spot_imgspot_imgspot_imgspot_img
Saturday, August 2, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုက စစ်ရှောင်တခုမှာ ၁၀ ရက်သား အမွှာနှစ်ဦး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတခုမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ၁၀ ရက်သား အမွှာသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

မာရိယာနဲ့ မာတလေးနာလို့ အမည်ရတဲ့ အမွှာသမီးနှစ်ဦးက လမစေ့ပဲမွေးဖွားခဲ့တာဖြစ်ပြီး ဆေးရုံအတွင်း ဓာတ်ကင်နေရင်း သေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူ ဒေါ်အေလိဇဘက် က ပြောပါတယ်။

“ကိုယ့်ကလေး နှစ်ယောက်တောင်မှ ရှိတယ်ဆို‌တော့ နို့ နဲနဲလေးတောင်မသောက်ခဲ့ရဘူးဆို ကိုယ်ကတော့ ခံစားရတယ် ဆေးရုံမှာနေတုန်းကဆို။ အိမ်ရောက်တော့ကျတော့ သူတို့မတွေ့ရလေလေ နို့မတိုက်လိုက်ရတဲ့ အကြောင်းကို တွေးကြည့်ကြည့် တအားသနားဖို့ကောင်းတယ်” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း မိခင်က ကျန်းမာပေမဲ့ သန္ဓေသားက ၂၉ ပတ်နဲ့ မွေးဖွားလာတာကြောင့် အသက်ရှင်နိုင်ချေနည်းကြောင်းကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပြထားပြီးသားဖြစ်တယ်လို့ ဒေါ်အေလိဇဘက် က ပြောပါတယ်။

“ကလေးထွက်လာပြီး တစ်ယောက်ကထွက်ပြီ။ နောက်တစ်ယောက်က ထပ်ထွက်တဲ့အချိန်မှာ အချင်းက ကလေးအချင်းက တက်သွားတော့။ အချင်းကပ်နေတော့ အချင်းဆက်ကပ်နေမယ်ဆို မိခင်က ဆုံးရှုံးနိုင်တယ်ပေါ့နော။ သွေးကလည်းလိုတယ်။ ” လို့ မိခင်ဖြစ်သူက သူမ ရဲ့ ဖြစ်စဉ် ပြန်ပြောင်းပြောပြပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်နှစ်ဦးကို ရိုးရာအစဥ်အလာအတိုင်း မြှုပ်နှံခဲ့ပြီး ဖြစ်တယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ကရင်နီပြည်မှာ အာဏာသိမ်း ၄ နှစ်အတွင်း အာဟာရမမျှတမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ပျက်ကျမှု၊ သန္ဓေသားသေဆုံးမှု၊ လသားကလေးငယ်၊ ရက်သား ကလေးငယ်သေဆုံးတာတွေလဲ မကြာခန ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

တော်လှန်ရေးထိန်းချုပ်နယ်မြေမှာရှိတဲ့ အိုဝမ်း ဆေးရုံမှာတော့ ၂၀၂၅ ပထမနှစ်ဝက်အတွင်း သန္ဓေသား အသေမွေးသူ တစ်ဦး၊ မွေးဖွားပြီး ၂၈ ရက်အတွင်းသေဆုံးသူ သုံးဦး ရှိခဲ့တယ်လို့ ဆေးရုံရဲ့ ဇူလိုင်လ ၁၂ ရက်နေ့ အစီရင်ခံစာအရ သိရပါတယ်။

spot_img

Recent posts