spot_imgspot_imgspot_imgspot_img
Thursday, August 21, 2025
spot_imgspot_imgspot_imgspot_img

စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ဖယ်ခုံမြို့နယ်မှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကော်မရှင်တပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်တောင်ပိုင်းက ဖယ်ခုံမြို့နယ်မှာ စာသင်ကျောင်းတချို့ကို ပြန်လည်ဖွင့်လှစ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျောင်းတွေပြန်ဖွင့်ကြတယ်။ အဲ့မှာက လူထုတွေတချို့ကျန်သေးတာကို။ အပြင်ထွက်လည်းမရ ထွက်ခွင့်လည်းမပေးဘူးဆိုရင်တော့ ကျောင်းတက်ဖို့တော့ ကလေးတွေကို မိဘတွေထားကြမှာပဲ။”လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး နဲ့ ကျောင်းပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို မနေ့ (သြဂုတ်လ ၁၈ ရက်)က ဖယ်ခုံမြို့နယ် အင်းအရှေ့ဘက်ကမ်း ကုရင်ကျေးရွာအုပ်စု၊ ဆင်ဖြူကျေးရွာရဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့လည်း စစ်ကော်မရှင်ဝါဒဖြန့် ဖေ့ဘွတ်ခ်စာမျက်နှာတွေနဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ကုရင်အုပ်စု ဆင်ဖြူကျေးရွာအတွင်းမှာတော့ ပညာသင်ကြားပေးမယ့် ဆရာ/ဆရာမ ဦးရေ (၁၀)ဦး ရှိပြီး K-G အတန်းကနေ G-9 အထိ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချယ်နယ်တွေမှာ ဖော်ပြထားပါတယ်။

လက်ရှိ မှာတော့ ကျောင်းသားဦးရေ ၃၃၀ ထိ ရှိပြီး ထပ်လာအပ်မည့် ကျောင်းသား အများအပြားကျန်ရှိနေကြောင်းကိုလည်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ ပြောဆိုထားပါတယ်။

ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက ကျေးရွာတွေမှာတော့ လူထုအချို့ ကျန်ရှိနေဆဲ ဖြစ်ပေမဲ့ ကျန်ရှိခဲ့တဲ့ လူဦးရေရဲ့ ပမာဏကို မသိရသလို ကျောင်းပြန်တက်မယ့် ကျောင်းသားစာရင်းကိုလည်း မသိနိုင်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

လတ်တလောမှာလည်း စစ်ကော်မရှင်ကနေ လာမယ့်ရွေးကောက်ပွဲအတွက် လူအင်အားပြဖို့ ဖယ်ခုံမြို့နယ်အတွင်းက ဒေသခံလူထုတွေကို နေရပ် ပြန်လာနေထိုင်ကြဖို့ ဖိတ်ခေါ်နေတာရှိတယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။

spot_img

Recent posts