spot_imgspot_imgspot_imgspot_img
Wednesday, August 20, 2025
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ်အတွင်းက ‌တပူထိုးကျေးရွာကို စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ် ထပ်မံ မီးရှို့

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက တပူထိုးကျေးရွာကို စစ်ကော်မရှင်နဲ့ ပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့ ထပ်မံ မီးရှို့မှုတွေ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တပူထိုးကျေးရွာကလည်း အရင်တုန်းက ရှို့ပြီးပြီပေါ့နော်။ ၃၊ ၄ကြိမ်မက ရှို့ခဲ့တယ်။ လက်ရှိအချိန်လည်း တချို့အိမ်ကို သူတို့ လိုက်လံ ရှို့နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ “လို့ ခွန်ရိန်းယံက ဆိုပါတယ်။

တပူထိုးကျေးရွာက နေအိမ်တွေကို ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက စတင်မီးရှို့ဖျက်ဆီးနေပြီး မီးလောင်ပျက်စီးသွားတဲ့ နေအိမ်စာရင်းကိုတော့ အတိအကျ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တပူထိုးကျေးရွာကို စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ် မီးရှို့မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ခဲ့ပါသေးတယ်။

စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာခံ လူထုတွေကို မောင်းထုတ်နေသလို အိမ်တွင်းပစ္စည်းယူဆောင်နေတယ်လို့ ခွန်ရိန်းယံက ဖြည့်စွက် ပြောဆိုထားပါတယ်။

တပူထိုးကျေးရွာအပြင် ဆီဆိုင်မြို့နယ်အတွင်းက နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း ၊ နောင်ဗို စတဲ့ ကျေးရွာက နေအိမ်တွေကို ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ကစပြီး ၁၀ ရက်ကျော်ကြာ မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။

တပူထိုးကျေးရွာဟာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုကဖြစ်ပြီး နေအိမ် ၂၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

spot_img

Recent posts