spot_imgspot_imgspot_imgspot_img
Wednesday, September 3, 2025
spot_imgspot_imgspot_imgspot_img

ငွေတောင်ရွာသစ် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံး၊ တော်လှန်ရေးတပ်ပေါင်းစုက လက်နက်တချို့ သိမ်းဆည်းရမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က ငွေတောင်ရွာသစ်ကျေးရွာတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုက လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဩဂုတ်လ ၃၀ ရက်နေ့မှာ ရှမ်းတောင်၊ ကရင်နီ စစ်တိုင်း ဗျူဟာ(၁၁) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ငွေတောင်ရွာသစ် ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ရှမ်းတောင်၊ ကရင်နီ တိုင်းစစ်ဗျူဟာ(၁၁) အပါအဝင် တော်လှန်ရေးတပ်ပေါင်းစု တို့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဩဂုတ်လ ၂၉ ရက်နေ့ မနက် (၁၀) နာရီကနေ မွန်းလွဲ (၃)နာရီထိ ရှမ်းတောင် ဒရုန်းတပ်ဖွဲ့၊ ဗျူဟာ (၁၁) ဒရုန်းတပ်ဖွဲ့၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့ နဲ့ KNA ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ (၁၅) ဦး ထက်မနည်းသေဆုံးတဲ့အပြင် တပ်သား (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုထားပါတယ်။ တော်လှန်ရေးတပ်ပေါင်းစုဘက်မှာ‌တော့ ထိခိုက်ဒဏ်ရာရသူ (၂)ဦးရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းဆည်းရမိတဲ့ လက်နက်တွေကတော့ MA-1 (၄) လက်၊ MA-2 (၁) လက် ၊ MA-3 (၁) လက် စုစုပေါင်း (၆) လက် နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့တာပါ။

ဒီးမော့ဆိုမြို့နယ်ကနေ ဖရူဆိုမြို့နယ်ဖက်ကို ဦးတည်လာတဲ့ စစ်ကော်မရှင်‌ စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ပေါင်းစုရဲ့စည်းလုံးညီညွတ်စွာ ပူပေါင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကော်မရှင် စစ်ကြောင်းတွေ စစ်ဦးချိုး အထိနာစေခဲ့တယ်လို့ ရှမ်းတောင်၊ကရင်နီ စစ်တိုင်းဗျူဟာ(၁၁) တပ်ဖွဲ့က ပြောဆိုထားပါတယ်။

spot_img

Recent posts