spot_imgspot_imgspot_imgspot_img
Sunday, June 15, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်နဲ့ PNO ထိုးစစ်ကြောင့် ဖယ်ခုံအရှေ့ဘက်ရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ (၂) ရက်နေ့ ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်ဖွဲ့နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်းက စာသင်ကျောင်းတွေ ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ၊ စစ်ကြောင်းထိုးမှုတွေကြောင် ဖယ်ခုံအင်းအရှေ့ဘက်က ကျေးရွာ ၁၅ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရသလို ထွက်မပြေးသေးတဲ့ကျေးရွာအချို့မှာလည်း စာသင်ကျောင်းတွေ ပိတ်ထားရတာပါ။

“ကျောင်းဖွင့်တယ်ဆိုပြီး ကျမ သားက ကျောင်းကို သွားတယ်။ စာအုပ်တွေ မစုံဘူးဆိုပြီးတော့ ခဏလေးပဲ တက်ပြီး ပြန်လာရတယ်။ နောက်တစ်ရက် စာအုပ်တွေ ရောက်တဲ့ အချိန်ခါကျတော့ လက်နက်ကြီးကျတယ်။ ဆရာမတွေက တစ်ပတ်လောက်ပြန်စောင့်ကြည့်မယ်ပေါ့။ အဲဒီတစ်ပတ်ကနေ ထွက်ပြေးလိုက်ရတာပဲပေါနော်”လို့ ကျောင်းသား မိဘ တစ်ဦးက ပြောပါတယ်။

ထွက်မပြေးသေးတဲ့ ကျေးရွာတချို့ဆီကိုလည် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတာကြောင့်လည်း ကလေးတွေရဲ့ လုံခြုံရေးအတွက် စာသင်ကျောင်းတွေ ဖွင့်လှစ်ထားခြင်း မရှိဘူးလို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

“အခုဖွင့်မယ်ဆိုလည်း လက်နက်ကြီးတွေ ထုတယ်။ ပြီးတော့ ရှောင်နေတဲ့ လူတွေကို ကြည့်ပြီးတော့ ကျောင်းတွေမဖွင့်ရဲဘူး။ ပညာရေးပိုင်းတွေဆို မိဘတွေက အမျိုးမျိုးတွေးကြတယ်။ တကယ်လို့ ကလေးကို တခြားရွာတွေမှာ သွားထားမယ်ဆိုရင်လည်း စစ်ကြောင်းထိုးလာမယ် ဘာညာဆိုရင် ရှောင်ရမယ်ဆိုရင် သူတို့အတွက် အခက်အခဲတွေ အများကြီး ဖြစ်ကြတယ်ပေါ့နော်။ အခုလက်ရှိမှာတော့ ပညာရေးနဲ့ ပက်သက်ပြီး မိဘတွေက အသံအမျိုးမျိုး ထွက်နေကြတယ်” လို့
ဖယ်ခုံအရှေ့ဘက်ကမ်းက စာသင်ပေးနေသူ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာတုန်းကလည်း ကျောင်းမနေလိုက်ရတဲ့ ကလေးတွေ ရှိသလို ဒီနှစ်ရာသီမှာလည်း အခုလို ထပ်မံပိတ်လိုက်ရတာတွေကြောင့် ကျောင်းသား မိဘတွေဟာ သူတို့ရဲ့ ကလေးပညာရေးကို အတော်လေး စိုးရိမ်ပူပန်နေကြရတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ (၆) ရက်နေ့ မနက်ပိုင်းမှ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေပစ်ခတ်ခဲ့မှုကြောင့် ဖယ်ခုံအရှေ့ဘက်ကမ်း နန်းပေါ်လုံကျေးရွာမှာ ရှိတဲ့ အသက် (၁၉) နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးသွားခဲ့ရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ အရှေ့ဘက်ရှိ ကျေးရွာတွင်မှာတော့ စုစုပေါင်း စာသင်ကျောင်း ပေါင်း (၂၇) ကျောင်းဝန်းကျင်လောက်ရှိပြီး တချို့ ကျောင်းတွင်မှာတော့ ဖွင့်လှစ်ထားသေးတာ ရှိနေတာလားဆိုတာတော့ သေချာမသိရဘူးလို့ ကျောင်းဆရာမ တစ်ဦးက ဆိုပါတယ်။

spot_img
spot_img

Recent posts