spot_imgspot_imgspot_imgspot_img
Thursday, June 26, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်နဲ PNO ပူးပေါင်းတပ်ဖွဲ့စစ်ကြောင်း ​ဆောင်နန်းခဲကျေးရွာအထိ ရောက်လာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံအရှေ့ဖက်ကမ်းရေပူကျေးရွာကို အင်အား တစ်ထောင်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် (PNO) ပူးပေါင်းတပ်တို့ဟာ ယမန်နေ့က ဇွန်လ ၂၄ ရက်နေ့က ညနေပိုင်းမှာ ဆောင်းနန်းခဲ ကျေးရွာကို ရောက်ရှိလာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကျန်ရှိနေတဲ့ဒေသခံတွေက ထပ်မံတိမ်းရှောင်ရတယ်လို့ သိရပါတယ်။

အဆိုပါအင်းအားကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရေပူ ၊ညောင်လေးပင် ၊ နန်းတုတ် ၊ တောင်ပို့ကွဲ စတဲ့ နေရာ လေးနေရာ ကို ဆုတ်ခွာပေးခဲ့ရတာပါ။

ယမန်နေ့မှာတော့ တောင်ပို့ကွဲကနေ ဆောင်နန်းခဲကျေးရွာဘက်ကို ထပ်မံထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဆောင်နန်းခဲကျေးရွာကို လက်လွတ်လိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။

“ဒီညနေပိုင်းမှာပဲ (ဇွန်လ ၂၄ ရက်နေ့ ) ဆောင်နန်းခဲ ကျေးရွာကို ထပ်ပေးလိုက်ရတယ်” တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဇွန်လ ၂ ရက်နေ့က ထိုးလာတဲ့ စစ်ကြောင်းကြောင့်ဖယ်ခုံအင်းအရှေ့ဘက်ကမ်းက ဆောင်နန်းခဲ ၊ လွယ်ပေါ ၊ နန်းပေါ်လုံ ၊ နမ်းစုမ့်၊ ပိန္နဲကုန်း၊ ရေပူ ၊ ညောင်လေးပင် ၊ နန်းတုတ် ၊ ကုန်းသာ၊ တောင်ပို့ကွဲ၊ ဟိုပန်(ရှေ့)၊ ဟိုပန်(နောက်)၊ လဟယ်၊ မခေခမ်း၊ တောင်ပို့ကြီး စတဲ့ ကျေးရွာ ၁၅ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ကျေးရွာကို စောင့်ရှောက်မဲ့လူတချို့သာ ကျန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကျန်ရှိနေတဲ့ ဒေသခံတွေလည်း ထပ်မံတိမ်းရှောင်နေရတယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက အခုလို ပြောပါတယ်။

“အခုထိက နေရပ်ပြန်လို့မရကြသေးပါဘူး။ ဆက်ပြီးမှ ရှောင်နေပါတယ်။ ထပ်မံပြီး ရှောင်ဖို့ လိုအပ်နေတဲ့ ပြည်သူတွေကလည်း အခုကြိုးစားပြင်ဆင်နေတယ်။ ရှောင်ဖို့အတွက်ပေါ့နော်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာတော့ ဖယ်ခုံအရှေ့ဘက်ကမ်းကနေ ဒီးမော့ဆို ဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ရှောင်လေးသောင်းဝန်းကျင်အတွက် အခြေခံ လိုအပ်ချက်တွေများစွာ ရှိနေပြီး လူနားချင်းစာနာထောက်ထားမှု အကူအညီတွေ ရရှိဖို့ကိုလဲ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ဖိတ်ခေါ်ထားပါတယ်။

အဆိုပါစစ်ကြောင်းကနေ ဆောင်နန်းခဲကျေးရွာထဲက ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေပြီး အိမ်ခြေတဝက်ကျော် မီးလောင်ပြာကျသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

spot_img
spot_img

Recent posts