spot_imgspot_imgspot_imgspot_img
Thursday, July 10, 2025
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ မိသားစုဝင် (၃) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိဟု ကနဦးသိရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိသားစုဝင် (၃)ဦးသေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ယမန်နေ့ ဇူလိုင်လ ၇ ရက်နေ့ ည ၁၁ နာရီမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီး ကနဦး သိရတဲ့ အချက်အလက်တွေအရ သေဆုံးသူ မိသားစု (၃) ဦးမှာ အမျိုးသမီး (၂)ဦးနဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

“သေဆုံးခဲ့သူ မိသားစုဝင် (၃)ဦးက အသက် ၃ နှစ်ကျော် အမျိုသမီးငယ် တစ်ဦး၊ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦး နဲ့ အသက်၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်တယ်။” လို့ဒေသခံတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရှိသူ၂ဦးထဲမှာ အသက် ၃၀ အရွယ် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးလည်းပါဝင်သလို အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးလည်း ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကြဲသွားတဲ့နေရာမှာ ၃ဦး ပွဲချင်းပြီးသေသွားတယ်။ မိသားစုတွေပေါ့။ ထိခိုက်သူက ၅ ဦးထိခိုက်သွားတယ်။”လို့ စစ်ရှောင်ကူညီဆောင်ရွက်သူ တစ်ဦးကဆိုပါတယ်။

ပြည်သူ ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး တိုးတက်သော တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF ) အဖွဲ့အပြင် အခြားသော စစ်ရှောင်ကူညီဆောင်ရွက်သူအချို့လည်း သူတို့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာမှာ ပြည်သူ ၃ ဦး သေဆုံးပြီ ၂ဦးထိခိုက်ဒဏ်ရရှိတယ်လို့ ကနဦးသိရှိကြောင်းကိုလည်း ဖော်ပြထားကြတာရှိပါတယ်။

spot_img

Recent posts