spot_imgspot_imgspot_imgspot_img
Friday, July 25, 2025
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ဆောင်ဒူလာစစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာပြတ်လပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ဆောင်ဒူလာ စစ်ရှောင်စခန်းမှာ အလှူရှင်နည်းပါးတာကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသလို လက်ရှိမှာ နီးစပ်ရာ ဆွေမျိုး၊ ဒေသခံတွေဆီကနေ ဆန်ချေးငှားပြီး စားသောက်နေကြရသူတွေ များပြားတယ်လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

“ဒီ ရိက္ခာ ပြတ်လပ်တာတော့ရှိတာပေါ့နော် ဒီ စခန်း တော်တော်များများ။ တချို့က အလှူရှင်လဲ နည်းပါးတဲ့ ခါကျတော့ ဆန်တွေဘာတွေ ချေးငှားပြီးတော့မှ စားသောက်ကြရတဲ့ စခန်းတွေ ရှိတာပေါ့နော်။ အထူးသဖြင့် ဆန် ဆီ ဆား။ အဓိက အခြေခံ စားနပ်ရိက္ခာတွေ ပြတ်တောက်တာများတယ် တစ်ယောက်နဲ့တစ်ယောက် ချေးငှားပြီးတော့မှ စားသောက်ရတာရှိတာပေါ့။“ လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်စခန်းတွေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ စားနပ်ရိက္ခာဖြန့်ဝေပေးတာရှိသလို စစ်ရှောင်စခန်းကော်မတီတွေနဲ့ ချိတ်ဆက်ပြီး ဖြန့်ဝေဆောင်ရွက်တာရှိတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းအများစုဟာ ပြန့်ကျဲနေထိုင်ကြပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာလည်းရှိတာကြောင့် သယ်ယူပို့ဆောင်ရေးမှာ ခက်ခဲမှုနဲ့ ကြန့်ကြာမှုရှိတယ်လို့ IEC အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

“သွားလာရတာခက်လာတယ် အဲ့ဒီလိုမျိုး Communication(ဆက်သွယ်ရေး) ပြဿနာတွေ Transportation(သယ်ယူပို့ဆောင်ရေး) ပြဿနာတွေ ပြီးတော့ ပြန့်ကျဲပြီး အများဖြစ်နေတဲ့ ပြဿနာတွေကြောင့် တချို့ ကလဲ ကျနော်တို့ IEC ကို တိုက်ရိုက် ချိတ်ဆက်တာ ခက်ခဲနိုင်ပါတယ်”လို့ ဦးဗညားက ပြောပါတယ်။

အဆိုပါ စားနပ်ရိက္ခာပြတ်လပ်နေတဲ့ စစ်ရှောင်စခန်းမှာ အလှူရှင်မရောက်ရှိတာ လပိုင်းရှိနေပြီလို့ စစ်ရှောင်တွေက ပြောပါတယ်။ အိမ်ထောင်စု ၁၄၄ အိမ်ရှိနေပြီး လူဦးရေ စုစုပေါင်း ၃၀၀ ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။

spot_img

Recent posts