spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီမှာ ဝက်ပေါက်လေး တကောင်ကို ကျပ် ၄သိန်းအထိစျေးရှိလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ နို့ခွဲပြီး၊ လသားအရွယ် ဝက်ပေါက်ကလေးတကောင်ရဲ့ စျေးနှုန်းဟာ ကျပ် သုံးသိန်းခွဲကနေ ကျပ်လေးသိန်းအထိ ရှိလာတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာတော့ ဝက်ပေါက် ကလေး တစ်ကောင်ကို ကျပ် နှစ်သိန်းကနေ နှစ်သိန်းခွဲ ဝန်းကျင်လောက်သာ ပေးဝယ်ရပေမယ့် ယခုနှစ်မှာတော့ နှစ်ဆနီးပါး စျေးမြှင့်တက်လာတာဖြစ်ပါတယ်။

“ဒီဘက်မှာတော့ (၃)သိန်းခွဲလောက် ရှိတယ်။ တချို့နေရာတွေမှာတော့ (၄) သိန်းလောက်ထိ ရှိတယ်ပေါ့။ ဒေသမဟုတ်တဲ့ ဝက်တွေကျတော့ (၃)သိန်းခွဲ (၄)သိန်းလောက်ရှိတာပေါ့။ တချို့နေရာတွေမှာ ဖြစ်တဲ့ (၄) မိုင်ဘက်တွေမှာ (၄)သိန်းနဲ့ အော်တာတွေရှိတယ်။ တချို့ကျတော့ (၃)သိန်းခွဲနဲ့အော်တာရှိတယ်။ ရောင်းတဲ့ ဒိုင်အပေါ်မူတည်ပြီးတော့ မတူဘူး”လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်း က တစ်နိုင်တစ်ပိုင် ဝက်မွေးသူ အသက် ၂၉ နှစ် အရွယ် စစ်ရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။

အခုလို ဝက်ပေါက် ကလေးတွေ စျေးနှုန်းတွေ ပိုမို မြင့်တက်လာတာဟာ စီးပွားဖြစ်ဝက်မွေးမြူသူတွေမရှိတော့တာကြောင့်ဖြစ်နိုင်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ မွေးမြူရေးနဲ့ ကုသရေးဌာန ရဲ့ ညွှန်ကြားရေးမှူး တစ်ဦးက ပြောပါတယ်။

“ ကုန်‌ဈေးနှုန်းတွေ ၊ အစာဈေးနှုန်း တွေ တက်တာရယ်၊ လမ်းပန်းအဆက်အသွယ် အခက်အခဲ ရှိတာတွေ ကြောင့်ရယ် တစ်ဘက်မှာလည်း စစ်ရှောင်ပြည်သူတွေ လူဦးရေ များလာတော့ နေရာနဲ့ အရင်းအနှီးစတဲ့ အခက်ခဲအမျိုးမျိုးကြောင့် ၊ စီးပွားဖြစ် မမွေးမြူကြတာမျိုးတွေကြောင့် ဖြစ်မယ်။“ လို့ မွေးမြူရေးနဲ့ ကုသ‌ရေးဌာန ရဲ့ ညွှန်ကြားရေးမှူး တစ်ဦးက ပြောပါတယ်။

ကရင်နီ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေ ဟာ သူတို့ရိုးရာအရ အသုံးပြုဖို့ ဖြစ်စေ ၊ စားဝတ်နေရေး အတွက် ဖြစ်စေ ၊ တစ်နိုင်တစ်ပိုင် ကြက်၊ ဝက် ၊နွား စတာတွေကို မွေးမြူကြလေ့ ရှိပါတယ်။ ကျေးရွာ အများစုတွေမှာတော့ တစ်နိုင်တစ်ပိုင် မွေးမြူထားကြတဲ့ တိရိစ္ဆာန်တွေဟာ ဖျားနာပြီး သေဆုံးမှုတွေနဲ့ ကြုံတွေ့နေကြရတာကြောင့် ဆုံးရှုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

spot_img

Recent posts