ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ ၁၅၀ နှစ်ကြိမ်မြောက် ကရင်နီ အမျိုးသားနေ့ အခမ်းအနားကို ကရင်နီအမှတ်(၁) ဒုက္ခသည် စခန်းမှာ ကျင်းပ ပြုလုပ်သွားခဲ့ပါတယ်။ ကရင်နီအမျိုးသားနေ့ကို ကရင်နီအမှတ်(၁) ဒုက္ခသည် စခန်းအပြင် ကရင်နီပြည်တွင်းမှာကော ၊ ပြည်ပတွေမှာပါ ကျင်းပ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဒီကနေ့ ကရင်နီအမှတ်(၁) ဒုက္ခသည် စခန်းမှာပြုလုပ်တဲ့ အခမ်းအနားမှာတော့ လူဦးရေ နှစ်ထောင်ဝန်းကျင် တက်ရောက်လာကြပြီး အခမ်းအနားကို ကန္တာရဝတီတိုင်း(မ်) သတင်းထောက်က သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။
အပြည့်အစုံကို အောက်ပါဗီဒီယိုမှာ ကြည့်ရှု့နိုင်ပါတယ်။