spot_imgspot_imgspot_imgspot_img
Monday, June 23, 2025
spot_imgspot_imgspot_imgspot_img

ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် IEC က အကျဥ်းသား ၂၈ ဦးကို လွတ်ငြိမ်းခွင့်ပေး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

နှစ် ၁၅၀ မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ်အပြင် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ကြားကာလအစီအမံအောက်က အကျဥ်းထောင်အသီးသီးက အကျဥ်းသူ/အကျဥ်းသား ၂၈ ဦးကို လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ IEC ကထုတ်ပြန်ပါတယ်။

ဒါ့အပြင် နောက်ထပ် အကျဥ်းသူ/အကျဥ်းသား ၁၄၈ ဦးကိုလည်း ပြစ်ဒဏ်လျော့ပေါ့ခွင့်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိတဲ့ အကျဥ်းသားတွေက ဘယ်လိုအမှုနဲ့ အကျဥ်းကျနေရသလဲဆိုတာနဲ့ပတ်သတ်ပြီး IEC အတွင်းရေးမှူး ၂ ဦးဗညားက အခုလို ပြောပါတယ်။

“အသေးစိတ်ကလေး ကျနော်တို့ပြောလို့မရ။ အားလုံးကိုတော့ နောက်ပိုင်းကျနော်တို့ထုတ်ပြန်တာရှိရင်လည်းရှိမယ်။ အမှုစုံပါပဲ။ နဲနဲပါးပါးခိုးမှု၊ နောက်ပြီးတော့မှ မူးယစ်ဆေးဝါးမှု အဓိကဖြစ်တယ်ပေါ့။ မ နှစ်ဦးပါ,ပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

အကျဥ်းထောင် အမှတ်(၁) မှာ အကျဥ်းသား ၁၅၀ ဦး ရှိပြီး အကျဥ်းထောင်အမှတ် (၂) မှာ အကျဥ်းသားပေါင်း ၈၀ ဦးရှိတယ်လို့လည်း IECက ပြောထားပါတယ်။

နေ့ထူးနေ့မြတ်အထိမ်းအမှတ်နေ့တွေမှာ အကျဥ်းကျတဲ့ အကျဥ်းသူ/အကျဥ်းသား ၁၀၀ ဦးတို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ၁၀၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့ခွင့်ပေးခဲ့တယ်လို့ ၂၀၂၄ ခုနှစ် သြဂုတ်လ၂၅ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ကရင်နီပြည်ရဲ KSP ရဲ့ သုံးနှစ်ပြည့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts