spot_imgspot_imgspot_imgspot_img
Thursday, August 28, 2025
spot_imgspot_imgspot_imgspot_img

ထိုင်းအစိုးရက ပေးတဲ့အခွင့်အလမ်းက နယ်စပ်ဒုက္ခသည်တွေကို ဂုဏ်သိက္ခာမြင့်တင်ပေးတဲ့ ဗျူဟာမြောက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ထိုင်းအစိုးရက နယ်စပ်ဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်တဲ့ အခွင့်အလမ်းက ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်တွေရဲ့ ဂုဏ်သိက္ခာ၊ မိမိကိုယ်ကို အားကိုးမှုနဲ့ ကောင်းမွန်စွာနေထိုင်နိုင်ခြင်းတွေကို မြင့်တင်ပေးနိုင်တဲ့ မဟာဗျူဟာမြောက် မူဝါဒတစ်ခုဖြစ်တာကြောင့် ကြိုဆိုဝမ်းမြောက်ကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ဒီကနေ့ သြဂုတ် ၂၈ မှာ ထုတ်ပြန်ပါတယ်။

နယ်စပ်ဒေသရှိ ရွေ့ပြောင်းနေထိုင်သူတို့ရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အလမ်းကို မြှင့်တင်သွားဖို့ သက်ဆိုင်ရာနယ်ပယ်တွေမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း IEC က ကတိပြုထားပါတယ်။

နိုင်ငံတကာအကူအညီရပ်တန့်သွားချိန်မှာ ထိုင်းအစိုးရက ဒုက္ခသည်လူထုအတွက် အသစ်တဖန် မျှော်လင့်ချက်နဲ့ အခွင့်အလမ်း‌ ပံ့ပိုးပေးတာကိုလည်း ကျေးဇူးတင်ကြောင်း IEC က ပြောပါတယ်။

နိုင်ငံတကာ အကူအညီရပ်တန့်ပြီးနောက် နယ်စပ်ဒေသက ကရင်နီဒုက္ခသည်အပါအဝင် ဒုက္ခသည်စခန်း ၉ ခုရှိ မြန်မာ့ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင်အလုပ် လုပ်ကိုင်ခွင့်ကို သြဂုတ်လ၂၅ ရက်နေ့မှာ အတည်ပြုလိုက်တာပါ။

ကရင်နီဒုက္ခသည်လူထုတွေကတော့ စားဝတ်နေရေးစရိတ်အတွက် နီးစပ်ရာမှာ အလုပ်တွေ တရားမဝင်ထွက်လုပ်ခဲ့ကြရတာကြောင့် ထိုင်းအစိုးရရဲ့ ဒုက္ခသည်အ‌ရေး မူဝါဒအသစ်ပေါ် မျှော်လင့်ချက်တွေရှိလာကြတယ်လို့လည်း ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

“တရားဝင်သွားလို့ရပြီဆိုရင် စားဝတ်နေရေးအတွက် ပူပန်ရတာ နည်းနည်းသက်သာလာမှာပေါ့။ အလုပ်ပေါ်မှာလည်း မူတည်အုံးမယ်လေး။ အလုပ်က ဝင်ငွေကောင်းရရင်တော့ အများကြီးပြောင်းလဲနိုင်မယ် ကျောင်းစရိတ်ကစပေါ့” လို့ သူက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် တလျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး ကရင်နီလူထုတွေနေထိုင်တဲ့ စခန်း နှစ်ခု ပါဝင်ပါတယ်။

အခုလိုထိုင်းအစိုးရက တရားဝင်အလုပ် လုပ်ကိုင်ခွင့်ပေးတာကလည်း နှစ်ပေါင်း ၄၁ နှစ်အတွင်း စတင်လာတဲ့ ဒုက္ခသည်အရေးရဲ့ အရွေ့တစ်ခုဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောကြပါတယ်။

spot_img

Recent posts