday, June 26, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ဆား တစ်ထုပ်ကို နှစ်ထောင်ဝန်းကျင်ထိ ရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အခြေခံ စားသုံးကုန်ဖြစ်တဲ့ အိုင်အိုဒင်းဆားဟာ တစ်ထုပ်ကို နှစ်ထောင် ဝန်းကျင်ထိ ပေါက်စျေးရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် အခုလိုစျေး မြင့်တက်လာတာ ဖြစ်တယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာနေတဲ့ စစ်ရှောင် အမျိုးသမီး တစ်ဦးက အခုလို ပြောပါတယ်။

“အရင်က ၃ ထုပ်တထောင်နဲ့ဝယ်ရတယ်။ ခုတော့ အကုန်လုံးကလည်း ကုန်စျေးနှုန်းတွေ တက်ကုန်ပြီဆိုတော့ ဆားက တထုပ် ၁၅၀၀ကနေ ၂၀၀၀အထိ တက်လာတယ်ပေါ့နော်။ တဆိုင်နဲ့ တဆိုင်တော့ ရောင်းစျေးကမတူဘူး။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်ဖြစ်မယ်ထင်တယ်။” လို့ အဆိုပါ စစ်ရှောင် အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတော့ ဆားတစ်အိတ်ကို နှစ်သောင်းရှစ်ထောင်ဝန်းကျင် ပေါက်စျေးရှိပြီး အခုချိန်မှာတော့ ၆သောင်းခွဲဝန်းကျင်ထိ ရှိလာတယ်လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဆိုင်ပိုင်ရှင်တစ်ဦးက အခုလိုပြောပါတယ်။

“အရင်က တအိတ်ကို (၂၈၀၀၀)လောက်ရှိတယ်။ တစ်ထုတ်ကို (၆၀၀)နှုန်းနဲ့ ပြန်ရောင်းတယ်။ အခုက လမ်းအခြေအနေတွေကြောင့် တအိတ်ကို ခြောက်သောင်း၊ ခြောက်သောင်းခွဲ လောက်ရှိသွားတယ်။ တစ်ထုတ်ချင်းစီကိုကျတော့ တစ်ထောင့်နှစ်ရာနဲ့ ရောင်းတာပေါ့နော်” လို့ ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းက ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

ကရင်နီပြည်ကို ဝင်လာတဲ့ ကုန်စည်လမ်းကြောင်းတွေ ပိတ်ကုန်တာကြောင့် အခုလို ကုန်စျေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာတော့ ဓာတ်ဆီ တစ်လီတာကို ရှစ်ထောင်ဝန်းကျင်ရှိပြီး ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာတော့ ဓာတ်ဆီ တစ်လီတာကို တစ်သောင်းဝန်းကျင်ထိ ပေးဝယ်နေရတာ ဖြစ်ပါတယ်။

ဒါအပြင် ဆီပြတ်လက်မှုကြောင့် ဓာတ်ဆီဆိုင် တချို့ ပိတ်ထားရသလို လယ်ယာ စိုက်ပျိုးရေး လုပ်ငန်း လုပ်နေကြတဲ့ တောင်သူ လယ်သမားတွေ အတွက်လည်း ဒုက္ခတွေ့နေကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts