Wednesday, August 20, 2025
spot_img
spot_img

စစ်ကော်မရှင်တပ်က ကရင်နီမှာ (FIXED WING HYBRID VTOL) နဲ့ (HEXACOPTER DRONE) စတဲ့ ဒရုန်းအမျိုးအစား (၂) မျိုးကို အသုံးပြုနေတယ်လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်း ဆို

Must read

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကော်မရှင်တပ်ဟာ FIXED WING HYBRID VTOL နဲ့ HEXACOPTER DRONE စတဲ့ ဒရုန်း အမျိုးအစား (၂) မျိုးကို အသုံးပြု တိုက်ခိုက်နေတယ်လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉ က ဩဂုတ်လ (၁၉) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောတ်မရှင်တပ်သားတွေဟာ ဒရုန်းတွေကို အသုံးပြုတာ ပိုမို အားကောင်းလာသလို လက်နက်မျိုးစုံ ၊ လူအင်အား အလုံးအရင်း သုံးနိုင်တာကြောင့် နယ်မြေတွေ ပြန်လည် ရယူနိုင်တာဖြစ်တယ်လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉ တာဝန်ရှိသူတစ်ဦး က ကန္တာရဝတီတိုင်း ( မ် ) ကို အခု လို ပြောပါတယ်။

“အခုနောက်ပိုင်းတွေမှာ စစ်ကောင်စီတွေရဲ့ ဒရုန်းက တော်တော်လေး အားကောင်းလာတယ်။ ဒါပေမယ့် ဒီ ဒရုန်းအသုံးပြုမှုကြောင့် စစ်ကောင်စီက နယ်မြေတွေ ပြန်ပြီး သိမ်းပိုက်နိုင်တာမျိုး ၊ ကျနော်တို့ ဒရုန်း အကြဲ ခံရလို့ နယ်မြေပြန်ပေးလိုက်ရတာ မျိုးတော့ မဟုတ်ဘူး။ စစ်ကောင်စီတွေ သုံးတာ ဒရုန်း မျိုးစား တစ်ခုထဲကို သုံးတာ မဟုတ်ဘူး။ သူတို့မှာ လက်နက်ကြီး ၊ လေယာဉ် ၊ လက်နက်ငယ် ၊ မိုင်း သူတို့မှာ ပေါပေါစားစား ရှိနေတာ ဖြစ်တဲ့အတွက် အင်အား အလုံးအရင်း နဲ့ တိုးရင်တောင်မှ ဒရုန်းထက်ကို အဆမတန် ပိုသုံးနိုင်တာ ဖြစ်တယ်။ “ လို့ ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

(HEXACOPTER DRONE)လို့ အမည်ရတဲ့ ဒန်လက် (၆) ဖက်ပါ တဲ့ ဒရုန်းတွေကို စစ်ကော်မရှင်တပ် အသုံးပြုနေတာ (၁) နှစ်ကျော်ရှိပြီ ဖြစ်ပေမယ့် (FIXED WING HYBRID VTOL) အမည်ရ ဒရုန်းအမျိုးအစားကိုတော့ ၂၀၂၅ ခုနှစ်အတွင်းမှ စတင်အသုံးပြုလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ) စစ်ဒေသခွဲ တပ်ရင်းအမှတ် – ၁၁၀၉

လက်ရှိမှာတော့ ဒီးမော့ဆိုမြို့နယ်အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ခလရ ၁၀၂ တပ်ကနေ ထွက်လာတဲ့ စစ်ကြောင်းက ဒီးမော့ဆိုမြို့လယ်က ဒေါငံခါးကျေးရွာ၊ လမ်းခွအနီးကို ရောက်ရှိလာပြီဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေပါတယ်။ ယမန်နေ့ ဩဂုတ်လ (၁၉) ရက်နေ့ ရက်စွဲနဲ့ စစ်ကော်မရှင်တပ်က ဒီးမော့ဆိုမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားတာ ရှိပါတယ်။

spot_img
- Advertisement -spot_img

Latest article