spot_imgspot_imgspot_imgspot_img
Thursday, August 28, 2025
spot_imgspot_imgspot_imgspot_img

စစ်ကော်မရှင်ကို ထောက်ခံတဲ့ အနုပညာရှင်တွေ လွိုင်ကော်မြို့မှာ လာရောက်ဖျော်ဖြေ၊ မြို့ပုံမှန်လည်ပတ်နေကြောင်း ဝါဒဖြန့်ဖို့ ရောက်လာခြင်းဖြစ်တယ်လို့ မြို့ခံတွေပြော

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့မှာ စစ်ကော်မရှင်ပြန်ကြာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၊ စစ်တပ်ထောက်ခံ အနုပညာတွေဖြစ်ကြတဲ့ ရန်အောင် ၊မေသန်းနု၊ စိုးမြတ်သူဇာ ၊ ယဥ်လတ်၊ သဥ္စာမြင့်မို၊ နေခြည်ငြိမ်းချမ်း နဲ့ လူရွှင်တော်တွေဖြစ်ကြတဲ့ ဒိန်းဒေါင် ၊ အုန်းသီး ၊ ငြိမ်းချမ်း တို့ လာရောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယာ်။

ဩဂုတ်လ၂၄ ရက်နေ့မှာ လွိုင်ကော်မြို့ ရောက်ရှိလာတာကို ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့လူထုတွေက ကြိုဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။ ညပိုင်းအစီအစဉ်အနေနဲ့ ပြည်နယ်ခန်းမမှာ သီချင်းနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ အခြေခံပညာအထက်တန်းကျောင်း အထက ( ၁ ) မှာ စာဖတ်ခန်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါ အနုပညာတွေက တက်ရောက်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ( ၁ ) မှာ လွိုင်ကော်မြို့နယ်ပါဝင်ပြီး အခုလို အနုပညာရှင်တွေက လာရောက်တာဟာ ရွေးကောက်ပွဲအတွက် စည်းရုံးရေးတခုဖြစ်တယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“သူတို့လာတယ်ဆိုတာ သူများတွေ လိုင်းပေါ်တင်မှပဲ သိတယ်။ ဈေးတွေလည်း သွားကြတယ်လို့ ပြောတယ် လုံခြုံရေးတွေနဲ့ပေါ့။ အခုလို စစ်ဖြစ်တဲ့ကာလမှာ လွိုင်ကော်မြို့ကိုလာတာတော့ မြို့က ပုံမှန်လည်ပတ်နိုင်ကြောင်း ဝါဒဖြန့်ဖို့ရယ်၊ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတယ်လို့လည်း ထင်တယ်ပေါ့နော။”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ရွေးကောက်ပွဲပြုလုပ်မယ့်ရက်ကို သတ်မှတ်ကြေညာတဲ့ ယခု ဩဂုတ်လအတွင်းမှာပဲ လွိုင်ကော်မြို့နယ်နဲ့နီးစပ်တဲ့ ဒီးမော့ဆိုမြို့မှာ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲပြုလုပ်မယ့် စစ်ကော်မရှင်က ကရင်နီပြည်က မြို့နယ် ၇ မြို့နယ်ကို မဲဆန္ဒနယ်အဖြစ် သတ်မှတ်ကြေညာထားပြီး အပိုင်း(၁) ပြုလုပ်မယ့် ရွေးကောက်ပွဲမှာတော့ လွိုင်ကော်မြို့နယ်နဲ့ ဘောလခဲမြို့နယ် ပါဝင်ပါတယ်။

spot_img

Recent posts