spot_imgspot_imgspot_imgspot_img
Thursday, August 28, 2025
spot_imgspot_imgspot_imgspot_img

ဖရူဆိုဖက်ကို ဦးတည်ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုဖက်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က အထိနာထားတယ်လို့ သိရပါတယ်။

ယမန်နေ့ ဩဂုတ်လ (၂၅ ) ရက်နေ့မှာ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖက်က အထိနာထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တစ်ခုက အခုလို ပြောပါတယ်။

“ဒီးမော့ဆိုဖက်ကတော့ ငွေတောင်ရွာသစ်ရယ်၊ ကဒါးလား ရယ်က စစ်ကောင်စီတွေ အကုန်ရောက်နေပြီ။ ဒါပေမယ့် ငွေတောင်ရွာသစ်ဖက်မှာတော့ စစ်ကောင်စီဖက်တော့ တော်တော် အထိနာသွားတယ်” လို့ ရှေ့တန်းသတင်းရစ်မြစ် က ပြောပါတယ်။

ယမန်နေ့ ဩဂုတ်လ (၂၅) ရက်နေ့မှာလည်း ဖရူဆို အခြေစိုက်တပ်ရင်းတွေကနေပြီး စစ်မျက်နှာပြင် ပြတာတွေ ပြုလုပ်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ် တစ်ခုက အခုလို ပြောပါတယ်။

“ဖရူဆိုမှာရှိတဲ့ ခလရ (၄၂၈)၊ ခမရ(၅၃၁) ၊ အမှတ် (၁၄) တို့ ပူးပေါင်းပြီးတော့မှ ထွက်လာမျိုးတွေဖြစ်တယ်” လို့ အဆိုပါ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကော်မရှင်ဟာ ဖရူဆိုမြို့နယ်မှာ အခြေ စိုက်ထားတဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း ၊ ခမရ(၅၃၁) ၊ ခလရ(၄၂၈) စတဲ့ တပ်ရင်းတွေဆီကိုလည်း ပြီးခဲ့တဲ့ လတွေမှာ လေကြောင်းနဲ့ ခဲယမ်း၊ ရိက္ခာပို့ဆောင်တာတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲကျင်းပ ပြုလုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်ဟာ ဒီးမော့ဆို – ဖရူဆို လမ်းမကြီးကို အပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

spot_img

Recent posts