spot_imgspot_imgspot_imgspot_img
Friday, May 2, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ တံခွန်တိုင်သမိုင်းကြောင်းနဲ့ ရိုးရာဝတ်စားဆင်ယင်မှု အကြောင်းကို ၃ရက်တာ သင်တန်းပို့ချပေး

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာမှာ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းတဲ့အနေနဲ့ တံခွန်တိုင် သမိုင်းကြောင်းနဲ့ ယင်းဘော်လူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှု အကြောင်းကို ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ၃ရက်တာ သင်ကြားပို့ချပေးခဲ့ပါတယ်။

” လက်ရှိ တက်လာတဲ့ လူငယ်တွေ၊ ကလေးတွေက ရိုးရာအပိုင်းတွေနဲ့ပတ်သက်လာရင် သိပ်မသိတော့တဲ့သူတွေ အများကြီး ရှိတယ်ပေါ့နော်။ သင်ပေးမှုလည်း အရင်ကဆို မရှိခဲ့ဘူးပေါ့။ အဲ့ကြောင့် ကျနော်တို့ သင်တန်း လုပ်ရခြင်းဖြစ်တယ်။” လို့ သင်တန်းဆရာ တစ်ဦးက ပြောပါတယ်။

သင်တန်းမှာ တံခွန်တိုင် သမိုင်းကြောင်း စတင်ဖြစ်‌ပေါ်လာပုံ ၊ တံခွန်တိုင်ရဲ့ အစိတ်အပိုင်း အခေါ်အဝေါ်‌၊ ကြက်ရိုးထိုးရတဲ့ ရည်ရွယ်ချက်၊ ယင်းဘော်လူမျိုးစုတွေရဲ့ဆင်းသက်လာပုံ၊ ရိုးရာဝတ်စားဆင်ယင်ပုံတွေကို ပို့ချ သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

” အဓိကကတော့ ကိုယ်ရဲ့ ရပ်ရွာထဲမှာ ကိုယ်က ပြန်ပြီးမျှဝေချင်တယ်။ ကိုယ့်ရဲ့တံခွန်တိုင်၊ ကိုယ့်ရဲ့ရိုးရာကို ထိန်းသိမ်းချင်တဲ့အတွက်ကြောင့်မို့ပေါ့” လို့ တက်ရောက်လာတဲ့ သင်တန်းသူတစ်ဦးက ပြောပါတယ်။

၃ ရက်တာ ဖွင့်လှစ်ခဲ့တဲ့ အဆိုပါသင်တန်းကို စစ်ဘေးရှောင်နဲ့ ကျေးရွာခံ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပါတယ်။

spot_img
spot_img
spot_img

Recent posts