ကန္တရဝတီတိုင်း(မ်)
လက်နက်ကိုင်တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကရင်နီပြည်မှာ ရေနဲ့ မြေ စတဲ သဘာဝအရင်းအမြစ်တွေကို ပိုမို ထိန်းသိမ်းဖို့ လိုအပ်တယ်လို့ ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားမှာ သဘာဝပတ်ကျင်အရေး လုပ်ရှားနေတဲ့ Clean Montain အဖွဲ့ ပညာရှင် တစ်ဦးကပြေ့ာပါတယ်။
” ဒီဖက်မှာ ရေအရင်းအမြစ်က တော်တော်လေး limit(အကန့်အသတ်) ရှိတဲ့အနေအထားရှိတယ်။ အဓိကက ဒီဖက်မှာ မိုးရေကိုအားထားရတယ်။ နောက်တစ်ခုက စိမ့်စမ်းရေပေါ့ ဒီနှစ်ခုပဲရှိတယ်။ ဒီဖက်မှာ နိုင်ငံရေးအခြေနေ တိုက်ပွဲ အခြေနေနဲ့ စစ်ဘေးရှောင်တွေများလာတာဖြစ်တဲ့အတွက် ရေလိုအပ်ချက် ရေအသုံးပြုမှုပိုများလာတယ်။ တဖက်မှာလဲ ရေအရင်းမြစ်တွေကို ထိန်းသိမ်းနေတဲ့ ထိန်းသိမ်းနိုင်တဲ့အနေထားကလဲ တဖြည်းတဖြည်း နည်းလာတာမျိုးရှိတယ်။ ရေနဲ့ပတ်သက်ပြီး တဖြည်းဖြည်း ပြသနာတက်လာနိုင်တယ်လို့လဲမြင်တယ်။ ဒါကြောင့် ကျနော်တို့ သစ်တော ထိန်းသိမ်းရေးနဲ့ မြေဆီလွှာ ထိန်းသိမ်းရေးတွေကို ကောင်းကောင်းလေးလုပ်နိုင်ရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ မြင်တယ်ပေါ့နော်” လို့ အဆိုပါ ပညာရှင်က ပြောပါတယ်။
ဒါအပြင် လူဦးရေများလာတာ၊ ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်မှုများလာတာအပြင် ရိုးရာ တစ်ခုလိုဖြစ် နေတဲ့ တောင်ယာမီးရှို့တာတွေကြောင့် ပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့ ကာဗွန်ထွက်ရှိမှုတွေများလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သဘာဝက ပြန်ပြီး ကုသနိုင်စွမ်းတွေ နည်းလာတာကြောင့်လည်း သဘာဝဘေးဒဏ်တွေဖြစ်တဲ့ မြေပြိုတာ၊ ရေကြီးတာ တွေကို ကြုံလာနိုင်တယ်လို့ဆိုပါတယ်။ ကရင်နီဟာ ဧရိယာအာဖြင့် သေးငယ်တယ်လို့ ဆိုပေမယ့် ရေ၊မြေ၊လေ စတဲ့ သဘာဝ အရင်းမြစ်ကို ပိုထိန်းသိမ်းသင့်တယ်လို့လဲ သူက ဆက်ပြောပါတယ်။
ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ကရင်နီပြည် ဒီးမော့ဆို အနောက်ခြမ်းက ကျေးရွှာတစ်ခုမှာ ပြုလုပ်ခဲ့တာပါ။
“ကျနော် တို့ရဲ့ လူထုတွေ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ဆိုတာအမျိုးမျိုး ရှိတယ် ပေါ့နော်။ အမိုက်ကောက်မှ မဟုတ်ဖူး။ အဓိက ကတော့ ဒီရက်က ကျနော်တို့ သူတို့ ရင်ထဲရောက်စေနိုင်တဲ့ စကားလုံးတွေကို ကျနော်တို့ သီချင်း အားဖြင့် ကျနော်တို့ message(အချက်အလက်)ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်း ဖြစ်တယ်ပေါ့”လို့ အခမ်းအနား စီစဉ်သူတစ်ဦးက ပြောပါတယ်။
ဒီကနေ့အခမ်းအနားမှာတော့ သီချင်းယှဉ်ပြိုင်မှုတွေ နဲ့ တေးသရုပ်ဖော် ပြိုင်ပွဲတွေပြုလုပ်ခဲ့ပြီး ဆုပေးခြင်း အစီစဉ်တွေလည်းပါဝင်ပါတယ်။