spot_imgspot_imgspot_imgspot_img
Friday, September 19, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှာ ၉ တန်း ကျောင်းသူ နှစ်ဦး ရေနစ် သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ စက်တင်ဘာလ ၁၅ ရက်နေ့၊ နေ့လည်ပိုင်း ၂ နာရီကျော်အချိန်မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက ကျေးရွာတရွာရဲ့ ရေကန်တစ်ခုမှာ ရေဆင်းချိုးတဲ့ ၉ တန်းကျောင်းသူ (၂) ဦး ရေနစ် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း ( မ် ) ကိုပြောပါတယ်။

“ရေသွားချိုးကြတာ။ အစက ရေ မနက်တဲ့ နေရာမှာ သူတို့ချိုးတာ အဲ့ဒါ လူတွေ များလာတော့ ဟိုဘက် သွားချိုးမယ်ဆိုပြီး သူတို့သွားတော့ ရေနက်မှန်းလည်း မသိဘူးပေါ့ အဲ့ဒါနဲ့ ရေနစ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရေနစ်သေဆုံးသူနှစ်ဦးကတော့ ၉ တန်းကျောင်းသူတွေဖြစ်ကြတဲ့ အသက် ၁၆ နှစ်အရွယ် တစ်ဦးနဲ့ ၁၅ နှစ်အရွယ် တစ်ဦးတို့ဖြစ်ကြပါတယ်။

ရေနစ်တဲ့ဖြစ်စဉ်ကို မြင်တွေ့ပြီး အနီးအနားကသူတွေကို အကူအညီတောင်းခံပေမယ့် အချိန်မမှီတော့ဘဲ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့မှာလည်း အသက် ၉ နှစ်အရွယ် စစ်ဘေးရှောင်ကလေးတစ်ဦး ဒီးမော့ဆိုအနောက်ခြမ်း တစ်နေရာက ရေကန်မှာ ရေဆော့ကစားရာနေ မတော်တဆ ရေနစ်သေဆုံးမှု ဖြစ်စဉ် ရှိခဲ့ပါတယ်။

spot_img

Recent posts